ပေကျင်း၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ) July 1 ဆုတံဆိပ် (July 1 Medal) ပေးအပ်ချီးမြှင့်ခံရသူများသည် တရုတ်ကွန်မြူနစ်ပါတီ၏ လုပ်ဆောင်ချက်များ အပေါ် ယုံကြည်ချက်ခိုင်မာပြီး သစ္စာတရားမြဲမြံကြသူများဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က အင်္ဂါနေ့တွင်ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ သမ္မတနှင့် ဗဟိုစစ်ကော်မရှင်...
နန်ကျင်း၊ ဇွန် ၂၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်းကျန်းစုပြည်နယ် နန်ကျင်းမြို့တွင် Robobus ဟု အမည်ပေးထားသည့် မောင်းသူမဲ့ မီနီဘတ်စ်ကားဝန်ဆောင်မှု စတင်ခဲ့ကြောင်းသိရသည်။ ၎င်းမီနီဘတ်စ် တွင် လက်ကိုင်ခွေ နှင့် ဘရိတ်အုံ စနစ်များလုံးဝ တပ်ဆင်ထားခြင်းမရှိဘဲ အလုံးစုံ အလိုအလျောက်စနစ်ဖြင့်မောင်းနှင်သွားလာနိုင်သည်။ ယင်းမီနီဘတ်စ်ကားတွင် ဆင်ဆာများစွာတပ်ဆင်ထားရာ ၂၅၀မီတာ အကွာအဝေးရှိ...
ကူမင်း၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ယန်ဇီမြစ်အပေါ်ပိုင်း ကျင်းရှ မြစ်တွင် တည်ဆောက်ထားသည့် လျှပ်စစ်ပမာဏများစွာထုတ်လုပ်နိုင်သည့် ရေအား လျှပ်စစ်စက်ရုံသစ်ကြီးတစ်ရုံသည် စတင်လည်ပတ်မည်တော့ ဖြစ်ကြောင်းသိရသည်။ Baihetan ရေအားလျှပ်စစ်စီမံကိန်းသည် တရုတ်နိုင်ငံ အနောက်တောင်ဘက်တွင်တည်ရှိသည်။ ရေအားလျှပ်စစ်ထုတ်လုပ်ရေးယူနစ်ပေါင်း ၁၆ ခုရှိကာ ယူနစ်တစ်ခုတွင် လျှပ်စစ်ကီလိုဝပ်ပေါင်း၁သန်း ထုတ်လုပ်နိုင် သောကြောင့်...
ကွေ့ကျိုး၊ ဇွန် ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကွေ့ကျိုးရှိ Goupitan ရေအားလျှပ်စစ်စီမံကိန်းတွင်တည်ဆောက်ထားသည့် ရေလွှဲဆည် တွင် တန် ၅၀၀ အလေးချိန်ရှိ ကုန်တင်သင်္ဘော တစ်စင်းသည် ဒေါင်လိုက်ရေလမ်းကြောင်းလွှဲပြောင်းမှုဖြင့် ဖြတ်သန်းမောင်းနှင်ခဲ့သည်။ ၁၉၉ မီတာ အမြင့်တွင် တည်ဆောက်ထားသည့် ဒေါင်လိုက် ရေလမ်းကြောင်းလွှဲပြောင်းရေး စနစ်တွင် ရေလမ်းကြောင်း...
ပေကျင်း၊ ဇွန် ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ပထမဆုံး ကိုယ်တိုင်လည်ပတ်သော မီတာ ၁,၅၀၀ ရေနက်ပိုင်း ဓာတ်ငွေ့လုပ်ကွက်ဖြစ်သော Deep Sea No.1 သည် ဇွန် ၂၅ ရက်၌ ထုတ်လုပ်မှုစတင်ပြီဖြစ်ကြောင်း တရုတ်အမျိုးသားကမ်းလွန်ရေနံကော်ပိုရေးရှင်း (CNOOC) ၏ ပြောကြားချက်အရ သိရသည်။ ၎င်းမှာရေအောက်အနက်...
ချုံချင့်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြူနီစီပယ်ဒေသရှိ တိရစ္ဆာန်ရုံတစ်ခုတွင် ပန်ဒါကြီးမျိုးတစ်ကောင်မှ ပန်ဒါအမြွှာအထီးလေးနှစ်ကောင် မွေးဖွားခဲ့ကြောင်း သိရသည်။ ပထမဆုံး ပန်ဒါသားပေါက်လေးမှာ ဇွန် ၁၀ ရက် နံနက် ၁:၁၃ နာရီတွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး အလေးချိန် ၁၆၁ ဂရမ်ရှိကာ နောက်တစ်ကောင်မှာမူ...
တိဗက်၊ ဇွန် ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် မြို့တော် လားဆနှင့် လျင်ကျီးမြို့ကို ချိတ်ဆက်ထားသည့် ပထမဆုံး လျှပ်စစ်ရထားလမ်းကို ဇွန် ၂၅ ရက် မနက်ပိုင်းက ဖွင့်လှစ်ခဲ့ပြီး ကုန်းပြင်မြင့်ဒေသတွင် “Fuxing”ကျည်ဆန်ရထားများလည်း တရားဝင်စတင်ပြေးဆွဲလျက်ရှိသည်။ အဆိုပါရထားလမ်းသစ်သည် (၄၃၅)ကီလိုမီတာအရှည်ရှိပြီး တစ်နာရီလျှင် ကီလိုမီတာ(၁၆၀)နှုန်းဖြင့်...
ခက်လာမာရိ၊ ဇွန် ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရှင်းကျန်း(ဝေဂါ)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခက်လာမာရိမြို့ ဝူအယ်ဟယ်ခရိုင်တွင် ငှက်မိသားစု ဘေးကင်းစွာ လမ်းဖြတ်ကူးနိုင်ရန် အမျိုးသားတစ်ဦးက ကူညီပေးနေသည့် ဗီဒီယိုဖိုင်ဖြစ်ပါသည်။ မိခင်ငှက်မကြီးနှင့် ငှက်ပေါက်လေးများသည် လမ်းဆုံတွင်လမ်းဖြတ်ကူးရန် ကြိုးစားနေစဉ် ငှက်ပေါက်ကလေးတစ်ကောင်က ဖြတ်သန်းသွားလာနေသည့် ကားများကြောင့် နောက်တွင်ကျန်ရစ်ကာ အန္တရာယ်ကြုံတွေ့နေခဲ့သည်။ ထိုစဉ် ကြင်နာတတ်သော...
ချင်းသောင်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၌ Fuxing မြန်နှုန်းမြင့်ရထား ပုံစံအသစ်နှစ်မျိုးကို ဇွန် ၂၅ရက်တွင် စတင် ပြေးဆွဲမည်ဟုသိရသည်။ တစ်နာရီလျှင် ၃၅၀ ကီလိုမီတာအမြန်နှုန်းဖြင့်ပြေးဆွဲမည့် အဆိုပါ ရထားအမျိုးအစားများမှာ CR400AF-Z နှင့် CR400AF-BZ တို့ ဖြစ်ကြသည်။
ပေကျင်း၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်က တရုတ်နိုင်ငံ ၏ အာကာသ ရည်မှန်းချက် အကောင်အထည်ဖော်ဆောင်မှု အပေါ် အခိုင်အမာ အားပေးထောက်ခံသည့် အနေဖြင့် ဗုဒ္ဓဟူးနေ့မနက်ပိုင်းက တရုတ်နိုင်ငံ မှ တည်ဆောက်နေသည့် အာကာသစခန်း ပင်မခန်း Tianhe ၌ ရောက်ရှိနေသော အာကာသယာဉ်မှူး...