Connect with us

Media

ရှူဆေးအမျိုးအစား COVID-19ကာကွယ်ဆေး ထုတ်လုပ်ခွင့် တရုတ်လျှောက်ထား

ရှန်ဟိုင်း၊ ဇွန်၆ ရက် (ဆင်ဟွာ)

Chinese Academy of Engineering က ရှူဆေးပုံစံ COVID-19ကာကွယ်ဆေး ထုတ်လုပ်ခွင့်ကို တရုတ်အမျိုးသား ဆေးဝါးထုတ်ကုန်များကြီးကြပ်ရေးဌာန (China’s National Medical Products Administration ) သို့လျှောက်ထား ကြောင်းသိရသည်။

Chinese Academy of Engineering မှ ပညာရှင် Chen Wei က “ကျွန်မတို့အဖွဲ့က ကာကွယ်ဆေးကိုထုတ်လုပ်ခဲ့တာပါ။ ကျွန်မအမြဲပြောလေ့ရှိတဲ့စကားရှိပါတယ်၊ ကျွန်မတို့ဟာ အကြံဉာဏ်ကောင်းတွေရှိရမယ်လို့ပေါ့၊ ဒီ ရှူဆေးဟာဆိုရင် အအေးခန်းမှာထားသိုဖို့မလိုသလို တကူးတက သယ်ယူပို့ဆောင်ဖို့လည်းမလိုပါဘူး။

ကျွန်မတို့အခု သုံးနေတဲ့ကာကွယ်ဆေးတွေက ဆေးထိုးမှကာကွယ်မှု ရပါတယ်၊ တကယ်တော့ ကာကွယ်ဆေးဆိုတာ အခြားနည်းလမ်းတွေနဲ့လည်းကာကွယ်မှု ရသင့်ပါတယ်။ ဥပမာ ဆေးအရည်အစက်ချပုံစံ ဒါမှမဟုတ် ရှူသွင်းခြင်းပုံစံ နည်းလမ်းတွေနဲ့လည်းသုံးလို့ရသင့်တာပေါ့။ ကျွန်မတို့ ဟာ ပြီးခဲ့တဲ့နှစ်သြဂုတ်လက ဆေးထိုးစရာမလိုဘဲ အသုံးပြုနိုင်တဲ့ ကာကွယ်ဆေးတွေကို စမ်းသပ်ထားတဲ့ သုတေသနရလဒ်တွေကို အရင်ဆုံး ထုတ်ပြန်ခဲ့ပါတယ်၊ ပြီးခဲ့တဲ့ နှစ် စက်တင်ဘာ ၂၉ ရက်မှာ ကျွန်မတို့ ဝူဟန့်မြို့မှာ ဆေးဝါးစမ်းသပ်မှုကိုဆောင်ရွက်ခဲ့ပါတယ်။ ကာကွယ်ဆေးဟာထိုးဆေးမဟုတ်ပါဘူး တခါထဲ ရှူသွင်းလိုက်ရတာမျိုးပါ။ ရှုဆေးဟာ COVID-19 ကာကွယ်ဆေး ထိုးဆေးပမာဏရဲ့ ၅ ပုံ ၁ပုံပဲ လိုအပ်ပါတယ်။

ဒီတော့ ကျွန်မတို့လက်ရှိ အသုံးပြုနေတဲ့ကာကွယ်ဆေးဟာ လူသားတွေရဲ့ ခုခံအားမှာရှိတဲ့အသေးဆုံးဆဲလ်တွေနဲ့ ပဋိပစ္စည်းမပါဝင်တဲ့ခုခံအားစနစ် (humoral immunity and cellular immunity) ကို တိုက်ဖျက်နိုင်ပါတယ်။ ဆေးအရည်ကိုရှူသွင်းတဲ့ကာကွယ်ဆေးကတော့ ချွဲသလိပ်ဖြစ်ပေါ်မှုကို ကာကွယ်ပေးတဲ့ခုခံအားစနစ်(mucosal immunity) ကို အားကောင်းစေတာပါ။ ဒီခုခံအားစနစ် သုံးခုစလုံးကို COVID-19 ကာကွယ်ဆေးထုတ်လုပ်ရာမှာ မပါမဖြစ်ရရှိအောင်ထုတ်လုပ်ဖို့သတ်မှတ်ထားပါတယ်” ဟု ပြီးခဲ့သည့် ကြာသပတေးနေ့က ရှန်ဟိုင်းမြို့တွင် ပြုလုပ်ခဲ့သည့် Pujiang Innovation Forum တွင်ပြောကြားခဲ့ကြောင်းသိရသည်။ (Xinhua)

……………………………………………..

GLOBALink | Inhaled COVID-19 vaccine clinical application applied for in China
SHANGHAI, June 5 (Xinhua) — Clinical application of an inhaled COVID-19 vaccine has been applied for to China’s National Medical Products Administration, Chen Wei, an academician at the Chinese Academy of Engineering, said during a speech delivered at the Pujiang Innovation Forum in Shanghai on Thursday.

The inhaled vaccine only requires one-fifth of the amount of the injectable adenovirus vector COVID-19 vaccine and doesn’t need cold-chain storage and transport, Chen said.

Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.