Connect with us

Media

တရုတ်နိုင်ငံက နောက်ထပ် တိုက်ရိုက်တရုတ်-ဥရောပ ကုန်တင်ရထားဝန်ဆောင်မှု စတင်

အန်းယန် ၊ မတ် ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ် အန်းယန်မြို့မှ မြေတူးစက် အစီးရေ ၁၁၀ တင်ဆောင်ထားသည့် ကုန်တင်ရထားတစ်စင်းသည် ရုရှားနိုင်ငံ မော်စကိုမြို့သို့ မတ် ၁၉ ရက်တွင် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

ယင်းမှာ နောက်ထပ် တိုက်ရိုက်တရုတ်-ဥရောပ ကုန်တင်ရထားဝန်ဆောင်မှု စတင်သည့် အထိမ်းအမှတ်လည်း ဖြစ်သည်။
ကုန်ပစ္စည်းတန်ဖိုး ယွမ်သန်း ၆၀ နီးပါး(အမေရိကန်ဒေါ်လာ ၈.၇ သန်းခန့်) တင်ဆောင်လာသော ကုန်တင်ရထားသည် ၁၈ ရက်ခန့် ကြာမြင့်ပြီးနောက် မော်စကိုမြို့သို့ ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။

ယခုနှစ်သည် ရပ်ဝန်းနှင့်ပိုးလမ်းမအဆိုပြုချက်(BRI)၏ ၁၀ နှစ်မြောက် နှစ်ပတ်လည်အခါသမယ ဖြစ်သည်။
တရုတ်-ဥရောပ ကုန်တင်ရထားခရီးစဉ်အရေအတွက်သည် မကြာသေးမီနှစ်များအတွင်း တစ်ဟုန်ထိုးတိုးလာခဲ့ပြီး နိုင်ငံတကာ ထောက်ပံ့ရေးကွင်းဆက် တည်ငြိမ်ရေးအား ကူညီပေးနေကြောင်း သိရသည်။ (Xinhua)

…………………………………
(English Version)
China launches another direct China-Europe freight train service
A cargo train, carrying 110 excavators, departed for Moscow on Sunday from Anyang, central China’s Henan Province.
This marks that another direct China-Europe freight train service has been launched.
The train, with a cargo value of nearly 60 million yuan (about 8.7 mln USD), will arrive in Moscow after about 18 days.
This year marks the 10th anniversary of the Belt and Road Initiative (BRI).
The number of China-Europe freight train trips has increased rapidly in recent years, helping stabilize the international supply chain.
Xinhua News Agency correspondents reporting from Anyang, China.(XHTV)