ကန်းစု၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းစုပြည်နယ်တွင် ယန်ကျင်းကော ဆိုသည့် အနုပညာရှင်တစ်ဦးသည် ဥခွံအမျိုးမျိုးပေါ်တွင် ပန်းချီဆွဲခြင်း ဥခွံများဖြင့် ပန်းပု အနုပညာ ထုလုပ်ခြင်းတို့ကို လက်ရာမြောက်စွာပြုလုပ်သူတစ်ဦးဖြစ်ပြီး ၎င်း၏ အနုပညာလက်ရာမြောက် ဖန်တီးထားသည့် ဥခွံများကို အမှတ်တရ စုဆောင်းသိမ်းဆည်းပြသထားကြောင်းသိရသည်။ (Xinhua)
ရန်ကုန်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) အတွင်းဝန်ရုံး(ဝန်ကြီးများရုံး)အား ပြုပြင်ထိန်းသိမ်းမှုများပြုလုပ်ပြီး အာဇာနည်ပြတိုက်အဖြစ် ၂၀၁၉ခုနှစ်အတွင်း ဖွင့်လှစ်ပြသသွားမည်ဖြစ်ကြောင်း အတွင်းဝန်များရုံး ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိန်းက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ အဆိုပါ အာဇာနည်ပြတိုက်အတွင်း လွှတ်တော်ပြတိုက်၊ မြန်မာ့ယဉ်ကျေးမှုပြခန်းများ၊ တိုင်းရင်းသားများ၏ အသုံးအဆောင်ပစ္စည်း အရောင်းဆိုင်များနှင့် ပြခန်းများခင်းကျင်းပြသသွားမည်ဖြစ်ပြီး အပြင်ဘက်ဝန်းကို ပြည်သူများဝင်ရောက်နိုင်သော...
ရန်ကုန်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) ပုဂံဒေသရှိ ဘုရားများပေါ်သို့ တက်ရောက်ခြင်းမပြုရသည့် အကြောင်းအရင်းများနှင့် ပတ်သက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ တက်ရောက်ခြင်းမပြုရသည့် အကြောင်းအရင်းများအား အသိပေးခြင်းအား ဇူလိုင်လ ၅ ရက်နေ့က ထုတ်ပြန်လိုက်သည်။ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ရှေးဟောင်း အဆောက်အအုံ များမှာ အေဒီ...
ရန်ကုန်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA)ရေးထိုးထားသော အဖွဲ့များကြားတွင် ပစ်ခတ်တိုက်ခိုက်မှု ၈၀ ရာခိုင်နှုန်းထိလျော့ကျလာကြောင်း ဇူလိုင်လ ၅ ရက်နေ့ကကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် JMC-U ၏ အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ပြောကြားသည်။ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U)၏ သုံးနှစ်တာကာလအတွင်း...
ဘန်ကောက် ၊ဇူလိုင် ၆ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံတောင်ပိုင်း ပင်လယ်ပြင်တွင် ဇူလိုင်လ ၅ရက်က ရာသီဥတုဆိုးရွားသဖြင့် လှေနှစ်စင်း တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ ည ၈ း၃၀ နာရီအထိ တိမ်းမှောက်ခဲ့သည့် လှေနှစ်စီးပေါ်မှခရီးသည် ၁၃၃ယောက်အနက် အများစုကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။ သို့သော်ခရီးသည်အားလုံးကို ကယ်ဆယ်နိုင်ခဲ့ခြင်းရှိမရှိကိုမူ ထိုင်းအာဏာပိုင်များက...
ဝါရှင်တန်ဒီစီ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ) အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီတွင် ဇူလိုင်လ ၄ ရက်နေ့ က လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မီးရှူးမီးပန်းများ ကောင်းကင်ပြင်၌ လှပစွာ ဂုဏ်ပြုပစ်ဖောက်ခဲ့ရာ ပိုတောမတ်မြစ်ကမ်းတစ်လျှောက် တွင် မီးရှူးမီးပန်းအလှများကို လာရောက်ကြည့်ရှုသူထောင်ပေါင်းများစွာရှိခဲ့သည်။ (Xinhua)
ရန်ကုန်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အထောက်အကူပြုရန် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ မော်တော်ယာဉ် ၁၀စီး ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက်က ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)တွင် ပြုလုပ်ကျင်းပခဲ့ကြောင်း...
ပေကျင်း၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ) တရုတ်စစ်သင်တန်းကျောင်းမှ ဗိုလ်လောင်းများ၏စွမ်းရည်မြှင့်တင်လေ့ကျင့်ရေးပြိုင်ပွဲတစ်ရပ်ကျင်းပခဲ့ရာ ဆင်ဟွာသတင်းဋ္ဌာနမှ သွားရောက်ရိုက်ကူးဖြစ်ခဲ့သည်။ ပြိုင်ပွဲကျင်းပရာ အဖွဲ့တစ်ဖွဲ့တွင် အဖွဲ့ဝင်၁ဝ ဦးစီပါဝင်သည့် အဖွဲ့ပေါင်း ၃၇ ဖွဲ့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ထိုပြိုင်ပွဲတွင် ကုန်းလမ်းရေလမ်းတစ်လျှောက်အတားအဆီးများကို ဖြတ်ကျော်ခြင်း၊လက်နက်ကိုင်စွမ်းရည်များနှင့် လက်ဖြောင့်စွမ်းရည်တို့ကို အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရသည်။ စစ်ဘက်ဆိုင်ရာစွမ်းရည်များမြင့်တက်စေရန်နှင့် တရုတ်စစ်သည်တို့၏ အရည်အသွေးများကို တိုးတက်စေလိုသည့်ရည်ရွယ်ချက်ဖြင့် တရုတ်နိုင်ငံရှိ...
ရှန်းယန်၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ၏ အရှေ့မြောက်ပိုင်းနှင့် အနောက်တောင်ပိုင်းကိုပထမဆုံး ချိတ်ဆက်ပြေးဆွဲမည်ဖြစ်ပြီးနိုင်ငံ၏ ခရီးအရှည်ဆုံး အမြန်ရထားပြေးဆွဲသည့် ဝန်ဆောင်မှုကို စတင်လိုက်ပြီဖြစ်ကြောင်းသိရသည်။ အမြန်ရထားမှာ ရှန်းယန်မြို့နှင့် ချန်ဒူးမြို့တို့ကို ပြေးဆွဲပို့ဆောင်မည်ဖြစ်ပြီး လမ်းခရီးတစ်လျှောက်ပြည်နယ်ပေါင်းများစွာကို ဖြတ်သန်းသွားမည်ဖြစ်သည်။ ခရီးစဉ်တစ်လျှောက်မိုင်ပေါင်း ၂၅၅၆ ကီလိုမီတာရှည်လျားပြီး တရုတ်ပြည်တွင်း ပြေးဆွဲသည့်ရထားလမ်းများတွင် မိုင်နှုန်းအရှည်လျားဆုံးလည်းဖြစ်သည်။ ထို...
ကွေ့ကျိုး၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်းကွေ့ကျိုးပြည်နယ်ရှိ ဖန်ကျင်းရှန်းတောင်ကို ၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့ တွင် ယူနက်စကို (UNESCO) က ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ်သတ်မှတ်ခဲ့သည်။ ၎င်းမှာ အမြင့်ပေ ၂၅၇၂ မီတာမြင့်သည့် ဝူလင်းတောင်တန်း ၏ အမြင့်ဆုံးတောင်တစ်တောင်ဖြစ်ပြီး အပင်မျိုးစိတ်စုစုပေါင်း ၄၃၉၅...