Connect with us

Videos

ဂင်းနစ်စံချိန် ၈ ခု အထိ ချိုးဖျက်ထားနိုင်ခဲ့သည့်တရုတ်လူမျိုး ကမ္ဘာ့လက်အမြန်ဆုံးလူသား

ရှီအန်း၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) ဘာသာပြန် နှင့် ရုပ်သံတည်းဖြတ်/စုဝင့်

အသက် ၂၉ နှစ်အရွယ် Xia Yan ဆိုသူ သည် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ်မှ ဖြစ်ပြီး အချိန် နှင့် ယှဉ်ကာ မြန်ဆန်မှုကိုစိန်ခေါ်နိုင်သူတစ်ဦးလည်းဖြစ်သည်။လက်ရှိတွင် ဂင်းနစ်စံချိန် ၈ ခု အထိ ချိုးဖျက်ထားနိုင်ခဲ့ပြီး ၎င်းက ထပ်မံ ကြိုးစားသွားလိုသည်ဟုဆိုသည်။

သူက “ ကမ္ဘာ့စံချိန်တွေကို စိန်ခေါ်ပြီး ချိုးရတာ ကို ကျွန်တော်ပျော်တယ် ၊ ဒီလို မျိုး လက်ကို မြန်ဆန်အောင်လှုပ်ရှားနိုင်ဖို့အတွက် လျှို့ဝှက်ချက်ရယ်လို့မရှိပါဘူး၊ အောင်မြင်မှုအတွက်လိုအပ်တာကတော့ ခက်ခက်ခဲခဲ လေ့ကျင့်မှုတွေ များများလုပ်ရမှာနဲ့ မှန်ကန်တဲ့ နည်းလမ်းတွေ အသုံးပြုဖို့ပဲလိုပါတယ် “ ဟုဆိုသည်။

Xiaဟာ ဝါသနာနှင့် ကိုက်ညီတဲ့ လုပ်ငန်းတစ်ခုကို ထူထောင်ထားသည်။  ရောင်စုံ အံစာတုံးလေးများကို လျှင်မြန်စွာရွှေ့ခြင်း အပါအဝင် လက်ကျွမ်းကျင်မှုလေ့ကျင့်ခန်းများကို သင်ကြားပေးသည့် သင်တန်းဖွင့်လှစ်ထားပြီးကျောင်းသားပေါင်း ၃၀၀၀ ကျော်တက်ရောက်လျက်ရှိသည်။ ထို့အပြင် ရှီအန်းနှင့်အခြားမြို့များရှိ မူလတန်းနှင့် အလယ်တန်းကျောင်းသားလေးများအတွက် အခမဲ့ သင်တန်းများကိုလည်းသင်ကြားခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.