Connect with us

Media

နိုင်ဂျာနိုင်ငံသမ္မတ ပြန်လွှတ်ပေးရေး ကုလသမဂ္ဂအကြီးအကဲ တိုက်တွန်း

ကုလသမဂ္ဂ ၊ ဇူလိုင် ၂၈ ရက်(ဆင်ဟွာ)

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က နိုင်ဂျာနိုင်ငံသမ္မတ Mohamed Bazoum ကို ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးရေးအတွက် ဇူလိုင် ၂၇ ရက်တွင် တောင်းဆိုခဲ့ပြီး နိုင်ဂျာနိုင်ငံအတွင်း အခြေအနေများကြောင့် ကုလသမဂ္ဂက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများ ရပ်ဆိုင်းထားရကြောင်း သိရသည်။

နိုင်ဂျာနိုင်ငံရှိ စစ်သားများက သမ္မတ Mohamed Bazoum ကို ဖြုတ်ချကာ ဓားစာခံအဖြစ် ဖမ်းဆီးပြီး နာရီပိုင်းအကြာ ဇူလိုင် ၂၆ ရက်နှောင်းပိုင်းတွင် နိုင်ငံပိုင် ရုပ်မြင်သံကြားမှတစ်ဆင့် ထုတ်လွှင့်သော သတင်းကြေညာချက်၌ နိုင်ဂျာနိုင်ငံ ကာကွယ်ရေး နှင့် လုံခြုံရေးတပ်ဖွဲ့က ပြောကြားခဲ့သည်။

အန်တိုနီယိုဂူတာရက်စ်က နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် သမ္မတ Mohamed Bazoum ကို ချက်ချင်းခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် တိုက်တွန်းခဲ့သည်။

###Niger #President #ကုလသမဂ္ဂ #ဂူတာရက်စ် #နိုင်ဂျာနိုင်ငံ #သမ္မတ
……………………………
(English Version)
UN chief urges release of Niger’s president
UN Secretary-General Antonio Guterres on Thursday demanded the immediate and unconditional release of Niger’s President Mohamed Bazoum, as the world body is suspending humanitarian operations in Niger due to the situation in the country.
Soldiers in Niger have overthrown President Mohamed Bazoum, the country’s Defense and Security Forces said in a press release broadcast on national television late on Wednesday, hours after the president was allegedly held hostage.
Addressing a press conference at the UN headquarters in New York, Guterres urged those detaining Bazoum to release him “immediately and unconditionally.”
Xinhua News Agency correspondents reporting from UN headquarters.(XHTV)