ပေကျင်း၊ မတ် ၈ ရက်(ဆင်ဟွာ) နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီးဝမ်ရိက ယနေ့ ပေကျင်းမြို့တွင် ကျင်းပသည့် နိုင်ငံခြားရေးမူဝါဒဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ကိုရီးယားကျွန်းဆွယ်အရေးဆွေးနွေးမှုများကိုဆက်လက်လုပ်ဆောင်သွားရန် တရုတ်နိုင်ငံအနေဖြင့်တိုက်တွန်းလိုကြောင်း.၊ နျူကလီယားလက်နက်ကင်းစင်ရေးမျှော်မှန်းချက်ပန်းတိုင်ကိုလည်းရောက်ရှိမည်ဟုယုံကြည်ပါကြောင်းပြောကြားခဲ့သည်။(Xinhua)
ပေကျင်း၊ မတ် ၈ ရက်(ဆင်ဟွာ) နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီးဝမ်ရိက ယနေ့ ပေကျင်းမြို့တွင် ကျင်းပသည့် နိုင်ငံခြားရေးမူဝါဒဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုအနေဖြင့် အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းမှတစ်ဆင့် အကျိုးဖြစ်ထွန်းရန်လိုလားပြီး ထိပ်တိုက်တွေ့ဆုံခြင်းကိုရှောင်ရှားရန်လိုအပ်ကြောင်းပြောကြားခဲ့သည်။(Xinhua)
ပေကျင်း၊ မတ် ၈ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက ကုလသမဂ္ဂကိုအခြေပြုသည့် နိုင်ငံတကာစံနှုန်းများနှင့် မူဝါဒများကို ကိုင်စွဲကျင့်သုံးသွားမည်သာဖြစ်ကြောင်း နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီးဝမ်ရိက ယနေ့ ပေကျင်းမြို့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။ (Xinhua)
ပေကျင်း၊ မတ် ၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံပေကျင်းတွင် ကျင်းပလျက်ရှိသည့် နှစ်ပတ်လည်အစည်းအဝေးများတွင် ဆင်ဟွာသတင်းဋ္ဌာနမှ သတင်းထောက်များလည်း တက်ရောက်ကာ သတင်းရယူလျက်ရှိရာ AR နည်းပညာသုံးစမတ် မျက်မှန်များဖြင့် Live Stream ထုတ်လွှင့်မှုများလည်းဆောင်ရွက်နိုင်ခဲ့သည်။ အဆိုပါမျက်မှန်များကို တပ်ဆင်ထားရုံဖြင့် ကင်မရာများကို ကိုင်ထားစရာမလိုဘဲ recording လုပ်နိုင်ကာ Live Stream တိုက်ရိုက်ထုတ်လွှင့်မှုများ...
ပေကျင်း၊ မတ် ၇ ရက်(ဆင်ဟွာ) ၁၃ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအစည်းအဝေးများနှင့် တရုတ်အမျိုးသားကွန်ဂရက်အစည်းအဝေးများ ကို တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကျင်းပလျက်ရှိရာ အဆိုပါအစည်းအဝေးများနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များကို ဆင်ဟွာသတင်းဋ္ဌာန၏ ကမ္ဘာ့ပထမဆုံး အမျိုးသမီးစက်ရုပ်သတင်းကြေညာသူက သတင်းတင်ဆက် ပေးခဲ့သည်။(Xinhua)
ပေကျင်း၊ မတ် ၇ ရက်(ဆင်ဟွာ) သမ္မတရှီကျင့်ဖိန်က ဇီဝဗေပတ်ဝန်းကျင်ကောင်းမွန်စွာလည်ပတ်နိုင်စေရန်အထူးအလေးထားဆောင်ရွက်ပြီး သဘာဝပတ်ဝန်းကျင်ကို ခုတုံးလုပ်ကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေမည့် ကိစ္စရပ်များကို လက်မခံကြောင်း အမျိုးသားကွန်ဂရက် ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။ Xi@Two Session သမ္မတရှီကျင့်ဖိန် နှင့် နှစ်ပတ်လည်အစည်းအဝေးများ အပိုင်း ၂ ကို ဆင်ဟွာသတင်းထောက်တစ်ဦးဖြစ်သည့် Kate Capstick က...
ပေကျင်း၊ မတ် ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက စီးပွားရေးကဏ္ဍတွင် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း တရုတ်အဆင့်မြင့် စီးပွားရေး စီမံရေးရာ နှင့် အမျိုးသား အကျိုးစီးပွားတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် အကြီးအကဲ He Li Feng က ၁၃ ကြိမ်မြောက် တရုတ်အမျိုးသားကွန်ဂရက်...
ပေကျင်း၊ မတ် ၆ ရက်(ဆင်ဟွာ) ဆရာဆရာမများမှသည် တောင်သူလယ်သမားများအထိ သိပ္ပံပညာရှင်များမှသည် ရုပ်ရှင်ဒါရိုက်တာများအထိ နယ်ပယ်ကဏ္ဍအသီးသီးမှ ကိုယ်စားလှယ်များသည် တရုတ်နိုင်ငံပေကျင်းမြို့ တွင် တရုတ်နိုင်ငံ၏ အဆင့်မြင့် ဥပဒေပြုရေးနှင့် နိုင်ငံရေးအကြံပေးအဖွဲများ၏ နှစ်ပတ်လည်အစည်းအဝေးများတက်ရောက်ရန် စုဝေးရောက်ရှိ လာကြပါသည်။ မတ်လ ၄ ရက်နေ့တွင်တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ဆွေးနွေးပွဲသို့တက်ရောက်ခဲ့ပြီး ယဉ်ကျေးမှု အနုပညာ လူမှုသိပ္ပံ...
ပေကျင်း ၊ မတ် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုအနေဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းကသာအကောင်းဆုံး ရွေးချယ်မှုဖြစ်ကြောင်း တရုတ် ကုန်သွယ်ရေးဝန်ကြီး Zhong Shan က ပေကျင်းမြို့တွင် ပြုလုပ်လျက်ရှိသည့် ၁၃ ကြိမ်မြောက် တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် တွင်ပြောကြားခဲ့သည်။(Xinhua)
ပေကျင်း ၊ မတ် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ဝါဒကြောင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများအတွက် အကျိုးကျေးဇူးဖြစ်ထွန်းစေနိုင်ခဲ့ကြောင်း ပေကျင်းမြို့တွင် ပြုလုပ်လျက်ရှိသည့် ၁၃ ကြိမ်မြောက် တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် တွင် တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် ၏ ဒုတိယဝန်ကြီး Li Dongsheng ကပြောကြားခဲ့သည်။ (Xinhua)