Connect with us

Media

တောင်အာဖရိကနိုင်ငံတွင် မကြာမီကျင်းပမည့် ထိပ်သီးအစည်းအဝေးက BRICS ပူးပေါင်းဆောင်ရွက်မှုအား တွန်းအားသစ်ဖြည့်စွမ်းပေးလျက်ရှိ

ဂျိုဟန်နာဘတ်စ်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

တောင်အာဖရိကနိုင်ငံအနေဖြင့် BRICS ထိပ်သီးအစည်းအဝေးကို အောင်မြင်စွာ လက်ခံကျင်းပနိုင်ရန်နှင့် BRICS ပူးပေါင်းဆောင်ရွက်မှုအား တွန်းအားသစ်ဖြည့်တင်းပေးနိုင်ရန် တရုတ်နိုင်ငံက မျှော်လင့်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိက ပြောကြားခဲ့သည်။

တောင်အာဖရိကနိုင်ငံ ဂျိုဟန်နာဘတ်စ်မြို့တွင် ပြုလုပ်သော BRICS အမျိုးသားလုံခြုံရေးအကြံပေးများနှင့် အမျိုးသားလုံခြုံရေး အဆင့်မြင့်ကိုယ်စားလှယ်များ အစည်းအဝေး တက်ရောက်ခဲ့သော ဝမ်ရိက တောင်အာဖရိကနိုင်ငံ သမ္မတ ဆိုင်ရီ ရာမာဖိုဆာ (Cyril Ramaphosa) နှင့် တယ်လီဖုန်း ပြောကြားစဉ် အထက်ပါအတိုင်းမှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။
ဝမ်က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်ထံမှ နှုတ်ခွန်းဆက်စကားအား ရာမာဖိုဆာထံ ထပ်ဆင့်ပြောကြားခဲ့ကြောင်း၊ ယခုနှစ်သည် BRICS ၏ “တောင်အာဖရိကနှစ်” ဖြစ်ကြောင်း၊ တောင်အာဖရိကနိုင်ငံအနေဖြင့် လာမည့်လတွင် BRICS ထိပ်သီးအစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်ရန် ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း ဝမ်က ပြောခဲ့သည်။

တောင်အာဖရိကနိုင်ငံအနေဖြင့် ရာမာဖိုဆာ၏ ခေါင်းဆောင်မှုအောက်တွင် ကဏ္ဍလေးရပ်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်လည်းဖြစ်သူ ဝမ်ရိက ပြောခဲ့သည်။

အဆိုပါ ကဏ္ဍလေးရပ်တွင် အောင်မြင်သောထိပ်သီးအစည်းအဝေး ဖြစ်မြောက်ရန် ကောင်းမွန်စွာ ပြင်ဆင်ခြင်း၊ BRICS တိုးတက်မှုနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ သဘောတူစာချုပ်ရရှိရေးအတွက် ဆက်စပ်နိုင်ငံများအားလုံး၏ ရပ်တည်ချက်များကို တက်ကြွစွာ ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် BRICS ယန္တရားအတွက် အလားအလာသစ်များ ဖွင့်လှစ်ခြင်း စသည်တို့ ပါဝင်ကြောင်း ဝမ်က ဆိုသည်။

တောင်အာဖရိကနိုင်ငံ သမ္မတ ဆိုင်ရီ ရာမာဖိုဆာက တောင်အာဖရိကအနေဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို အထူးအလေးထားကြောင်းနှင့် နယ်ပယ်စုံ၌ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် BRICS ထိပ်သီးအစည်းအဝေးကို တောင်အာဖရိကနိုင်ငံက လက်ခံကျင်းပနိုင်ရေးအတွက် တရုတ်နိုင်ငံ၏ ထောက်ခံမှုကိုလည်း ကျေးဇူးတင်ကြောင်း ရာမာဖိုဆာက ပြောခဲ့သည်။ (Xinhua)

……………………………
(English Version)
Upcoming summit in S. Africa to add new impetus to BRICS cooperation, says Wang Yi
JOHANNESBURG, July 26 (Xinhua) — China looks forward to South Africa hosting a successful BRICS summit and injecting new impetus into BRICS cooperation, Wang Yi, director of the Office of the Foreign Affairs Commission of the Communist Party of China (CPC) Central Committee, said here on Tuesday.
Wang, who attended the meeting of BRICS National Security Advisers and High Representatives on National Security in Johannesburg, made the remarks in a phone conversation with South African President Cyril Ramaphosa.
Conveying cordial greetings from Chinese President Xi Jinping to Ramaphosa, Wang noted that this year is the BRICS’ “South Africa Year,” saying that China supports South Africa in hosting a successful BRICS Summit next month.
China believes that South Africa will achieve success in four aspects under Ramaphosa’s leadership, said Wang, also a member of the Political Bureau of the CPC Central Committee.
The four aspects include making good preparation to ensure a successful summit, actively coordinating the positions of all parties to reach consensus on the growth and development of BRICS and opening up new prospects for the BRICS mechanism, Wang said.
For his part, Ramaphosa said that South Africa attaches great importance to its relations with China and hopes to strengthen bilateral cooperation in various fields. Ramaphosa also expressed his thanks to China for supporting South Africa’s hosting of the BRICS Summit.