Connect with us

Videos

ဂါဇာမြို့သားများက ပါလက်စတိုင်းအရေးတွင် အမေရိကန်၏ “စံနှုန်းနှစ်ခွမူဝါဒ”အပေါ်စိတ်ပျက်လျက်ရှိ

ဂါဇာ၊ မတ် ၁၅ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံအစိုးရနှင့် ၎င်း၏ မဟာမိတ် အနောက်နိုင်ငံများသည် ပါလက်စတိုင်းအရေးကိစ္စအပေါ် “စံနှုန်းနှစ်ခွမူဝါဒ” ကျင့်သုံးနေခြင်းအား ဂါဇာမြို့သူမြို့သားများက စိတ်ပျက်နေကြကြောင်းသိရသည်။

ဂါဇာအခြေစိုက် နိုင်ငံရေးကျွမ်းကျင်သူ Salah Abdul Ati က“ကျွန်တော်တို့ ဟာ လက်နက်ကိုင်ပဋိပက္ခ တွေကြားမှာ သားကောင်တွေဖြစ်လာခဲ့ပြီးတော့ အမေရိကန် နိုင်ငံအစိုးရနဲ့ သူ့ရဲ့ မဟာမိတ် အနောက်နိုင်ငံတွေရဲ့ ပါလက်စတိုင်းအရေးကိစ္စအပေါ်ထားရှိတဲ့ “စံနှုန်းနှစ်ခွမူဝါဒ” နဲ့ နိုင်ငံရေးစံနှုန်းတွေပေါ် ကျွန်တော်တို့ရှုတ်ချတယ်ဆိုတာကို အသေအချာပြောနိုင်ပါတယ်သူတို့ဟာ လူသားအခွင့်အရေးစံနှုန်းတွေနဲ့ စံချိန်တွေအားလုံးကို ပစ်ပယ်ခဲ့ကြပြီးသူတို့ရဲ့ အကျိုးစီးပွားတစ်ခုတည်းကိုပဲ ဂရုစိုက်ခဲ့ကြတာပါအခြားတစ်ဖက်က ကြည့်မယ်ဆိုရင်လည်း သူတို့ဟာ အစ္စရေးရဲ့ လုပ်ထုံးလုပ်နည်းတွေကို မဝံ့မရဲ ပြစ်တင်ရှုတ်ချခဲ့ကြပြီး ပါလက်စတိုင်းတို့ရဲ့ တရားဝင် စည်းမျဉ်းသတ်မှတ်ချက်တွေအဖြစ် အသိအမှတ်ပြုထားခဲ့တဲ့ ပါလက်စတိုင်းပြည်သူတွေရဲ့ အခွင့်အရေးကို အာမခံနိုင်တဲ့ လုပ်ဆောင်မှုတွေလည်းမရှိခဲ့ပါဘူး
ကျွန်တော်တို့ဟာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ချိတ်ဆက်နိုင်တဲ့ ဘက်စုံကမ္ဘာ တစ်ခုကို လိုလားတောင့်တပါတယ်

နောက်ပြီးပါလက်စတိုင်းပြည်သူတွေရဲ့အခွင့်အရေးတွေကို ကြီးမားစွာချိုးဖောက်ခြင်းကိုအဆုံးသတ်ဖို့နဲ့ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ပြဌာန်းသတ်မှတ်ပိုင်ခွင့်တွေကို ရရှိလိုပါတယ်” ဟုဆိုသည်။
၁၉၄၈ ခုနှစ်တွင် အစ္စရေး၌ အနောက်နိုင်ငံများ၏ ကျောထောက်နောက်ခံ ဖန်တီးမှုနှင့်အတူ ပါလက်စတိုင်း ၏ နယ်မြေပိုင်နက်များအား အစ္စရေးက သိမ်းပိုက်ခဲ့ပြီးနောက် ဖြစ်ပွားခဲ့သည့် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခမှာ ဆယ်စုနှစ်များစွာကြာမြင့်နေပြီဖြစ်ကြောင်းသိရသည်။ဆင်ဟွာသတင်းဌာနမှ သတင်းထောက်များသည် ပါလက်စတိုင်းနိုင်ငံ ဂါဇာမှ တိုက်ရိုက်သတင်းပေးပို့ခဲ့ခြင်းဖြစ်သည်။(Xinhua)

……………………
(English Version)

Gazans disappointed with U.S. “double standards” on Palestinian issue
Gazans have expressed their disappointment with the U.S. administration and its allies from Western countries, which adopt “double standards” in their stance on the Palestinian issue.
SOUNDBITE (Arabic): SALAH ABDUL ATI, Gaza-based political expert
“While we declare our solidarity with the victims of armed conflicts, we affirm our condemnation of the continuation of double standards and political values followed by the U.S. and its allies in the Western world.
They have dropped all human rights values and bars, as they are only concerned with their interests.
On the other hand, there are timid condemnations of Israel’s practices and a lack of action to guarantee the rights of the Palestinian people, which are recognized by Palestinian legitimacy resolutions.

We demand a multipolar world, the reform of the United Nations and the international community, an end to the massive violations of the right of the Palestinian people and our right to self-determination.”

The Israeli-Palestinian conflict has been going on for decades, following the Israeli occupation of Palestinian territories and the Western-backed creation of Israel in 1948.
Xinhua News Agency correspondents reporting from Gaza, Palestine.
(XHTV)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.