Connect with us

Videos

NCA လက်မှတ်ရေးထိုးထားသော အဖွဲ့များ ကြား ပစ်ခတ်တိုက်ခိုက်မှု ၈၀ ရာခိုင်နှုန်းထိ လျော့ကျလာဟုဆို

ရန်ကုန်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA)ရေးထိုးထားသော အဖွဲ့များကြားတွင် ပစ်ခတ်တိုက်ခိုက်မှု ၈၀ ရာခိုင်နှုန်းထိလျော့ကျလာကြောင်း ဇူလိုင်လ ၅ ရက်နေ့ကကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် JMC-U ၏ အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ပြောကြားသည်။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U)၏ သုံးနှစ်တာကာလအတွင်း တိုးတက်မှုသည် NCAလက်မှတ်ရေးထိုးထားသော အဖွဲ့များကြားတွင် ပစ်ခတ်တိုက်ခိုက်မှု မရှိသလောက်နည်းလာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U)၏ (၁၈) ကြိမ်မြောက် အစည်းအဝေးကို စက်တင်ဘာ ဒုတိယအပတ်တွင် ဆက်လက်ကျင်းပနိုင်ရန် လျာထားကြောင်း သိရသည်။

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ၏ (၁၇) ကြိမ်မြောက် အစည်းအဝေးတွင် JMC-U ၏ (၁၆) ကြိမ်မြောက် အစည်းအဝေးနှင့် (၁၇) ကြိမ်မြောက် အစည်းအဝေး ကြားကာလအတွင်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများ၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်နှင့် ဒေသဆိုင်ရာအဆင့် ကော်မတီအသီးသီးမှ ကော်မတီဝင်များ၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များ (မူကြမ်း)၊ JMC အဆင့်ဆင့်တွင် ပါဝင်သော အရပ်သားကိုယ်စားလှယ်များ၏ လုပ်ငန်းလမ်းညွှန် ပြင်ဆင်ချက် (မူကြမ်း) တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် အသုံးစရိတ် (မူကြမ်း) နှင့် ဘဏ္ဍာရေးဆိုင်ရာများ၊ ဒေသခံ အရပ်သားစောင့်ကြည့်သူ (LCM) များ နှင့် ပတ်သက်သည့် လုပ်ငန်းအကောင်အထည်ဖော်မှု အခြေအနေများ၊ JMC အဆင့်ဆင့်တွင် ပါဝင်သော အရပ်သားကိုယ်စားလှယ်များ၏ စတုတ္ထအကြိမ် တွေ့ဆုံပွဲ ကျင်းပရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.