Connect with us

Videos

ထိုင်းနိုင်ငံတွင် အိမ်မွေးတိရစ္ဆာန်ပြပွဲကျင်းပခဲ့

ဘန်ကောက်၊ နိုဝင်ဘာ (၂၁) ရက်၊ (ဆင်ဟွာ)

ထိုင်းနိုင်ငံ ဘန်ကောက်၌ နိုဝင်ဘာလ (၁၉) ရက်နေ့ က အိမ်မွေးတိရစ္ဆာန်ပြပွဲကို ကျင်းပခဲ့သည်။ ၄ ရက်တာကျင်းပသည့်အဆိုပါ ပြပွဲတွင် ဝင်ရောက်ပြသသူပေါင်း ၂ဝဝ ကျော် ရှိခဲ့ပြီး ယုန်ကလေးများ၊ ရှဉ့်ကလေးများနှင့် အိမ်မွေးသွေးအေးသတ္တဝါ များအပါအဝင် စုစုပေါင်း သတ္တဝါပေါင်း ၁ဝဝ ကျော် အားပြသခဲ့သည်။ ပွဲစီစဉ်သူ ၏ အဆိုအရ နိုင်ငံ၏ အိမ်မွေးတိရစ္ဆာန်လုပ်ငန်း အား ၂ဝ၁၆ ခုနှစ်တွင် ယခင်ထက် ၁ဝ ဆ ပိုမို တိုးတက်လာစေရန်အတွက်မျှော်လင့်ပြီးကျင်းပခြင်းဖြစ်ကြောင်းသိရသည်။ ဘောလုံးသဏ္ဍာန်မြွေ နှင့် အတူ ၄ဝ ကီလိုဂရမ်အလေးချိန်ရှိပြီး ဒေါ်လာ ၂၈ဝဝ တန်ပိုင်သွန်မြွေကြီးကိုလည်း ပရိသတ်များမှအလွန် စိတ်ဝင်တစားကြည့်ရှုခဲ့ကြကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.