Connect with us

Videos

တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်စည် ကုန်သွယ်မှုမှာ ပထမ ၇ လတာကာလအတွင်း ၁၀.၄ ရာခိုင်နှုန်းအထိမြင့်တက်

ပေကျင်း၊ ဩဂုတ် ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်စည် ကုန်သွယ်မှုပမာဏသည် ယခုနှစ် ပထမ ၇ လတာကာလအတွင်း ယွမ် ၂၃ ဒသမ ၆ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ထရီလီယံခန့်) ရောက်ရှိခဲ့ရာ ယမန်နှစ်ကထက် ၁၀.၄ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ကြောင်း ဩဂုတ် ၇ ရက်က ထုတ်ပြန်ခဲ့သည့်တရားဝင်အချက်အလက်များအရ သိရသည်။

ပို့ကုန်ပမာဏမှာ ၁၄ ဒသမ ၇ ရာခိုင်နှုန်း၊ ယွမ်ငွေအားဖြင့် ၁၃ ဒသမ ၃၇ ထရီလီယံအထိ ယမန်နှစ်ကထက် တိုးတက်လာခဲ့သလို သွင်းကုန်ပမာဏမှာလည်း ပြီးခဲ့သည့်နှစ်ကထက် ၅ ဒသမ ၃ ရာခိုင်နှုန်း၊ ယွမ်ငွေအားဖြင့် ၁၀ ဒသမ ၂၃ ထရီလီယံအထိ တိုးတက်လာခဲ့ကြောင်း အထွေထွေ အကောက်ခွန်ဦးစီးဌာန (GAC) မှ ထုတ်ပြန်ချက်အရ သိရသည်။
ထိုအတောအတွင်း တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း၊ ဥရောပသမဂ္ဂ နှင့် အမေရိကန်နိုင်ငံတို့နှင့် ကုန်စည်ကူးသန်းရောင်းဝယ်မှုပမာဏမှာ ယမန်နှစ်ကထက် ၁၃.၂ ရာခိုင်နှုန်း၊ ၈.၉ ရာခိုင်နှုန်းနှင့် ၁၁.၈ ရာခိုင်နှုန်းအထိ အသီးသီး ကျယ်ပြန့်လာခဲ့သည်။

ဇန်နဝါရီလမှ ဇူလိုင်လအထိ တရုတ်နိုင်ငံက ရပ်ဝန်းနှင့်ပိုးလမ်းမတစ်လျှောက်ရှိနိုင်ငံများ၊ ဒေသတွင်း ဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု (RCEP) အဖွဲ့ဝင်နိုင်ငံများနှင့် ကုန်စည်ကူးသန်းရောင်းဝယ်မှုပမာဏမှာ ၁၉.၈ ရာခိုင်နှုန်းနှင့် ၇.၅ ရာခိုင်နှုန်းရှိလာခဲ့ပြီး ယခင်နှစ်ကထက်တိုးတက်လာခဲ့သည်။

ဇူလိုင်လတွင် RCEP မိတ်ဖက်နိုင်ငံများနှင့် ကုန်စည်ကူးသန်းရောင်းဝယ်မှု ပမာဏမှာ ယွမ် ၁.၁၇ ထရီလီယံ သို့ရောက်ရှိခဲ့ပြီး ယမန်နှစ်ကထက် ၁၈.၈ ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်။ ယင်းမှာ နိုင်ငံခြားကုန်စည်ကူးသန်းရောင်းဝယ်မှု ပမာဏကို ၅.၆ ရာခိုင်နှုန်းအထိ မြှင့်တင်ပေးခဲ့ကြောင်း GAC ၏ တာဝန်ရှိသူ Li Kuiwen က ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.