Connect with us

Media

ပြင်သစ်နိုင်ငံတွင် ဓါတ်ဆီဈေးနှုန်း တစ်လီတာလျှင် ၂.၁၉ ဒေါ်လာ ကျော်အထိရောက်ရှိ

ပါရီ၊ မတ် ၁၇ ရက် (ဆင်ဟွာ)

ယူကရိန်း နိုင်ငံ အကြပ်အတည်းကြောင့် ပြင်သစ်နိုင်ငံတွင် ဓါတ်ဆီ ဈေးနှုန်းမှာ လက်ရှိတွင် တစ်လီတာလျှင် ၂ ယူရို (အမေရိကန် ဒေါ်လာ ၂.၁၉ဒေါ်လာ) ကျော်လွန်လျက်ရှိရာ စီးပွားရေးလုပ်ငန်းများနှင့် အိမ်ထောင်စုများ အတွက် ကုန်ကျစရိတ် ကြီးစွာ တိုးမြင့်လျက်ရှိကြောင်းသိရသည်။

ဖေဖော်ဝါရီလ လယ်ပိုင်းတွင် ပြင်သစ်နိုင်ငံ၌ ဓါတ်ဆီတစ်လီတာလျှင် ပျမ်းမျှ အားဖြင့် ၁.၇၉ ယူရို ကျသင့်ခဲ့သည်။

ဖေဖော်ဝါရီ လကုန်ပိုင်းတွင် ယူကရိန်းအကြပ်အတည်းပေါ်ပေါက်လာခြင်းကြောင့် ရက်အနည်းငယ်အတွင်း ဓာတ်ဆီတစ်လီတာလျှင် ၂ ယူရိုကျော်အထိ လျှင်မြန်စွာ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်းသိရသည်။

မတ် ၁၄ ရက် (တနင်္လာနေ့) မှ စတင်ကာ ပြင်သစ်နိုင်ငံ၏ အဓိကဓါတ်ဆီလက်လီအရောင်းဆိုင်များတွင် တစ်လီတာလျှင် ယူရို ၃၅ ဆင့် ခန့် ပျမ်းမျှ ကျဆင်းသွားခဲ့သည်။

ပြင်သစ်နိုင်ငံဝန်ကြီးချုပ်က ဧပြီ ၁ ရက်မှ စတင်ကာ ပြင်သစ်နိုင်ငံသားများအားလုံး ဓါတ်ဆီတစ်လီတာလျှင် ၁၅ ယူရိုဆင့်ဖြင့် ပေးချေနိုင်မည်ဖြစ်ပြီး ၄ လအတွင်း အကျိုးခံစားခွင့်ရှိမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ပြင်သစ်နိုင်ငံဘဏ်၏ ထုတ်ပြန်ချက်အရ   နိုင်ငံ၌ နှစ်စဉ် ငွေ‌ကြေးဖောင်းပွမှု နှုန်းမှာ ယခုနှစ်တွင် ၃.၇ ရာခိုင်နှုန်းအထိရောက်ရှိလာနိုင်မည်ဟုခန့်မှန်းထားကြောင်းသိရသည်။

ဆင်ဟွာသတင်းထောက်များက ပဲရစ်မြို့မှ သတင်းပေးပို့ခဲ့ခြင်းဖြစ်သည်။ (Xinhua)

………………………….

(English Version)

GLOBALink | France sees soaring fuel prices

PARIS, March 16 (Xinhua) — The price of petrol now exceeds two euros (2.19 U.S. dollars) per liter in France because of the Ukraine crisis, putting a severe strain on business and household budgets.

In mid-February, the average price of petrol in France was 1.70 euros per liter.

Following the Ukraine crisis in the last days of February, the price rocketed to over two euros per liter within a few days.

Starting from Monday, petrol stations of France’s major retail brands have introduced an average decrease of around 35 eurocents per liter.

The French prime minister has also said that from April 1, all French citizens who use petrol will be reimbursed 15 eurocents per liter, which will be in effect for four months.

According to the Bank of France, the annual inflation rate in the country is expected to reach 3.7 percent this year.

Xinhua News Agency correspondents reporting from Paris.

(XHTV)

Produced by Xinhua Global Service

 

 

 

 

 

 

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.