Connect with us

Media

ပီလိုစီ၏ ထိုင်ဝမ်ခရီးစဉ်မှာ တင်းမာမှုများကိုသာဖန်တီးစေကြောင်း တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာ လက်ခံကြောင်း ကုလသမဂ္ဂ အကြီးအကဲ ဆို

နယူးယောက်၊ ဩဂုတ်လ ၅ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပီလိုစီ ၏ ထိုင်ဝမ်ခရီးစဉ်သည် တင်းမာမှုများကို မြင့်တက်အောင်ဖန်တီးခြင်းဖြစ်ပြီး တစ်ကမ္ဘာလုံးက တရုတ်တစ်နိုင်ငံတည်းမူဝါဒကိုသာ အတည်ပြုကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ဩဂုတ်လ ၃ ရက်တွင် ပြောကြားခဲ့သည်။

ယူကရိန်းအကျပ်အတည်းနှင့်စပ်လျဉ်းပြီး ကမ္ဘာလုံးဆိုင်ရာအကျပ်အတည်းများတုံ့ပြန်ရေးအဖွဲ့၏ အစီရင်ခံစာတစ်ရပ်ကို ထုတ်ပြန်သည့်သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ၎င်း၏ရပ်တည်ချက်ကိုရှင်းလင်းစွာ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ရဲ့ရပ်တည်ချက်က သိပ်ကိုရှင်းလင်းပါတယ်၊ ကျွန်တော်တို့ဟာ အထွေထွေညီလာခံရဲ့ပဋိဉာဉ် နဲ့အညီ တရုတ်တစ်နိုင်ငံတည်းမူဝါဒကို လိုက်နာတဲ့အပြင်  ဒါဟာကျွန်တော်တို့ အလုံးစုံလိုက်နာကျင့်သုံးရမယ့် အခင်းအကျင်းဖြစ်ပါတယ်” ဟု ဂူတာရက်စ် က ဆိုသည်။

ကုလသမဂ္ဂအထွေထွေညီလာခံက ၁၉၇၁ ခုနှစ်တွင် ပဋိဉာဉ် အမှတ် ၂၇၅၈ ကို ကျင့်သုံးခဲ့ပြီး ယင်းမှာ ကုလသမဂ္ဂတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) ၏ တရားဝင် ရပိုင်ခွင့်များ ကို ပြန်လည်ရယူထိန်းသိမ်းရန် ဖြစ်သည်။ ထို့ပြင် ကုလသမဂ္ဂတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရ ကိုယ်စားလှယ်များကို ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ၏ တစ်ခုတည်းသောတရားဝင်ကိုယ်စားလှယ်များအဖြစ် အသိအမှတ်ပြုရန် ဆုံးဖြတ်ခဲ့သည်။ (Xinhua)