Connect with us

Media

၁၃၁ ကြိမ်မြောက် မဲခေါင်မြစ်အတွင်းပူးတွဲကင်းလှည့်ခြင်းစတင်

ကူမင်း၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့မှ တရားဥပဒေစိုးမိုးရေး တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ၁၃၁ ကြိမ်မြောက် မဲခေါင်မြစ်ကြောင်း ပူးတွဲကင်းလှည့်ခြင်းကို ဇူလိုင်၂၅ ရက်တွင်စတင်ခဲ့ကြောင်း သိရသည်။

ယင်းစစ်ဆင်ရေးတွင် ပါဝင်သည့် သင်္ဘောခြောက်စီးတို့သည် တရုတ်၊ လာအိုနှင့် မြန်မာနိုင်ငံရှိ ဆိပ်ကမ်းလေးခုမှ ထွက်ခွာခဲ့ကြကြောင်း သိရသည်။

မဲခေါင်မြစ်ကြောင်းတစ်လျှောက် ဘေးကင်းရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် နယ်စပ်ဖြတ်ကျော် ရာဇ၀တ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် နောက်ဆုံးကင်းလှည့်မှုအား အလေးထားလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ ပူးတွဲကင်းလှည့်နေစဉ်အတွင်း အမှုများအားအသေးစိတ်စစ်ဆေးခြင်း၊ မူးယစ်ဆေးဝါးဖမ်းဆီးခြင်း၊ ပူးပေါင်းစစ်တမ်းကောက်ယူခြင်းနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးဆိုင်ရာ လှုပ်ရှားမှုများကို ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း သိရသည်။

မဲခေါင်မြစ်ဝှမ်းဒေသ လုံခြုံရေးအခြေအနေများကို လေ့လာသုံးသပ်ရန်၊ အကဲဖြတ်ဆန်းစစ်ရန်နှင့် မကြာမီကာလအတွင်း အဓိက ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးရန် ထိုင်းနိုင်ငံ Chiang Saen မြို့၌ သတင်းအချက်အလက် ဖလှယ်ရေး အစည်းအဝေးကိုလည်း ကျင်းပမည်ဖြစ်သည်။

တရုတ်နိုင်ငံတွင် လန်ချန်းမြစ်ဟု လူသိများသော မဲခေါင်မြစ်သည် နယ်စပ်ဖြတ်ကျော် သင်္ဘောတင်ပို့မှုအတွက် အရေးပါသော ရေကြောင်းထွက်ပေါက်တစ်ခု ဖြစ်သည်။ လေးနိုင်ငံတို့သည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှစ၍ မဲခေါင်မြစ်အတွင်း ပူးတွဲကင်းလှည့်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

……………………………….
(English Version)
131st joint patrol on Mekong River begins
KUNMING, July 27 (Xinhua) — Law-enforcement authorities from China, Laos, Myanmar, and Thailand joined forces on Tuesday to begin the 131st Mekong River joint patrol.
Six vessels participating in the operation departed from four ports in China, Laos, and Myanmar.
The latest round of patrol focuses on tackling cross-border crimes to ensure safety and stability along the river. During the patrol, case investigation, drug seizure, joint surveys, and anti-drug publicity activities are scheduled to be carried out.
An information exchange meeting will also be held in Thailand’s Chiang Saen to analyze and assess the security situation in the Mekong River basin and discuss key cooperation issues in the near future.
The Mekong River — known as the Lancang River in China — is a vital waterway for cross-border shipping. The four countries have been conducting joint patrols on the river since December 2011. Enditem
A Chinese law enforcement vessel arrives at Guanlei port in southwest China’s Yunnan Province upon completion of its mission, on Nov. 22, 2019. (Xinhua/Liu Xinyu)