Connect with us

Videos

မိကျောင်းနှင့်လက်ထပ်သောမြို့တော်ဝန်

မက္ကဆီကို၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံတောင်ပိုင်း အောက်ဆာကာ ပြည်နယ်၊ San Pedro Huamelula မြို့၏မြို့တော်ဝန် Victor Aguilar က ဒဏ္ဍာရီလာပုံပြင် အလား မိကျောင်းနှင့်လက်ထပ်ပွဲကျင်းပခဲ့ကြောင်းသိရသည်။ ဒေသခံများက အဆိုပါ မိကျောင်း ကို မင်းသမီးလေးလို့ အမည်ပေးထားကြသည်။ မက္ကဆီကိုနိုင်ငံတွင် မိကျောင်းနှင့်လက်ထပ်သည့် မင်္ဂလာပွဲ သည် ၁၇၈၉ ခုနှစ်ခန့်က တည်းက စတင်ကျင့်သုံးလေ့ရှိသည့် ရိုးရာ ဓလေ့ တစ်ခု ဖြစ်ပြီး ငါးဖမ်းသမားများ နှင့် လယ်သမားများအတွက် ကံကောင်းခြင်းများကို ယူဆောင်ပေးနိုင်ကြောင်းအယူအဆဖြင့် ထိုသို့ကျင်းပလေ့ရှိသည်။ လူသားမျိုးနွယ်နှင့် တိရစ္ဆာန်မျိုးနွယ်တို့ကြားနှစ်ပေါင်းများစွာ ပဋိပက္ခဖြစ်ပွားမှုများကို ဖြေရှင်းရန်ထိုသို့မင်္ဂလာပွဲ ပြုလုပ်ခြင်းဖြစ်ကြောင်းလည်း ဒေသခံများက ဆိုသည်။ မင်္ဂလာပွဲကျင်းပသည့် မနက်ခင်းတွင် လူများစွာတို့က တေးသီချင်းများကို သီဆိုတီးမှုတ်ကာ မင်္ဂလာသတို့သမီး မိကျောင်းကို သယ်ယူ ကာ အိမ်များ နှင့် လှည့်ပတ် မိတ်ဆက်ရသည်။ ထို့နောက် မိကျောင်းကို သတို့သမီး ဝတ်စုံဆင်ယင် ပေး ကာ အခမ်းအနားကိုစတင်သည်။ ဒဏ္ဍာရီ အဆိုအရ ယခင်က မျိုးနွယ်စုတစ်ခုမှာ တိရစ္ဆာန်များ အသွင်ပြောင်းလဲမှု များဖြစ်ပေါ်ပြီး ထိုမျိုးနွယ်စုခေါင်းဆောင်မင်းသမီး မှာ ပင်လယ်ကို ချစ်ခင်လွန်းသောကြောင့် မိကျောင်းအသွင် ကို ပြောင်းလဲသွားခြင်းဖြစ်သည်ဟိုဆိုသည်။ ထိုမျိုးနွယ်စုခေါင်းဆောင်မင်းသမီးကို ရည်စူးကာ ယခုကဲ့သို့ မြို့တော်ဝန်နှင့် မင်းသမီးမိကျောင်းတို့လက်ထပ်ပွဲကျင်းပခြင်းဖြစ်ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.