Connect with us

Videos

ခြေထောက်ဖြင့် ဝတ္တုရှည်တစ်ပုဒ်ရေးသားခဲ့သည့် အာရုံကြောဝေဒနာရှင်

ဟာဘင်၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ဟေလုံကျန်းပြည်နယ် ဟာဘင်ရှိ အသက် ၅၃ နှစ်အရွယ်ရှိပြီဖြစ်သည့် Zhao Dongmei ဆိုသူမှာ သူမ အသက် ၅ နှစ်ကတည်းက အာရုံကြောကစဉ့်ကလျားရောဂါ ခံစားနေရသူဖြစ်သည်။ အဆိုပါရောဂါကြောင့် သူမမှာ ခြေထောက်တစ်မျိုးတည်းသာလွတ်လပ်စွာလှုပ်ရှားနိုင်သူလဲဖြစ်သည်။ ထိုသို့ ခြေထောက်တစ်မျိုးတည်းသာလှုပ်ရှားနိုင်သူဖြစ်သော်လည်း သူမမှာ ကဗျာများ၊ ဝတ္တုများကို ထိုခြေထောက်ဖြင့် ရေးသားနိုင်သည်။ သူမသည် စကားလုံးပေါင်း ၂ သိန်းပါဝင်သည့် ဝတ္တုရှည်တစ်ပုဒ်အားအချိန် ၄ နှစ်ယူကာ ခြေထောက်ဖြင့် စာရိုက်ရေးသားခဲ့သူဖြစ်သည်။ အဆိုပါ ဝတ္တုမှာ သူမနှင့် ခင်ပွန်းသည်တို့၏ အချစ်ဇာတ်လမ်း အကြောင်းရေးဖွဲ့ထားခြင်းလည်းဖြစ်သည်။ သူမတို့ ၂ ဦးလက်ထပ်ခဲ့သည်မှာ ၁၁ နှစ်တိုင်ခဲ့ပြီဟုလည်း သိရသည်။ သူမခင်ပွန်းက သူမတွင် ခွန်အားနှင့်အလှအပအပြည့်အဝရှိကြောင်း၊ သူမ၏ စာအုပ်ရေးသား ထုတ်ဝေမှု ကြောင့် ဘဝတူ မသန်စွမ်းသူများ ၏ စိုးရိမ်မှု အားငယ်မှုတို့ကို လျှော့ပါးသွားစေကြောင်း ၊ သူမကို ကူညီပေးပြီးဘဝကို သူမနှင့်အတူ ချစ်ခင်ပျော်ရွှင်စွာ နေထိုင်သွားလိုကြောင်းပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.