Connect with us

Media

ငှက်မိသားစု လမ်းဖြတ်ကူးနိုင်ရန် ကူညီပေးခဲ့သည့် နှလုံးသားနွေးထွေးသော အမျိုးသား

ခက်လာမာရိ၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှင်းကျန်း(ဝေဂါ)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခက်လာမာရိမြို့ ဝူအယ်ဟယ်ခရိုင်တွင် ငှက်မိသားစု ဘေးကင်းစွာ လမ်းဖြတ်ကူးနိုင်ရန် အမျိုးသားတစ်ဦးက ကူညီပေးနေသည့် ဗီဒီယိုဖိုင်ဖြစ်ပါသည်။

မိခင်ငှက်မကြီးနှင့် ငှက်ပေါက်လေးများသည် လမ်းဆုံတွင်လမ်းဖြတ်ကူးရန် ကြိုးစားနေစဉ် ငှက်ပေါက်ကလေးတစ်ကောင်က ဖြတ်သန်းသွားလာနေသည့် ကားများကြောင့် နောက်တွင်ကျန်ရစ်ကာ အန္တရာယ်ကြုံတွေ့နေခဲ့သည်။ ထိုစဉ် ကြင်နာတတ်သော အမျိုးသားတစ်ဦး ရောက်ရှိလာကာ အဆိုပါ ငှက်ကလေးများကို ကူညီပေးခဲ့ခြင်း ဖြစ်သည်။

ခက်လာမာရိမြို့တွင် ဂေဟ-ပတ်ဝန်းကျင်တိုးတက်လျက်ရှိသည်ဖြစ်ရာ တောရိုင်းတိရစ္ဆာန်များသည် ယင်းမြို့ရှိ ပန်းဥယျာဉ်များ၏ အစိမ်းရောင်နယ်မြေများတွင် ပိုမိုအခြေချနေထိုင်လျက်ရှိသည်။ (Xinhua)

—————————
(English Version)
GLOBALink | Man escorts bird and her chicks across intersection
A man has helped escort a mother bird and her chicks safely across a traffic intersection in China’s Xinjiang Uygur Autonomous Region. #GLOBALink
Produced by Xinhua Global Service
Urho District of Karamay, China’s Xinjiang Uygur Autonomous Region
A mother bird and her chicks tried to cross intersection.
One of the chicks got left behind falling into danger as many cars passed by.
A warmedhearted man arrived to give the birds a hand.
As eco-enviroment in Karamay has improved, more and more wild animals are settling in green areas in the heart of the city’s parks.