ကျန်းကျားကျဲ၊ မေ ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအလယ်ပိုင်းကျန်းကျားကျဲရှိ ထျန်းမင်တောင်ကြားလမ်းမှာ တောင်စောင်းတစ်လျှောက် အကွေ့အကောက်ပေါင်း၉၉ ခုရှိကာ ကမ္ဘာ့ အန္တရာယ်အများဆုံးလမ်းတစ်ခုဖြစ်သည်။ မေလ ၃ ရက်နေ့တွင် တရုတ်နိုင်ငံသား ထိပ်တန်းစကိတ်အားကစားသမား တစ်ဦးဖြစ်သူ Qing Yunhui ဆိုသူက လမ်းအရှည် ၁၁ ကီလိုမီတာနီးပါးရှိပြီး အကွေ့အကောက်ပေါင်း ၉၉ ခု...
စီချန်၊ မေ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် “APSTAR-6C” အမည်ရှိ ဆက်သွယ်ရေးဂြိုလ်တုသစ် အား နိုင်ငံ အနောက်တောင်ပိုင်း စီချန်ဂြိုလ်တုလွှတ်တင်ရေးစင်တာ မှ မေ ၄ ရက် နံနက် ၁၂း၀၆ နာရီ တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။
ဟာဘင်၊ မေ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သည် ဆိုက်ဘေးရီးယားနိုင်ငံ နှင့် ကပ်လျက် အရှေ့မြောက်ပိုင်း ဧရိယာ၌ ၎င်း၏ အရှည်ဆုံး မြန်နှုန်းမြင့် ရထားလမ်းအား ဖွင့်လှစ်သွားရန် မျှော်လင့်ထားကြောင်း သိရသည်။ ၃၄၃ကီလိုမီတာအရှည်ရှိသော ရထားလမ်းသည် ဟေးလုံကျန်းပြည်နယ် မြို့တော် ဟာဘင်မြို့ နှင့် ကျားမုစစ်မြို့...
ဆစ်ဒနီ၊ မေ ၅ ရက်(ဆင်ဟွာ) နှစ်စဉ်ကျင်းပမြဲဖြစ်သည့် သြစတြေးလျနိုင်ငံ၏ အကြီးဆုံးလေကြောင်းပြပွဲကို ဆစ်ဒနီမြို့ တွင်ကျင်းပလျက်ရှိရာ တွင် ဧည့်ပရိသတ်များအားရင်သပ်ရှုမောဖွယ် လေကြောင်း ပြကွက်ဆန်းများပြသသွားသည့်မြင်ကွင်းအပြည့်အစုံကိုအောက်ပါလင့်လခ်မှတစ်ဆင့်ကြည့်ရှုနိုင်ကြပါသည်ဆစ်ဒနီ၊ မေ ၅ ရက်(ဆင်ဟွာ)
ပြုံယမ်း ၊ မေ ၄ ရက် (ဆင်ဟွာ) မြောက်ကိုရီးယား နိုင်ငံ အလုပ်သမားပါတီ ကော်မတီ ဥက္ကဋ္ဌ ၊ နိုင်ငံတော် ကောင်စီ ဥက္ကဋ္ဌ နှင့် နိုင်ငံတော် ထိပ်တန်း ခေါင်းဆောင် ကင်ဂျုံအန်း က မေလ ၃ ရက်နေ့တွင် ပါတီ ဗဟိုဌာနချုပ်သို့...
နယူးဒေလီ ၊ မေ ၄ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ မိုးလေဝသဌာနက လာမည့် ၄၈ နာရီအတွင်း အူထရာပရာဒက်ရှ်(Uttar Pradesh) နှင့် ရာဂျစတန်(Rajasthan) ပြည်နယ်များတွင် နောက်ထပ် အင်အားပြင်းမုန်းတိုင်ဒဏ် ခံစားရနိုင်ကြောင်း အသိပေးထားပြီး လက်ရှိအချိန်ထိ ယင်းပြည်နယ်နှစ်ခုတွင် မုန်တိုင်းကြောင့် လူပေါင်း ၁၁၂ ဦးထက်မနည်း အသက်သေဆုံးခဲ့ရပြီ...
ရီယိုဒီဂျနေရို၊ မေ ၃ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း Sao Paulo မြို့လယ်ခေါင် ရှိ စွန့်ပစ်ထားသော ၂၆ထပ် ရုံးအဆောက်အအုံဟောင်း တစ်ခု တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လက်ရှိရရှိထားသော စာရင်းများအရ လူပေါင်း ၄၉ ဦးအထိ ပျောက်ဆုံးနေကြောင်း ဒေသခံ အာဏာပိုင်များကပြောကြားခဲ့သည်။...
ဟေလုံကျန်း၊ မေ ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမြောက်ပိုင်းဟေလုံကျန်းဒေသတွင် ပြည်တွင်းဖြစ် ခရီးသည်တင်လေယာဉ် ARJ21 စတင်ပြေးဆွဲလျက်ရှိကြောင်းသိရသည်။ အဆိုပါဒေသမှာ အမြင့်ပိုင်းဒေသတွင်ကျရောက်သောကြောင့် ဆောင်းတွင်း၌ အပူချိန်မှာ အနုတ် ၃ဝ ဒီဂရီဆဲလ်စီးယပ်အောက်ကျသည်အထိ ရာသီဥတုပြင်းထန်သည်။ “ARJ21 လေယာဉ်က အရမ်းအေးတဲ့ ဒေသမှာ ပျံသန်းဖို့ စစ်ဆေးမှုတွေအောင်မြင်ထားပါတယ်။ လေယာဉ်လမ်းကြောင်းသစ် ပျံသန်းရာမှာ စိတ်ချရအောင်...
ရှီအန်း၊ မေ ၃ ရက်(ဆင်ဟွာ) ရှေးဟောင်းမြို့တော်ရှီအန်းတွင် ကောင်းကင်ပြင်၌ ဒရုန်းပေါင်း ၁၃၇၄ စင်းက ၁၃ မိနစ်ကြာ မီးအလှပြပျံသန်းကာ ဂင်းနစ်စံချိန်တင်နိုင်ခဲ့ကြောင်းသိရသည်။ ဒရုန်းပေါင်း ၁၃၇၄ စင်းမှာ ရှေးဟောင်းမြို့တော်ရှီအန်း ၏ နံရံအမြင့်ကို ကိုယ်စားပြုထားခြင်းဖြစ်ပြီး ၎င်းမှာ မောင်းသူမဲ့ယာဉ်ပျံများကောင်းကင်တွင် တစ်စုတစ်စည်းတည်းအများဆုံးစံပုံဖော်နိုင်သည့် ဂင်းနစ်စံချိန်မှတ်တမ်းဝင်ခဲ့သည်။ ရှီအန်းမြို့မှာ ရှေးခေတ်ပိုးလမ်းမကြီးအစပျိုးဖော်ဆောင်ရာမြို့တစ်မြို့လည်း...
ရှန်ဟိုင်း၊ မေ ၂ ရက်(ဆင်ဟွာ) ရှန်ဟိုင်းမြေအောက်ရထားလမ်းပိုင်းသစ် ကို အဆင့်မြင့်ရထားလမ်းထပ်ပိုးလွှာခင်းစက်အသုံးပြုကာ ရထားလမ်းများမြန်ဆန်စွာဖောက်လုပ်ပြီးစီးတော့မည်ဖြစ်သည်။ အဆင့်မြင့်ရထားလမ်းထပ်ပိုးလွှာခင်းစက် တွင် တာရာ ၄စုံတပ်ဆင်ထားပြီး လမ်း၏မျက်နှာပြင်တိုင်းတွင် ထပ်ခင်းနိုင်အောင် ပြုလုပ်ထားခြင်းဖြစ်သည်။ မြေအောက်ရထားလမ်းများကိုဖောက်လုပ်ရာတွင်လည်း ဥမင်လိုဏ်ခေါင်းအတွင်းအလွယ်တကူလှုပ်ရှား သွားလာနိုင်သည်။ ယခင်အသုံးပြုသည့်ထပ်ပိုးလွှာခင်းစက်မှာ တစ်ရက်လျင် ၃၃.၉ မီတာ အရှည်ခင်းနိုင်ပြီးယခု အသစ်မွမ်းမံထားသည့်စက်မှာ တစ်ရက်လျင်မီတာ ၅ဝ...