Connect with us

Media

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူအရေအတွက် ၂၂၅ ဦး ရှိလာ

ဒါကာ ၊ ဇူလိုင် ၂၈ ရက်(ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဇူလိုင် ၂၇ ရက်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၂,၃၆၁ ဦး နှင့် သေဆုံးသူ ၁၀ ဦး ရှိခဲ့ရာ စုစုပေါင်း ရောဂါဖြစ်ပွားသူ ၄၂,၇၀၂ ဦး နှင့် သေဆုံးသူ ၂၂၅ ဦး ရှိလာခဲ့ကြောင်း အထွေထွေကျန်းမာရေးညွှန်ကြားမှုဦးစီးဌာန (DGHS) က ပြောကြားခဲ့သည်။

ဇွန်လတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၅၉၅၆ ဦး ရှိခဲ့ပြီးနောက် ဇူလိုင်လ ပထမ ၂၇ ရက်အတွင်း သွေးလွန် တုပ်ကွေး ရောဂါဖြစ်ပွားသူ ၃၄,၇၂၄ ဦး ထပ်မံဖြစ်ပွားခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ DGHS က ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

ယခုနှစ် သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးမှုများတွင် ဇွန်လတွင် ၃၄ ဦး နှင့် ဇူလိုင်လတွင် ၁၇၈ ဦး ရှိကြောင်း သိရသည်။
သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု မြင့်တက်နေချိန်တွင် မြို့တော် ဒါကာရှိ ဆေးရုံ ၊ ဆေးခန်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ခံစားရသည့်လူနာများနှင့် ပြည့်နှက်နေကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဇွန်လမှစက်တင်ဘာလအထိ မုတ်သုံရာသီကာလသည် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားလေ့ရှိသည့် ကာလ ဖြစ်သည် ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရက ပြည်နယ်ဌာနများအား သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ထိန်းချုပ်ရေး ကြိုးပမ်းအားထုတ်မှုများအား ပိုမိုညှိနှိုင်းဆောင်ရွက်နိုင်ရေးအတွက် ပြောကြားထားကြောင်း သိရသည်။ (Xinhua)

……………………………….
(English Version)
Death toll of dengue fever reaches 225 in Bangladesh
Bangladesh recorded 2,361 new cases of dengue fever and 10 new deaths on Thursday, bringing its total tally to 42,702 with 225 deaths, the Directorate General of Health Services (DGHS) said.
According to the figure reported by the DGHS under the Ministry of Health, 34,724 more dengue cases were recorded during the first 27 days in July after 5,956 people were infected with the mosquito-borne disease last month.
The deaths this year include 178 in July and 34 in June.
Amid the rising dengue cases, hospitals and clinics in the capital Dhaka are crammed with dengue patients.
The June-September monsoon period is the season of dengue fever in Bangladesh. The Bangladeshi government has already asked state agencies for more coordinated efforts to rein in the outbreak of dengue.
Xinhua News Agency correspondents reporting from Dhaka.(XHTV)