Connect with us

Videos

စက်ရုပ် နှင့် drone များကို စိတ်ဖြင့် စေခိုင်းနိုင်မည့်နည်းပညာစမ်းသပ်

ထျန်းကျင်း၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) ဘာသာပြန် နှင့် ရုပ်သံတည်းဖြတ်/စုဝင့်

တရုတ်နိုင်ငံမြောက်ပိုင်း ထျန်းကျင်း တက္ကသိုလ်မှ သုတေသီများသည် လူ့ကိုယ်ခန္ဓာစိတ်က ဖြစ်စေချင်သည့်အရာကို ဦးနှောက်အာရုံကြောများမှတစ်ဆင့် ကွန်ပျူတာသို့ ပို့လွှတ်ထိန်းချုပ်ကာ လုပ်ဆောင်နိုင်မည့် နည်းပညာ (BCI) နှင့် အသုံးပြုနိုင်မည့် အပလီကေးရှင်းများကို ထုတ်လုပ်နေကြပြီဖြစ်သည်။

BCI နည်းပညာ က Drone များနှင့် စက်ရုပ်များအား ခိုင်းစေလိုသူက မည်သည့်စကားမှ ဆိုစရာမလို မည်သည့်လှုပ်ရှားမှုမှ ပြုလုပ်စရာမလိုဘဲ စိတ်ဖြင့်သာ ခိုင်းစေနိုင်ရန်တီထွင်ထုတ်လုပ်ထားသည့် နည်းပညာလည်းဖြစ်သည်။
စိတ် ဖြင့် မောင်းနှင်နိုင်သည့် drone ၌ ပျံတက်ခြင်း၊ ဆင်းသက်ခြင်းနှင့် ပျံဝဲခြင်း တို့ ပါဝင်မည့် ခိုင်းစေချက် ၁၂ မျိုး ထည့်သွင်းထားကြောင်း သိရသည်။

ထျန်းကျင်းတက္ကသိုလ် ဓါတ်ခွဲခန်းတစ်ခုတွင် သုတေသီတစ်ဦးက ၎င်း၏ အသိစိတ်ကို စက်ရုပ်ထံ ပို့ဆောင်နိုင်သည့် ဦးနှောက်အာရုံခံ ကိရိယာများပါဝင်သည့် ဦးထုတ်ကို ဆောင်းထားသည်။
စက်ရုပ် “ကျွန်တော့်ရဲ့ ညာဘက်လက်ကို မြောက်လိုက်ပြီ”
၂၀၁၆ ခုနှစ်တွင် ထျန်းကျင်းတက္ကသိုလ်၏ BCI နည်းပညာကို တရုတ်နိုင်ငံ၏ ထျန်ကုန်း 2 အာကာသ ဓါတ်ခွဲခန်း၌ အသုံးပြုခဲ့ပြီး အာကာသ စူးစမ်းလေ့လာမှုဆိုင်ရာ စပ်သပ်မှုများစွာကိုဆောင်ရွက်နိုင်ခဲ့သည်။
စက်ရုပ် “ကျွန်တော် လှုပ်ရှားမှုပုံစံ ၁ အတိုင်း လမ်းလျှောက်နေပါပြီ ”
အာကာသ ပညာရှင်များက BCI နည်းပညာကို အသုံးပြုကာ ၎င်းတို့၏ စိတ်ဖြင့် စက်ရုပ်များအား ထိန်းချုပ်ကာ အာကာသ စူးစမ်းလေ့လာရေးနှင့် နည်းပညာထိန်းသိမ်းမှုများကို ပြုလုပ်နိုင်ခဲ့သည်။
BCI နည်းပညာကို အနာဂတ်တွင် ဆေးဘက်ဆိုင်ရာ ကုသမှုများ၊ ပညာရေးနှင့် ဂိမ်းကစားခြင်းများ၌ပါ အသုံးပြုလာနိုင်မည်ဟုသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.