Connect with us

Videos

တရုတ်-အမေရိကန် ဆက်ဆံရေး အကောင်းဘက်သို့ဦးတည်ဖွံ့ဖြိုးလာကြောင်း ဝမ်ရိပြော

ပေကျင်း ၊ မတ် ၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝမ်ရိက တရုတ်-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးသည် အကောင်းဘက်သို့ဦးတည်ဖွံ့ဖြိုးလာနေကြောင်း နှင့် ပုံမှန် အခြေအနေကူးပြောင်းလာနေကြောင်း ယနေ့(မတ်လ ၈ ရက်)တွင် ပြောကြားလိုက်သည်။

“အပြန်အလှန်လေးစားခြင်းနဲ့Win-Win အနေအထားပူးပေါင်းဆောင်ရွက်ခြင်း၊ ပဋိပက္ခနဲ့ထိပ်တိုက်ရင်ဆိုင်ရေးကို ရှောင်လွှဲခြင်း စတဲ့အချက်တွေကို လိုက်နာကျင့်သုံးပြီး သမ္မတနှစ်ဦးကြားမှာ ပြည်သူတွေရဲ့ သဘောထား ဆန္ဒအတိုင်း ဖြစ်ပေါ်လာအောင် ကျနော်တို့ပြုမူဆောင်ရွက်နေပါတယ်။ ဘာကြောင့် အမေရိကန်နိုင်ငံနဲ့တရုတ်နိုင်ငံဟာ ထူးကဲကောင်းမွန်တဲ့ မိတ်ဖက်နိုင်ငံတွေ ဖြစ်မလာရသလဲ ဆိုတာကတော့ အကြောင်းပြချက်မရှိပါဘူး” ဟု တရုတ်နိုင်ငံ၏ နှစ်ပတ်လည် လွှတ်တော်အစည်းအဝေး တစ်နေ့တာ ဆွေးနွေးမှုအပြီး ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဝမ်ရိက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.