Connect with us

Videos

တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာမြေပုံညွှန်းစနစ်သုံး(BDS) ဂြိုဟ်တုအကြောင်း စက္ကန့် ၁၅၀ စာ မိတ်ဆက်တင်ပြခြင်း

 

ပေကျင်း၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက Beidou တည်နေရာညွှန်ပြစနစ်သုံးဂြိုဟ်တု၏ နောက်ဆုံး ဂြိုဟ်တုတစ်လုံးကို ဇွန် ၂၃ ရက်က လွှတ်တင်ခဲ့ရာ ၎င်းသည် တရုတ်နိုင်ငံ၏ ကိုယ်ပိုင် ကမ္ဘာလုံးဆိုင်ရာမြေပုံညွှန်းစနစ် တီထွင်နိုင်ခဲ့မှု၏ ကျယ်ပြန့်ပြီးမြောက်သော မှတ်တိုင်တစ်ခုဖြစ်လာသည်။

ဂြိုဟ်တုလွှတ်တင်ခြင်းက ကမ္ဘာကြီးအတွက် ပိုမိုကောင်းကျိုးပြုလာနိုင်မှာဖြစ်ကြောင်း တရုတ်နိုင်ငံ တည်နေရာပြ ဂြိုဟ်တုစနစ်ရုံးညွှန်ကြားရေးမှူး Ran Chengqi က ဆိုသည်။Beidou တည်နေရာညွှန်ပြစနစ်သုံးဂြိုဟ်တုသည် ဂြိုဟ်တုစနစ်ကြီးတစ်ခုလုံးကိုတန်ဖိုးမြှင့်တင်ပေးမည်ဖြစ်ပြီး BDS စနစ် ၏ ပြည့်စုံကောင်းမွန်မှု နှင့် ကြီးမားသည့် အရေးပါမှုကို ဖော်ညွှန်းနိုင်သော သင်္ကေတစ်ခုဖြစ်လာခဲ့သည် ။ 

လက်ရှိကမ္ဘာပေါ်၌ ကမ္ဘာလုံးဆိုင်ရာမြေပုံညွှန်းစနစ် ၄ ခု ရှိနေပြီး ယင်းတို့မှာ တရုတ်နိုင်ငံက BDS စနစ်၊ ရုရှားနိုင်ငံက GLONASS စနစ်၊ အမေရိကန်ပြည်ထောင်စုက GPS စနစ်နှင့် ဥရောပသမဂ္ဂက Galileo စနစ်တို့ဖြစ်ကြောင်း သိရသည်။

ကမ္ဘာပေါ်ရှိ အခြားတည်နေရာညွှန်ပြဂြိုဟ်တုစနစ်များနှင့် နှိုင်းယှဉ်ပါက တရုတ်နိုင်ငံမှ တီထွင်ထားသော BDS ၏ ဒီဇိုင်းပုံစံသည် ကမ္ဘာဂြိုဟ်ပတ်လမ်းစနစ်(MEO) ဂြိုဟ်တု အပါအဝင်  Inclined Geosynchronous Orbit (IGSO) ဂြိုဟ်ပတ်လမ်းစနစ် ဂြိုဟ်တု နှင့် Geostationary Earth Orbit (GEO) ဂြိုဟ်ပတ်လမ်း စနစ်သုံး ဂြိုဟ်တုတို့ ပါဝင်သဖြင့် တမူထူးခြားသည်ဟု ဆိုနိုင်သည်။ 

တရုတ်နိုင်ငံ အနေဖြင့် ၁၉၉၀ ပြည့်နှစ်များဆီက BDS ဟုအမည်ပေးထားသည့် တည်နေရာညွှန်ပြစနစ်တစ်ခုကို စတင်တည်ဆောက်ခဲ့ပြီး ယင်းအား Big Dipper တရုတ်ဘာသာဖြင့် လမ်းကျဉ်းလေးတွင် လျင်လျင်မြန်မြန်သွားလာနိုင်သော ရထားငယ် ဟု အမည်ပေးခဲ့ခြင်းဖြစ်သည်။ ၎င်းစနစ်တွင် ဗျူဟာအဆင့် ၃ ဆင့်ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

–      ဗျူဟာ အဆင့် ၁ – BDS -1 

BDS-1 စီမံကိန်းကို Beidou Navigation SatelliteDemonstration System ဟုခေါ်တွင်ပြီး ၁၉၉၄ ခုနှစ်တွင် တရားဝင်ခွင့်ပြုချက်ရရှိခဲ့သည်။BDS-1 သည် ၂၀၀၀ ပြည့်နှစ်တွင် တည်ဆောက်ပြီးစီးပြီးနောက် ဂြိုဟ်တု နှစ်စင်းကို စတင်လွှတ်တင်နိုင်ခဲ့သည်။

–      ဗျူဟာအဆင့် ၂ – BDS- 2

BDS-2 သည် ကမ္ဘာ့ ပထမဆုံး hybrid ဂြိုဟ်တုလွှတ်တင်ရေးစနစ်ဖြစ်ပြီး ၂၀၀၄ ခုနှစ်တွင် စတင်ခဲ့ရာ ၂၀၁၂ ခုနှစ်အကုန်တွင် ဂြိုဟ်တုပေါင်း ၁၄ စင်းထိ လွှတ်တင်နိုင်ခဲ့ပြီးဖြစ်သည်။ ၎င်းတို့အထဲတွင် GEO ဂြိုဟ်တု ၅ စင်း ၊ IGSO ဂြိုဟ်တု ၅ စင်း နှင့် MEO ဂြိုဟ်တု ၄ စင်း ပါဝင်ပြီး ၎င်းတို့အားလုံးကို အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ရာ အာရှ-ပစိဖိတ်ဒေသတွင်းရှိ သုံးစွဲသူများထံ ဝန်ဆောင်မှုများစတင် လုပ်ဆောင်ပေးနိုင်ခဲ့သည်။ 

–      ဗျူဟာအဆင့် သုံး – BDS-3

BDS – 3 တွင် MEO ဂြိုဟ်တု ၂၄ စင်း၊ IGSO ဂြိုဟ်တု ၃ စင်းနှင့် GEO ဂြိုဟ်တု ၃ စင်း စုစုပေါင်း ဂြိုဟ်တု အစင်း ၃၀ ကျော်ပါဝင်သည်။၎င်းမှာ ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်လမ်းကြောင်းတစ်လျှောက်နိုင်ငံများနှင့် ဒေသများ အပါအဝင် တစ်ကမ္ဘာလုံးကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ စတင်ကာအခြေခံ တည်နေရာညွှန်ပြစနစ်ဖြင့် ဝန်ဆောင်မှုပေးနေခြင်းဖြစ်သည်။ ၂၀၃၅ ခုနှစ်အရောက်တွင် BDS စနစ်သည် ပိုမိုပြည့်စုံကာပေါင်းစပ်မှုများနှင့် တိကျစွာညွှန်ပြနိုင်မည်ဖြစ်ပြီး အချိန်နှင့် လမ်းကြောင်းကိုကောင်းမွန်စွာညွှန်ပြနိုင်သည့် စနစ်ဖြစ်လာကာ ကမ္ဘာကြီးနှင့် လူသားမျိုးနွယ်များအတွက်ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများနှင့် ထိရောက်စွာ အသုံးဝင်လာတော့မည်ဖြစ်ကြောင်းသိရသည်။(Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.