Connect with us

Media

တရုတ်နိုင်ငံ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ရထားလမ်းသစ်တွင် ကျည်ဆန်ရထား စတင်ပြေးဆွဲ (ရုပ်သံ)

တိဗက်၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် မြို့တော် လားဆနှင့် လျင်ကျီးမြို့ကို ချိတ်ဆက်ထားသည့် ပထမဆုံး လျှပ်စစ်ရထားလမ်းကို ဇွန် ၂၅ ရက် မနက်ပိုင်းက ဖွင့်လှစ်ခဲ့ပြီး ကုန်းပြင်မြင့်ဒေသတွင် “Fuxing”ကျည်ဆန်ရထားများလည်း တရားဝင်စတင်ပြေးဆွဲလျက်ရှိသည်။

အဆိုပါရထားလမ်းသစ်သည် (၄၃၅)ကီလိုမီတာအရှည်ရှိပြီး တစ်နာရီလျှင် ကီလိုမီတာ(၁၆၀)နှုန်းဖြင့် ပြေးဆွဲနိုင်အောင် ဒီဇိုင်းရေးဆွဲတည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။

အသစ်ဖွင့်လှစ်သည့် ရထားလမ်းသည် တိဗက်ဒေသ အရှေ့တောင်ပိုင်းအတွက် သမိုင်းတစ်လျှောက် ပထမဆုံး ရထားဝန်ဆောင်မှုပေးစွမ်းနိုင်ခြင်းဖြစ်သည်။
အမြန်ဆုံးရထားအနေဖြင့် လားဆမှ ဆန်းနန်သို့ မိနစ်(၇၀)နှင့် လျင်ကျီးသို့ (၃.၅)နာရီဖြင့် ပြေးဆွဲနိုင်သည်။

ရထားလမ်းဆောက်လုပ်ရေးကို ၂၀၁၄ ခုနှစ်တွင် စတင်ခဲ့ပြီး ရထားလမ်းခင်းသည့်လုပ်ငန်းကို ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းတွင် ပြီးစီးခဲ့ခြင်းဖြစ်သည်။
လားဆ-လျင်ကျီး ရထားလမ်းသည် လားဆနှင့်ချိန်တူးကို ဆက်သွယ်ထားသည့် ဆောက်လုပ်ဆဲ စီချွမ်း-တိဗက် ရထားလမ်း၏အပိုင်းတစ်ခု ဖြစ်ကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
GLOBALink | Bullet train debuts on new railway in Tibet, China

The first electrified railway in southwest China’s Tibet Autonomous Region opened Friday morning, linking Lhasa, the regional capital, with the city of Nyingchi as “Fuxing” bullet trains enter official operation on the plateau region.
The new railway has a length of 435 km and a designed speed of 160 km per hour.
The newly opened railway has provided southeast Tibet with access to railway services for the first time in history.
The single-line electrified railway has a designed speed of 160 km per hour. The fastest trains can take passengers from Lhasa to Shannan in 70 minutes and to Nyingchi in 3.5 hours.
Coustruction of the railway started in 2014 and track-laying work was completed by the end of 2020. The Lhasa-Nyingchi railway is part of the under-construction Sichuan-Tibet Railway that will connect Lhasa and Chengdu.
Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.