Connect with us

Media

တရုတ်နိုင်ငံ၏ ပထမဆုံး ကိုယ်တိုင်လည်ပတ်သော ၁,၅၀၀ မီတာရှိသည့် ရေနက်ပိုင်း ဓာတ်ငွေ့လုပ်ကွက် ထုတ်လုပ်ရေးစတင်

ပေကျင်း၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ပထမဆုံး ကိုယ်တိုင်လည်ပတ်သော မီတာ ၁,၅၀၀ ရေနက်ပိုင်း ဓာတ်ငွေ့လုပ်ကွက်ဖြစ်သော Deep Sea No.1 သည် ဇွန် ၂၅ ရက်၌ ထုတ်လုပ်မှုစတင်ပြီဖြစ်ကြောင်း တရုတ်အမျိုးသားကမ်းလွန်ရေနံကော်ပိုရေးရှင်း (CNOOC) ၏ ပြောကြားချက်အရ သိရသည်။

၎င်းမှာရေအောက်အနက် မီတာ ၁၅၀၀ တွင် တူးဖော်ထုတ်ယူနိုင်သည့် ကမ်းလွန်သဘာဝဓါတ်ငွေ့လုပ်ကွက် ဖြစ်ပြီး တရုတ်နိုင်ငံ ဟိုင်နန် ပြည်နယ် Sanya မြို့ နှင့် ကီလိုမီတာ ၁၅၀ အကွာတွင်တည်ရှိသည်။

CNOOC ၏ အဆိုအရ ရေနံနှင့်သဘာဝဓါတ်ငွေ့တူးဖော်ရေးတွင် ယခင်က မီတာ ၃၀၀ အနက် အထိသာ တူး‌ဖော်နိုင်ခဲ့ရာ ယခု လုပ်ကွက်မှာ တရုတ်နိုင်ငံ၏ ရေအောက်အနက်ဆုံးအထိ တူးဖော်နိုင်သည့် သဘာဝ ဓါတ်ငွေ့လုပ်ကွက်တစ်ခုဖြစ်လာခဲ့ကြောင်းဆိုသည်။

ယင်း သဘာဝဓါတ်ငွေ့လုပ်ကွက်ကို ၂၀၁၄ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့ပြီး တရုတ်နိုင်ငံ၏ အမျိုးသားစွမ်းအင်လိုအပ်ချက်ကိုဖူလုံစေမည့် ကြီးမားသော အမှတ်သင်္ကေတ တစ်ခုဖြစ်လာခဲ့သည့်အပြင် ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံ၏ စွမ်းအင်ကဏ္ဍ ကို ပိုမိုအားကောင်းလာစေကြောင်းသိရသည်။

အဆိုပါ သဘာဝဓါတ်ငွေ့ထုတ်လုပ်ရေးလုပ်ငန်းမှ ကွမ်တုန်း၊ ဟိုင်နန်နှင့်ဟောင်ကောင်သို့ နှစ်စဉ် သဘာဝဓါတ်ငွေ့ စုစုပေါင်း ၃ ဘီလီယံ ကုဗမီတာ ခန့်ထောက်ပံ့ပေးနိုင်မည်ဟု CNOOC ကဆိုသည်။ (Xinhua)
———————
GLOBALink | China’s first self-operated 1,500m deep-water gas field starts production
BEIJING, June 25 (Xinhua) — Deep Sea No.1, China’s first self-operated 1,500-meter deep-water gas field, started production on Friday, according to the China National Offshore Oil Corporation (CNOOC).
The gas field is located 150 km off Sanya in south China’s island province of Hainan.

The operation of the gas field marks the country’s capability of ultra deep-water drilling for oil and gas, compared with the 300-meter depth previously, said the CNOOC.

Production at the gas field, detected in 2014, is of great significance to ensuring national energy security, optimizing the country’s energy structure and promoting regional economic development, said the CNOOC.
It is expected to provide a total of 3 billion cubic meters of natural gas per year to Guangdong, Hainan and Hong Kong, according to the CNOOC.
Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.