Connect with us

Media

တိဗက်ဒေသက ကမ္ဘာပေါ်တွင် ပတ်ဝန်းကျင်အနေအထားအကောင်းဆုံးဒေသများထဲတွင်ပါဝင်နေဆဲဖြစ်

လားဆ၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ)

မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံရှိ တိဗက်ဒေသသည် ဂေဟပတ်ဝန်းကျင် ကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေးတွင် ပြောင်မြောက်သောအောင်မြင်မှုများ ရရှိခဲ့သည်။

တရုတ်နိုင်ငံအနောက်တောင်ပိုင်း တိဗက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ၂၀၂၁ ခုနှစ် တွင် ဒေသတွင်း ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များ တည်ငြိမ်လျက်ရှိသောကြောင့်  ကမ္ဘာပေါ်တွင် အကောင်းဆုံး ပတ်ဝန်းကျင်ဧရိယာများထဲတွင် တစ်ခုအဖြစ် ရပ်တည်လျက်ရှိကြောင်း ဇွန်လတွင်ထုတ်ပြန်ခဲ့သည့် ကြေညာချက်တစ်ခုအရသိရသည်။

ပြီးခဲ့သည့်နှစ်တွင် တိဗက်ဒေသရှိ အဓိက မြစ်ကြီးများနှင့်ရေကန်များရှိ ရေအရည်အသွေးသည် ယေဘုယျအားဖြင့်ကောင်းမွန်ခဲ့သည်။ ရာလူဇန့်ပုမြစ်နှင့် လားဆမြစ် အပါအဝင်မြစ်ကြီးများ၏ ရေမျက်နှာပြင်အဆင့်သတ်မှတ်ချက်မှာ အဆင့် ၂ အဖြစ်သတ်မှတ်ခံခဲ့ရပြီး ချိုမိုလန်းမားတောင်ခြေရှိ ရုန်းပုမြစ်သည် အဆင့် ၁ အဖြစ်သတ်မှတ် ခံခဲ့ရကြောင်း  ဂေဟဗေဒနှင့်ပတ်ဝန်းကျင်ဆိုင်ရာ ဒေသတွင်းဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မကြာသေးမီနှစ်အတွင်း တိဗက်ဒေသ၌  ဂေဟစနစ် ကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေးတွင် ထူးထူးခြားခြား အောင်မြင်မှုများ ရရှိခဲ့သည်။ထိုဒေသတွင်အဓိကမြစ်ကြီး ၃၃ စင်းအပါအဝင် မြစ်ကြောင်းအရင်းအမြစ်ကာကွယ်ရေးစနစ်ကိုမြှင့်တင်ခဲ့ပြီး အာရှတိုက်၏ ရေအရင်းအမြစ်တာဝါကြီးတစ်ခုအဖြစ် ဂေဟဗေဒ လုပ်ဆောင်မှုများကို တိုးတက်စေရန်အားထုတ်ကြိုးပမ်းနေကြောင်း ယင်းဌာန၏ ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ Shui Yanping ဆိုသူကဆိုသည်။ (Xinhua)