Connect with us

Media

2023 Consumer Electronics Show (CES) တွင် မော်တော်ကားအနာဂတ်အတွက် တီထွင်ဆန်းသစ်မှုဆိုင်ရာအဖြေရှာမှုများကို Qualcomm ကြေညာ

ဝါရှင်တန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)

အမေရိကန် နည်းပညာကုမ္ပဏီကြီးဖြစ်သော Qualcomm က Snapdragon Ride Flex SoC (System-on-Chip) ကို ဇန်နဝါရီ ၄ ရက်က ကြေညာခဲ့သည်။ ယင်းစနစ်က ပထမဆုံး ဒစ်ဂျစ်တယ် ယာဉ်မောင်းအခန်းနှင့် အဆင့်မြင့်ယာဉ်မောင်း အကူအညီစနစ်များ (ADAS) ကို တစ်ပြိုင်နက် ပံ့ပိုးပေးနိုင်မည့် မော်တော်ကားလောက၏ ပထမဆုံး SoCs အုပ်စုဝင် ဖြစ်သည်။

Snapdragon Ride Flex SoC စနစ်သည် mixed-criticality လုပ်ဆောင်မှုများကို ပံ့ပိုးပေးပြီး ဟာ့ဒ်ဝဲ (hardware) တစ်ခုတည်း၌ ပူးတွဲဖော်ဆောင်နိုင်ရန် ဒစ်ဂျစ်တယ်ယာဉ်မောင်းအခန်း၊ ADAS နှင့် အလိုအလျောက်မောင်းနှင် (AD) နိုင်စွမ်းရှိခြင်းတို့ကို ခွင့်ပြုပေးထားခြင်းဖြစ်သည်။

ကုမ္ပဏီက ယင်းစနစ်ကို လာ့စ်ဗီးဂတ်စ်မြို့၌ ဇန်နဝါရီ ၅ ရက်မှ ၈ ရက်အထိ ကျင်းပလျက်ရှိသော 2023 Consumer Electronics Show (CES) ပြပွဲ၌ ကြေညာခဲ့ခြင်းဖြစ်သည်။

လျှပ်စစ်ကားများ (EVs) သည် CES 2023 ပြပွဲတွင် အဓိကအမျိုးအစားအဖြစ် ပါဝင်မည်ဖြစ်သည်။ ထို့ပြင် မော်တော်ယာဉ်အသစ်များကို ကြေညာခြင်းဖြင့် ပြပွဲပြသသူများအနေဖြင့် ကွန်ရက်ချိတ်ဆက်မှုဆိုင်ရာ တီထွင်ဆန်းသစ်မှုများ ထုတ်ဖော်သွားမည်ဖြစ်သလို မောင်းသူမဲ့ နည်းပညာသွင်ပြင်များအတွက် စက်ပစ္စည်းဆိုင်ရာ လေ့လာခြင်းနှင့် ဉာဏ်ရည်တု (AI) မြှင့်တင်သွားမည်ဖြစ်သည်။

မော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီကြီးများအပြင် မော်တော်ကားရောင်းချသူများကလည်း ကမ္ဘာ့အကြီးဆုံး နည်းပညာပြပွဲဖြစ်သည့် CES 2023 ၌ ပါဝင်ပြသလျက်ရှိပြီး နိုင်ငံနှင့် ဒေသပေါင်း ၁၇၀ ကျော်မှ ပါဝင်ပြသသူ ၃,၁၀၀ ကျော်ကို ဆွဲဆောင်လျက်ရှိသည်။ (Xinhua)

………………………………………………

(English Version)

Qualcomm announces innovative solutions for auto future at CES 2023
U.S. tech giant Qualcomm announced on Wednesday Snapdragon Ride Flex SoC (System-on-Chip), which is the automotive industry’s first scalable family of SoCs to simultaneously support digital cockpit and advanced driver assistance systems (ADAS).

The Snapdragon Ride Flex SoC supports mixed-criticality workloads, allowing for digital cockpit, ADAS and automated driving (AD) capabilities to be co-implemented on the same hardware, according to Qualcomm.

The company announced the new portfolio on the media day of the 2023 Consumer Electronics Show (CES), which officially kicks off in Las Vegas on Thursday and runs through Sunday.

Electric vehicles (EVs) will be a major category at CES 2023. Besides announcing new vehicles, exhibitors will reveal innovations on connectivity, increased leveraging of machine learning and artificial intelligence (AI) for features like self-driving technology.
Apart from major carmakers, a number of automotive suppliers will have a presence at CES 2023, the world’s premier tech show, which draws over 3,100 exhibitors from 170 countries and regions.