Connect with us

Media

လက်ကိုင်ခွေ နှင့် ဘရိတ်အုံ စနစ် မပါသော မောင်းသူမဲ့ မီနီဘတ်စ်ကား နန်ကျင်း တွင် စမ်းသပ်ပြေးဆွဲ

နန်ကျင်း၊ ဇွန် ၂၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်းကျန်းစုပြည်နယ် နန်ကျင်းမြို့တွင် Robobus ဟု အမည်ပေးထားသည့် မောင်းသူမဲ့ မီနီဘတ်စ်ကားဝန်ဆောင်မှု စတင်ခဲ့ကြောင်းသိရသည်။ ၎င်းမီနီဘတ်စ် တွင် လက်ကိုင်ခွေ နှင့် ဘရိတ်အုံ စနစ်များလုံးဝ တပ်ဆင်ထားခြင်းမရှိဘဲ အလုံးစုံ အလိုအလျောက်စနစ်ဖြင့်မောင်းနှင်သွားလာနိုင်သည်။ ယင်းမီနီဘတ်စ်ကားတွင် ဆင်ဆာများစွာတပ်ဆင်ထားရာ ၂၅၀မီတာ အကွာအဝေးရှိ အရာဝတ္တုများအား ကြိုတင်အာရုံခံနိုင်စွမ်းရှိသောကြောင့် ရှောင်ရှားမောင်းနှင်နိုင်သည်။ လိုင်း ၆၄ ခုပါ ဆင်ဆာစနစ်များ၊HD ကင်မရာ  နှင့် မီလီမီတာ လှိုင်းနှုန်းများအား ရှာဖွေနိုင်သည့်ရေဒါစနစ်များကို ကားအတွင်းတပ်ဆင်ထားသည်။ စမ်းသပ်မောင်းနှင်မှုအောင်မြင်ပါက အများပြည်သူဝန်ဆောင်မှုလုပ်ငန်းတွင် ပြေးဆွဲရန် ထုတ်လုပ်သူများက ရည်ရွယ်ထားကြောင်းသိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.