Connect with us

Videos

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းက စိမ်းလန်းသောဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်

ဂျာကာတာ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

ဂျာကာတာ-ဘန်ဒေါင်းမြန်နှုန်းမြင့် ရထားလမ်း HSR ၏ မီတာ ၅၀၀ အရှည်ရှိ ရထားလမ်း၏ ပထမဆုံး ရထားလမ်းတစ်စုံကို ပင်မ ရထားလမ်းတွင် သံလမ်းအောက်ခံကျောက်ချထားခြင်းအား စတင်ခဲ့သည်။

အင်ဒိုနီးရှား-တရုတ် အကျိုးတူလုပ်ငန်းဖြစ်သည့် PT Kereta Cepat Indonesia-China (KCIC) မှ အကြီးတန်း မန်နေဂျာတစ်ဦးက ရထားလမ်းစီမံကိန်းသည် အင်ဒိုနီးရှားနိုင်ငံအတွက် စိမ်းလန်းပြီးကောင်းမွန်သည့် ဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ပေးမည်ဟု ပြောကြားခဲ့သည်။

PT KCIC မှ project management and business development ညွှန်ကြားရေးမှူးဖြစ်သူ ALLAN TANDIONO က “ပထမဆုံးအနေနဲ့ ဒီစီမံကိန်းဟာ အနာဂတ်မှာ ဂျာကာတာနဲ့ ဘန်ဒေါင်းဒေသ ခရီးသွားကြာချိန်ကို လျှော့ချပေးနိုင်မယ်လို့ကျွန်တော်ထင်ပါတယ်။ လက်ရှိမှာ ကျွန်တော်တို့ဟာ ကိုယ်ပိုင်ကားနဲ့ဖြစ်ဖြစ်၊ ဘတ်စ်ကားနဲ့ဖြစ်ဖြစ် ဒါမှမဟုတ်လဲ ဘီး ၄ ဘီးယာဉ်တစ်ခုခုနဲ့ဖြစ်ဖြစ် ဘန်ဒေါင်းကိုသွားဖို့ဆိုရင် အချိန် ၃ နာရီ ကနေ ၄ နာရီကြား ကြာချိန်ရှိပါတယ်။ ဒါပေမဲ့ ဒီမြန်နှုန်းမြင့်ရထားလမ်း နဲ့ဆိုရင် ဂျာကာတာ ကနေ ဘန်ဒေါင်းကိုသွားဖို့ကြာချိန်က မိနစ် ၃၀ ကနေ မိနစ် ၄၀ လောက်ပဲရှိတော့မှာပါ။ ဒုတိယအနေနဲ့ကတော့ ကျွန်တော်တို့ဟာ ကောင်းမွန်စွာ ဒီဇိုင်းထုတ်ထားတဲ့အဆင့်မြင့် လျှပ်စစ်ရထားတွေကိုအသုံးပြုသွားမှာမို့ ကာဗွန်ထုတ်လွှတ်မှုကိုလျှော့ချသွားနိုင်မှာဖြစ်တယ်လို့ယုံကြည်ပါတယ်၊ တတိယအနေနဲ့ ဒီ အမြန်ရထားလမ်း တည်ဆောက်ပြီးလို့ရထားစတင်ပြေးဆွဲပြီဆိုရင် စီးပွားရေးအခွင့်အလမ်းသစ်တွေထွက်ပေါ်လာမှာပါ၊ အဲဒီကနေမှ ပြည်သူတွေအတွက်အလုပ်အကိုင်တွေကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ စီးပွားရေးလုပ်ငန်းသစ်တွေကလဲ လမ်းတစ်လျှောက် ပေါ်ပေါက်လာမှာဖြစ်လို့ပါပဲ” ဟု ပြောကြားခဲ့သည်။

KCIC သည် တရုတ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံပိုင် အကျိုးတူလုပ်ငန်းတစ်ခု ဖြစ်ပြီးဂျာကာတာမြို့နှင့် အနောက်ဂျာဗားပြည်နယ် ဘန်ဒေါင်းမြို့ တို့ကို ချိတ်ဆက်ပြေးဆွဲမည့် ၁၄၂ ကီလိုမီတာအရှည်ရှိ မြန်နှုန်းမြင့်ရထားလမ်းစီမံကိန်းကို အကောင်အထည်ဖော်ဆောင်နေခြင်း ဖြစ်သည်။

အကြီးတန်းမန်နေဂျာက ၎င်းအနေဖြင့် ဒေသခံပြည်သူများအတွက်အကျိုးရှိစေမည့် ထိုကဲ့သို့စီမံကိန်းတစ်ခု တွင်ပါဝင်ခွင့်ရရှိသောကြောင့်စိတ်လှုပ်ရှားမိကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ရပ်ဝန်းနှင့်ပိုးလမ်းမအဆိုပြုချက်တွင်ဆောင်ရွက်သည့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ကြောင့် အပြန်အလှန်အကျိုးဖြစ်ထွန်းစေသည့် အပြင် နှစ်နိုင်ငံ အချင်းချင်း အတွေ့အကြုံများကို ဖလှယ်နိုင်ကြောင်း ၎င်းကထပ်မံပြောကြားခဲ့သည်။

“ ရပ်ဝန်းနှင့်ပိုးလမ်းမအဆိုပြုချက်ဟာ ကျွန်တော့်အထင်တော့ တရုတ်နိုင်ငံအစိုးရ က အဆိုပြုတင်သွင်းပြီး မိတ်ဆက်ခဲ့တဲ့ သိပ်ကိုကောင်းမွန်တဲ့ အဆိုပြုချက် တစ်ခုဖြစ်ပါတယ်၊ အဲဒါက တရုတ်နိုင်ငံရဲ့လုပ်ငန်းတွေအတွက်တင်မကဘဲ စီးပွားရေးမိတ်ဖက်တွေအတွက်ပါ အခွင့်အလမ်းအသစ်တွေကို ဆောင်ကြဉ်းပေးလာတာဖြစ်ပါတယ်၊ ကျွန်တော်တို့ဟာတရုတ်လူမျိုးတွေ စီးပွားရေးဘယ်လိုလုပ်ဆောင်ကြလဲဆိုတာ လေ့လာကြရမှာပါ၊ ကျွန်တော်တို့ဟာ တရုတ်နိုင်ငံရဲ့နည်းပညာနဲ့ တရုတ်နိုင်ငံသားတွေ ရဲ့လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကနေ ၁၀ နှစ်အတွင်း သူတို့လူမျိုးတွေရဲ့ဘဝ တွေကိုဘယ်လိုတိုးတက်အောင်လုပ်ဆောင်ခဲ့သလဲဆိုတာကိုလေ့လာရမှာပါ၊ ဒီတော့ကျွန်တော့်အထင် ဒါဟာ နည်းလမ်းနှစ်သွယ်မိတ်ဖက်ဆက်ဆံရေးဖြစ်ပြီး တရုတ်နိုင်ငံအစိုးရနဲ့စီးပွားရေးလုပ်ငန်းတွေက နည်းပညာအသစ်တွေ အတွေ့အကြုံအသစ်တွေကိုသူတို့ရဲ့ မိတ်ဖက်တွေနဲ့ အိမ်နီးချင်းတွေအတွက်ယူဆောင်လာပေးတာဖြစ်ပါတယ်၊တစ်ချိန်တည်းမှာပင် အိမ်နီးချင်းတွေနဲ့မိတ်ဖက်တွေအနေနဲ့လဲ တရုတ်လူမျိုးတွေ တရုတ်ကုမ္ပဏီတွေဆီကနေအများကြီးလေ့လာနိုင်ပါတယ်၊ ဒီမိတ်ဖက်ဆက်ဆံရေးကနေ အပြန်အလှန်အကျိုးရှိစေတဲ့အခြေအနေဖြစ်ပြီး တရုတ်နိုင်ငံနဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့အတွက်ကြောင့် ခေတ်မီတဲ့ပြည်သူ့အခြေခံအဆောက်အဦတွေကို ရရှိလာတာဖြစ်တယ်လို့ ကျွန်တော် မြင်ပါတယ်၊ ကျွန်တော်တို့ဟာ တရုတ်လူမျိုးတွေ၊ တရုတ်နိုင်ငံအစိုးရ နဲ့ တရုတ်နိုင်ငံက လုပ်ငန်းတွေက နေ နည်းပညာသစ်တစ်ခုကိုရရှိနိုင်ပါတယ်၊ ဆက်သွယ်သွားလာရေးဟာ ပိုမိုကောင်းမွန်ပြီးတိုးတက်လာတော့မှာပါ ၊အခုဆိုရင် ရထားလမ်းတွေ၊ဆိပ်ကမ်းတွေကြောင့် အနာဂတ်မှာပိုမိုသာလွန်ကောင်းမွန်တဲ့ဆက်သွယ် သွားလာမှုတွေရှိလာတော့မှာမလွဲပါဘူး” ဟုဆိုသည်။ (Xinhua)

————————-
(English Version)
Indonesia’s Jakarta-Bandung high-speed railway promotes green development: project management director
As the first pair of 500-meter-long rails was slowly pulled out of the transport wagon, the Jakarta-Bandung high-speed railway (HSR) saw the laying of ballasted tracks begin on its main line.
A senior manager with the Indonesian-Chinese consortium PT Kereta Cepat Indonesia-China (KCIC) says that the railway project will promote green and sound development for Indonesia.

SOUNDBITE 1 (English): ALLAN TANDIONO, Director for project management and business development of PT KCIC
“First of all, I think this project in the future is going to cut down traveling time between Jakarta to Bandung. Currently, we need three to four hours by car, by bus, or other related four-wheel vehicles towards Bandung. But with this high-speed railway, it only takes 30 to 40 minutes from Jakarta to Bandung. Second, I believe that we could reduce carbon emissions by having a well-designed, advanced electric train. Third, with this high-speed railway up and running, there will be new pockets of the economy. And that will create jobs for people, because new businesses will come to those new economies along the road.”

KCIC is a joint venture consortium of Chinese and Indonesian state-owned firms that runs the 142-km HSR train project linking Jakarta and the capital of West Java province of Bandung.

The senior manager said he is excited to participate in such a project that will benefit the local people.

He also says the two countries’ cooperation under the Belt and Road Initiative is win-win, from which both countries can learn from each other.

SOUNDBITE 2 (English): ALLAN TANDIONO, Director for project management and business development of PT KCIC
“The Belt and Road Initiative, I think, is a very good initiative that was proposed and brought forward by the Chinese government. It opens up new opportunities for not only the Chinese businesses, but also for us as business partners. We learn about how the Chinese are doing business. We learn about Chinese technology and how far the Chinese have grown and improved the life of their people for the past 10 to 30 years. So I think this is a two-way kind of partnership where the Chinese government and businesses are bringing new technology and new knowledge to their partners and neighbors. At the same time, the neighbors and the partners can learn a lot from the Chinese people, from the Chinese companies. After this partnership, what I see is a win-win situation where by us as the neighbors of China can get modern public infrastructure. We can get a new technology taught by the Chinese and from the Chinese government and from Chinese businesses. Accessibility can be much better moving forward. Now, with the railroad, with ports, definitely accessibility will be much better in the future.”

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.