Connect with us

Videos

“တရုတ်စာပေပေါင်းကူးတံတား ” ပြိုင်ပွဲ က နှစ်နိုင်ငံချစ်ကြည်ရေးကိုတိုးမြင့်

ရန်ကုန် ၊ ဇွန် ၄ ရက် (ဆင်ဟွာ)

၂၀၁၈ ခုနှစ် ရန်ကုန် ဒေသ “တရုတ် စာပေ ပေါင်းကူးတံတား” နောက်ဆုံးအဆင့် ပြိုင်ပွဲ ကို ဇွန်လ ၃ ရက်နေ့ နေ့လယ်ပိုင်း အချိန်က ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ တရုတ်ယဉ်ကျေးမှု စင်တာတွင် ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး ယဉ်ကျေးမှု သံမှူး ထျန်ဆန့်ထင် ၊တရုတ် နိုင်ငံ သံရုံး သက်ဆိုင်ရာ တာဝန်ရှိသူများ ၊ တရုတ်စာပေ သင်တန်းကျောင်း မှ ကိုယ်စားလှယ်များ ၊ အကဲခတ် အမှတ်ပေးဒိုင်များ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲကို တက္ကသိုလ်အဆင့်လက်ရွေးစင် ၆ ဦး ၊ အထက်တန်းကျောင်းအဆင့် လက်ရွေးစင် ၆ ဦး အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲတွင် ကျောင်းသား/သူတို့က ၎င်းတို့၏ တရုတ်ဘာသာစကား ကျွမ်းကျင်မှုစွမ်းရည်၊ တရုတ်ရိုးရာ အနုပညာစွမ်းရည် တို့ကို ထုတ်ဖော်ပြသခဲ့ကြရာ တက္ကသိုလ်အဆင့် ပြိုင်ပွဲ၏ပထမဆုကို မောင်အောင်ကျော်စိုး(Tao Xinfu) က လည်းကောင်း၊ အထက်တန်းကျောင်းအဆင့်ပြိုင်ပွဲ၏ ပထမဆုကို မောင်ဝင်းမျိုးထက်(Yang Zhenzhen)ကလည်း အသီးသီးဆွတ်ခူးခဲ့သည်။

“တရုတ်စာပေ ပေါင်းကူးတံတား” ပြိုင်ပွဲသည် နိုင်ငံအသီးသီးရှိလူငယ်လူရွယ်ကျောင်းသား/သူများ တရုတ်စာသင်ယူလိုစိတ်ပွားများလာအောင်၊ ကမ္ဘာက တရုတ်ဘာသာစကားနှင့်တရုတ်ယဉ်ကျေးမှုကို ပိုမိုသိရှိနားလည်လာစေရန် ရည်ရွယ်ပြီး တရုတ်နိုင်ငံကွန်ဖြူးရှပ်အင်စတီကျုရုံးချုပ်(Han Ban)မှ ကြီးမှူးကျင်းပသည့် နိုင်ငံတကာ တရုတ်စာပေကျွမ်းကျင်မှုပြိုင်ပွဲဖြစ်သည်။

မြန်မာနိုင်ငံ ရန်ကုန်ဒေသ “တရုတ်စာပေပေါင်းကူးတံတား”ပြိုင်ပွဲကို ၂၀၁၀ ခုနှစ်က စတင်ကာ နှစ်စဉ်ကျင်းပခဲ့ခြင်းဖြစ်ရာ ယခုလိုကျင်းပခြင်းသည် တရုတ်-မြန်မာနှစ်နိုင်ငံပူးပေါင်းဖလှယ်ရေးအတွက် ထူးချွန်သည့်လူတော်လူကောင်းများ ပျိုးထောင်ပေးနိုင်သလိုနှစ်နိုင်ငံချစ်ကြည်ရေးကိုလည်းတိုးမြင့်စေကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.