Connect with us

Videos

ဂျကာတာ-ဘန်ဒေါင်းမြန်နှုန်းမြင့်ရထားလမ်းနှင့်ကိုက်ညီသည့် အမြန်ရထားများကို သီးသန့်ထုတ်လုပ်

ချင်းသောင်၊ ဩဂုတ် ၈ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ-ဘန်ဒေါင်းမြန်နှုန်းမြင့်ရထားလမ်း HSR တွင် ပြေးဆွဲအသုံးပြုရန် မြန်နှုန်းမြင့်ရထားများနှင့် ဘက်စုံစစ်ဆေးရေး ရထားတစ်စင်းကို တရုတ်နိုင်ငံ အရှေ့ပိုင်း ချင်းသောင်မြို့တွင် ဩဂုတ်လ ၅ ရက်က ထုတ်ဖော်ပြသခဲ့သည်။

နိုင်ငံပိုင် ရထားလမ်းကုမ္ပဏီတစ်ခုဖြစ်သည့် PT Kereta Api Indonesia (PT KAI) ၏ အဆိုအရ မြန်နှုန်းမြင့် ရထားလမ်းစီမံကိန်း၏ တိုးတက်မှုသည် ၇၆ ရာခိုင်နှုန်းအထိ ရောက်ရှိပြီဖြစ်ကြောင်းသိရသည်။ ဘူတာ လေးခုတွင် ရပ်နားမည့် စုစုပေါင်း အရှည် ၁၄၂.၃ ကီလိုမီတာရှည်လျားသော နှစ်လမ်းမောင်း ရထား လမ်းကြောင်းပေါ်၌ ရထားများပြေးဆွဲမည် ဖြစ်သည်။

တစ်နာရီလျှင် ၃၅၀ ကီလိုမီတာ အမြန်နှုန်းဖြင့်ပြေးဆွဲရန်ဒီဇိုင်းထုတ်ထားသည့် မြန်နှုန်းမြင့်ရထားလမ်းကို တရုတ်နိုင်ငံ ၏ နည်းပညာများဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး ဂျကာတာမြို့နှင့် အနောက်ဂျာဗားပြည်နယ် မြို့တော်ဘန်ဒေါင်းအကြား ခရီးကြာမြင့်ချိန်ကို ယခင် ၃ နာရီကျော်ရှိရာမှ မိနစ် ၄၀ ဝန်းကျင်အထိ လျှော့ချပေးနိုင်မည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.