ဝူဟန့်၊ ဇန်နဝါရီ ၃၁ ရက်(ဆင်ဟွာ) ဝူဟန့်မြို့တွင် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုကို ကာကွယ် ကုသရန် ဆေးရုံတွင် တာဝန်ကျနေသည့် အမျိုးသမီးဆရာဝန် တစ်ဦးက ၎င်း၏ ကလေးငယ် ကို ဗီဒီယို မှ တစ်ဆင့် မျက်ရည်များဖြင့် တွေ့ဆုံနှုတ်ဆက်နေသည့် ရုပ်သံဖိုင်ဖြစ်ပါသည်။ (Xinhua)
ပေကျင်း၊ဇန်နဝါရီ ၃၁ ရက်(ဆင်ဟွာ) နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် (2019-nCoV)ကူးစက်ခံရမှု ရှိမရှိကို စမ်းသပ်နိုင်သည့်ပစ္စည်းအား တရုတ်နိုင်ငံ အမျိုးသားဆေးဝါးပစ္စည်းကွပ်ကဲရေးဦးစီးဌာန (NMPA) ၏ အသိအမှတ်ပြုပစ္စည်းအဖြစ် ထုတ်ပြန်လိုက်သည်။ထိုပစ္စည်းကို ချန်းရှ အခြေစိုက် ဇီဝနည်းပညာ ကုမ္ပဏီတွင် ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး မိနစ် ၃၀ အတွင်း ရလဒ်ကို သိရှိနိုင်မည် ဖြစ်သည်။...
ဟူပေ၊ ဇန်နဝါရီ ၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဟူပေပြည်နယ် ရှိ ကုကျောက် အဝေးပြေးလမ်းမှာ ၁၀ကီလိုမီတာမက ရှည်လျားပြီး ထိုအဝေးပြေးလမ်းပိုင်း၏ ၄ ကီလိုမီတာခန့်မှာ မြစ်ပေါ်တွင် တည်ဆောက်ထားသည်။ မြစ်ကြောင်းတစ်လျှောက် အဝေးပြေးလမ်းပေါ်မှ သွားလာရသည့်ရှုခင်းမှာ အင်မတန်လှပသောကြောင့် ဝေဟင်မြင်ကွင်းအား ဆင်ဟွာသတင်းဌာနမှ သွားရောက်ရိုက်ကူးတင်ဆက်ထားပါသည်။ (Xinhua)