ပေကျင်း၊ ဒီဇင်ဘာ ၃၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက ကြီးမားသောစီမံကိန်းများဆောင်ရွက်ခြင်းဆိုသည့်အဓိပ္ပါယ် ကို သက်သေပြသနိုင်ရန်အတွက် ကမ္ဘာ့အမြင့်ဆုံးတံတား၊ ကမ္ဘာ့အရှည်ဆုံး လူအင်အားသုံးတည်ဆောက်သည့်ပင်လယ်ဖြတ်ကူးတံတားနှင့် ကမ္ဘာ့အမြန်ဆုံးစူပါကွန်ပျူတာတီထွင်ထုတ်လုပ်မှုကဲ့သို့ စီမံကိန်းကြီးများကို အောင်မြင်အောင်ဆောင်ရွက်ခဲ့ပြီဖြစ်သည်။ ယခု video ထဲတွင် ၂ဝ၁၇ ခုနှစ်အတွင်း တရုတ်နိုင်ငံက တည်ဆောက်အကောင်အထည်ဖော်ခဲ့သည့် အံ့မခန်းအင်ဂျင်နီယာအတတ်ပညာဆိုင်ရာ စီမံကိန်းများ၊ အခြေခံအဆောက်အအုံများနှင့်သိပ္ပံနည်းကျ စီမံကိန်းများအကြောင်းကို စုစည်းတင်ပြခြင်းဖြစ်သည်။(Xinhua)
ပေကျင်း၊ ဇန်နဝါရီ ၁ ရက်(ဆင်ဟွာ) ၂၀၁၈ နှစ်သစ်အချိန်အခါသမယကို တစ်ကမ္ဘာလုံးက ပျော်ပွဲရွှင်ပွဲများကျင်းပကာပျော်ရွှင်ခဲ့ကြသည့်မြင်ကွင်းပုံရိပ်များကိုဆင်ဟွာသတင်းဌာနမှ ရိုက်ကူးတင်ဆက်ပါသည်။(Xinhua)
ပေကျင်း ၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က နှစ်သစ်ဆုမွန်ကောင်း စကားဆိုရာတွင် ၂ဝ၁၈ ခုနှစ်တွင် တရုတ်နိုင်ငံသည် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကတိပြုစကားဆိုခဲ့သည်။ “ ကျွန်တော်တို့ဟာ ပြုပြင်ပြောင်းလဲခြင်း နှစ် ၄ဝ ပြည့် အခါသမယ အခွင့်အခါကောင်းကို ဆုပ်ကိုင်ထားပြီး ၂ဝ၁၈ ခုနှစ်မှာ...
ပေကျင်း၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ဂုဏ်ပြုတပ်ဖွဲ့က မြို့တော် ပေကျင်းရှိ ထျန်းအန်းမင်ရင်ပြင်တွင် နိုင်ငံတော်အလံလွှင့်တင်ခြင်းနှင့် ဂုဏ်ပြုအမြောက်ပစ်ဖောက်ခြင်း အခမ်းအနားပြုလုပ်နေသည်ကို ဇန်နဝါရီလ ၁ ရက်က တွေ့ရစဉ် (Xinhua)
ပေကျင်း၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံပေကျင်းတွင် ပထမဆုံးအကြိမ်မောင်းသူမဲ့မြေအောက်ရထားပြေးဆွဲခဲ့ကြောင်းသိရသည်။အဆိုပါ ရန်ဖန်မြေအောက်ရထားလမ်းမှာ တရုတ်နိုင်ငံ၏ ပထမဆုံး ပြည်တွင်းဖြစ် အလိုအလျောက် မောင်းစနစ်ဖြင့်ပြေးဆွဲနိုင်သည့်မြေအောက် ရထားလမ်းဖြစ်ပြီး ၁၄ ဒသမ ၄ ကီလိုမီတာ ရှည်လျားသည်။ ထိုရထားကို ခရီးသွားပြည်သူ ၇သောင်း နေ့စဉ် အသုံးပြုနိုင်မည်ဖြစ်သည်။(Xinhua)
ကျိနန်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်း ကျိနန်တွင် နေရောင်ခြည်စွမ်းအင်သုံးဆိုလာပြားများနှင့် ၁ကီလိုမီတာခန့် ဖောက်လုပ် ထားသည့် အဝေးပြေးလမ်းကို စမ်းသပ်ဖွင့်လှစ်ထားကြောင်းသိရသည်။ လမ်းမျက်နှာပြင်ကို နေရောင်ခြည်၏ အလင်းရောင်ဖြင့် ဖောက်ထွင်းမြင်နိုင်အောင်ဆောင်ရွက်ထား သည့်အပြင် အလေးချိန်များကို ခံနိုင်ရည်ရှိစေရန်လည်းတီထွင်ထားသည်။ ဆိုလာပြားများဖြင့် စုစုပေါင်း စတုရန်းမီတာ ၅၈၇၅ ကို ခင်းကျင်းထားခြင်းဖြစ်ပြီး...