လျှို့ယန်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံရှိ လျှို့ယန်မြို့တွင်း၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ကာကွယ်ရန် ရာနှင့်ချီသည့် ထရပ်ကားများဖြင့် တစ်မြို့လုံးပိုးသတ်ဆေးဖြန်းခဲ့ သည်။ဖေဖော်ဝါရီ ၁၁ ညပိုင်းတွင် ပြုလုပ်ခဲ့သော အဆိုပါ ပိုးသတ်ဆေးဖြန်းလုပ်ငန်းစဉ်အတွက် လူပေါင်း ၆၀၀ ကျော်ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ (Xinhua)
ပေကျင်း၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ) သမ္မတရှီကျင့်ဖိန်က တရုတ်နိုင်ငံရှိ ပြည်သူများရင်ဆိုင်နေရသည့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဆိုးကြီးအား အလဲထိုးနိုင်ရန် ဆောင်ရွက်သွားမည်ဟု သန္နိဋ္ဌာန်ချမှတ်ထားကြောင်းသိရသည်။ သမ္မတရှီကျင့်ဖိန်သည် ဖေဖော်ဝါရီ ၁၀ ရက်တွင် ပေကျင်းမြို့ရှိ Anhuali Community သို့သွားရောက်ပြီး ကပ်ရောဂါဆိုးကြီးကို ကာကွယ်တားဆီးနိုင်မှုနှင့် ထိန်းချုပ်မှုအခြေအနေတို့ကိုလေ့လာခဲ့သည်။ ရှီက ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဆိုးကြီးပျံ့နှံ့မှုကို...
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၁ ရက်(ဆင်ဟွာ) တရုတ် နိုင်ငံ၏ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါ ကာကွယ်ထိန်းချုပ်ရေးကို တစ်ဖက်တစ်လမ်းမှ ကူညီမှု အနေဖြင့် Young Insurance ကုမ္ပဏီလီမိတက်မှ နှာခေါင်းစည်း(Mask) ၃ သောင်း ၊ Htoo Thit ကုမ္ပဏီလီမိတက်မှ နှာခေါင်းစည်း(Mask) ၆...
ဝူဟန့်၊ဖေဖော်ဝါရီ ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် Jiangling Motors Group Co သည် negative pressure ambulance များကို ထုတ်လုပ်ပြီး ဝူဟန့်မြို့သို့ပို့ဆောင်ကာ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ပါဝင်အားဖြည့်ခဲ့သည်။ negative pressure ambulance များကို ဆေးဘက်ဆိုင်ရာတွင် “mobile mask”...
ရှီအန်း၊ ဖေဖော်ဝါရီ ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံရှီအန်းမြို့ရှိ ဆရာဝန် နှင့် သူနာပြု စုစုပေါင်း၂၀ ကျော် သည် ဝူဟန့်မြို့သို့သွားရောက်ကာ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးတွင် ပါဝင်ကူညီရန်အတွက် ၎င်းတို့၏ဆံပင်အားလုံးရိတ်ပစ်ခဲ့ကြောင်းသိရသည်။
ဝူဟန့်၊ ဖေဖော်ဝါရီ ၁၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတွင် နိုဗယ် ကိုရိုနာအဆုတ်ရောင်ရောဂါ တိုက်ဖျက်ရေးကဏ္ဍ၌ အမျိုးသားများနှင့်ရင်ဘောင်တန်းပြီး ရှေ့တန်းမှ ပါဝင်ကာ စွမ်းစွမ်းတမံ ဆောင်ရွက်လျက်ရှိသည့်အမျိုးသမီးကျန်းမာရေးဝန်ထမ်းများ၏ ရုပ်သံဖိုင်များကို စုစည်းတင်ဆက်ထားခြင်းဖြစ်ပါသည်။ (Xinhua)
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) ၂၀၂၀ အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရရန် အတွက် မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာအနေဖြင့် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ကျင်းပမည့် နိုင်ငံတကာပြိုင်ပွဲပေါင်း ၇ ခု ကိုယှဉ်ပြိုင်သွားရန်ရှိပြီး လေ့ကျင့်မှုများအား အစွမ်းကုန်ကြိုးစားလျက်ရှိကြောင်းသိရသည်။ နိုင်ငံ့ဂုဏ်ဆောင် ကြက်တောင်အားကစားမယ် သက်ထားသူဇာ နှင့် ဆင်ဟွာသတင်းဌာန တွေ့ဆုံမေးမြန်းမှုကို ရိုက်ကူးထားသည့်ရုပ်သံဖိုင်ဖြစ်ပါသည်။ (Xinhua) ...
ဝူဟန့်၊ ဖေဖော်ဝါရီ ၁၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတွင် မကြာသေးမီက အသစ်တည်ဆောက်ပြီးစီးခဲ့သည့် ဆေးရုံသစ်ကြီးဆီသို့ ကိုရိုနာအဆုတ်ရောင်ရောဂါ ခံစားနေရသည့် လူနာပေါင်း ၂၀၀ ကျော်ကို လွှဲပြောင်းကုသပေးခဲ့ကြောင်းသိရသည်။ ၎င်းဆေးရုံသစ်ကြီးသည် ကိုရိုနာအဆုတ်ရောင်ရောဂါသည်များကို ကုသပေးရန် ၁၀ ရက်အတွင်း အပြီး တည်ဆောက်ခဲ့သည့် ဆေးရုံကြီးတစ်ရုံဖြစ်သည်။ (Xinhua)
ဝူဟန့်၊ ဖေဖော်ဝါရီ ၁၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဝူဟန့်မြို့တွင် နိုဗယ် ကိုရိုနာ အဆုတ်ရောင်ရောဂါဖြစ်ပွားသူများကို ကုသပေးသည့် SARS ရောဂါ ကုသမှုပုံစံအတိုင်း ဆောက်လုပ်ပြီးစီးသည့် လေးဆန်ဆန်းဆေးရုံ သို့ ဆင်ဟွာသတင်းထောက် Xu Yang က သွားရောက်ရိုက်ကူးခဲ့ပါသည်။ ၎င်းဆေးရုံသည် SARS ရောဂါ ကုသမှုပုံစံအတိုင်းတည်ဆောက်ထားသော ဒုတိယမြောက်ဆေးရုံကြီးလည်းဖြစ်သည်။...
ဝူဟန့်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံဝူဟန့်မြို့ရှိ Chin Optics Valley ကွန်ဗန်းရှင်းနှင့်ပြပွဲစင်တာ အား အချိန် ၂၄ နာရီအတွင်း ယာယီဆေးရုံတစ်ရုံအဖြစ်ပြောင်းလဲ နိုင်ခဲ့သည်။ စင်တာမှာအကျယ်အဝန်း စတုရန်းမီတာ ၁၀၀၀၀ ရှိပြီး ကုတင် ၁၀၀၀ ဝင်ဆန့်သည်။ ၎င်းမှာ ဝူဟန့်မြို့ရှိ ယာယီဆေးရုံများအနက်...