Connect with us

China

အလွတ်နှင်းလျှော်စီးပြိုင်ပွဲတွင် Gu Ailing(Eileen Gu) ရွှေတံဆိပ်ဆု ဆွတ်ခူးမှု၏ နောက်ကွယ်က တရုတ်တိုင်းရင်းဆေး စွမ်းအား

တရုတ်အားကစားသမား Gu Ailing(Eileen Gu)၏ ပြိုင်ပွဲဝင် ပုံရိပ်များကို ဖေဖော်ဝါရီ ၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ချိန်တူး၊ ဖေဖော်ဝါရီ ၉ ရက်(ဆင်ဟွာ)

ပေကျင်း ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲ၏ ဖေဖော်ဝါရီ ၈ ရက်က ကျင်းပသော အလွတ်နှင်းလျှော်စီး အမျိုးသမီး အမြင့်ခုန်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် Gu Ailing(Eileen Gu)က အံအားသင့်ဖွယ်အနိုင်ရရှိခဲ့သည်။ ၎င်းမှာ တရုတ်အမျိုးသမီး ဆီးနှင်းအားကစားကဏ္ဍ ဆောင်းရာသီအိုလံပစ်ပွဲတွင် ပထမဆုံးအကြိမ် ရွှေတံဆိပ် ဆွတ်ခူးခြင်း ဖြစ်ကြောင်း သိရသည်။

Gu Ailing(Eileen Gu) ဖန်တီးလိုက်သည့် တရုတ်ဆီးနှင်းအားကစားသမိုင်း၏ နောက်ကွယ်တွင် စီချွမ်း တရုတ်တိုင်းရင်းဆေး အရိုးရောဂါ ကုသရေးပညာရှင်များ ခိုင်ခိုင်မာမာ ကာကွယ်စောင့်ရှောက်ပေးမှုများ ရှိခဲ့သည်။

တရုတ်အားကစားသမား Gu Ailing(Eileen Gu)၏ ပြိုင်ပွဲဝင် ပုံရိပ်များကို ဖေဖော်ဝါရီ ၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်အားကစားသမား Gu Ailing(Eileen Gu)၏ ပြိုင်ပွဲဝင် ပုံရိပ်များကို ဖေဖော်ဝါရီ ၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

စီချွမ်းပြည်နယ် အရိုးအထူးကုဆေးရုံ သမားတော် ကျူးကျန်းဝေသည် ဆောင်းရာသီအိုလံပစ်ပွဲ တရုတ်နိုင်ငံ အလွတ်နှင်းလျှော်စီး အမြင့်ခုန်နှင့် အတားအဆီးဖြတ်ကျော်အဖွဲ့၏ ဆရာဝန်တစ်ဦး ဖြစ်သည်။ ဆောင်းရာသီအိုလံပစ်ပွဲ ပိုမိုကောင်းမွန်စွာ ပြင်ဆင်နိုင်ရန်အတွက် ၂၀၂၁ ခုနှစ် အောက်တိုဘာမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ကျူးကျန်ဝေသည် အားကစားအဖွဲ့နှင့်အတူ ဩစတြီးယား၊ ဆွစ်ဇာလန်၊ အမေရိကန် စသည့်နေရာများသို့ လိုက်ပါပြီး အားကစားအဖွဲ့သားများအတွက် အချိန်နှင့်တစ်ပြေးညီ ဆေးကုသရန် ပံ့ပိုးပေးခဲ့သည်။

ထိုကာလအတွင်း Gu Ailing(Eileen Gu)နှင့်အဖွဲ့သားများက လေ့ကျင့်မှုနှင့်ပြိုင်ပွဲအပြီးတွင် လေ့ကျင့်ရေးစခန်းသို့သွားရောက်ပြီး ဆေးကုသမှု ပြန်လည်ထူထောင်ရေးကုထုံးများကို အကြိမ်များစွာ လုပ်ဆောင်ခဲ့ရသည်။ Gu Ailing(Eileen Gu)၏ ခန္ဓာကိုယ်အနေအထားအရ စီချွမ်း ကျိန့်မျိုးနွယ် တရုတ်တိုင်းရင်းဆေး အရိုးအထူးကုထုံးဖြင့် သင့်လျော်သည့် ရုပ်ပိုင်းဆိုင်ရာကုထုံးများဖြင့် စွမ်းရည်လေ့ကျင့်မှုရအောင် လမ်းညွှန်ပေးခဲ့သလို ကြိုတင်ကာကွယ်မည့်နည်းများအား အကြံပြုပြောကြားခဲ့ရကြောင်း သိရသည်။ ၎င်းမှာ Gu Ailing(Eileen Gu) အတွက် ပြင်ပလေ့ကျင့်မှုကာလအတွင်း ဒဏ်ရာရမှု အတတ်နိုင်ဆုံး လျှော့ချနိုင်ခဲ့ပြီး အကောင်းဆုံးအနေထားဖြင့် ဆောင်းရာသီ အိုလံပစ်ပွဲကို ပါဝင်နိုင်ဖို့ ခိုင်မာသည့် အခြေခံ အုတ်မြစ် ချထားပေးနိုင်ခဲ့သည်။

လက်ရှိတွင် ကျူးကျန်းဝေနှင့် စီချွမ်းပြည်နယ် အရိုးအထူးကုဆေးရုံမှ ဆေးဘက်ဆိုင်ရာပညာရှင်များက ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ မြေပြင်တွင် တရုတ်အားကစားသမားများအတွက် တရုတ်တိုင်းရင်းဆေး အရိုးကုသမှုများ ပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။
“စီချွမ်းရဲ ကျိန့် တရုတ်တိုင်းရင်းဆေး အရိုးကုသမှုက တရုတ်တိုင်ရင်းဆေး အရိုးဒဏ်ရာကုသမှုရဲ့ အဓိက ဂိုဏ်းတစ်ခု ဖြစ်ပါတယ်။ တရုတ်တိုင်းရင်းဆေးမှာ အရိုးဒဏ်ရာရတာနဲ့ အားကစားဒဏ်ရာ ကုသမှုတွေမှာ သိုင်းပညာနဲ့တရုတ်တိုင်းရင်းဆေးပေါင်းစပ်ကုသမှု၊ အားကစားနှင့်တရုတ်တိုင်းရင်းဆေးပညာပေါင်းစပ်ကုသမှုဆိုပြီး တစ်မူထူးခြားတဲ့ ကုထုံးစနစ်တစ်ခုရှိတယ်၊ ဒါက အားကစားသမားတွေ အလျင်အမြန် အားအင်ဖြည့်တင်းပေးရာမှာ အလွန်သင့်လျော်သလို ဒဏ်ရာရ နာကျင်မှုတွေကို ကြိုတင်ကာကွယ်တာနဲ့ ထိရောက်စွာ ကုသရာမှာလည်း အထောက်အကူပြုတယ်”ဟု ကျူးကျန်းဝေက ဆိုသည်။

၁၉၅၀ ပြည့်နှစ်များတွင် စီချွမ်းပြည်နယ် အရိုးအထူးကုဆေးရုံ၌ အားကစားဒဏ်ရာ ကြိုတင်ကာကွယ်၊ကုသခြင်း လုပ်ငန်းများ စတင်ခဲ့ရာ နာမည်ကျော်အားကစားသမားများအတွက် ဆေးကုသမှုပေးခဲ့ကြောင်း သိရသည်။ ပေကျင်းဆောင်ရာသီအိုလံပစ် ပြိုင်ပွဲ အကြိုပြင်ဆင်ရာတွင်လည်း စီချွမ်းပြည်နယ် အရိုးအထူးကုဆေးရုံက ဆေးပညာရှင် ၂၄ ဦး စေလွှတ်ပြီး Figure skating၊ alpine skiingစသည့် ရေခဲနှင်းအားကစားအဖွဲ့ ၇ ဖွဲ့ အမျိုးသားလေ့ကျင့်ရေးအသင်းအဖွဲ့အတွက် စခန်းအခြေစိုက် ဆေးကုသရေးဝန်ဆောင်မှုပေးခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………
(Chinese Version)

(北京冬奥会)谷爱凌夺金背后的中医力量
2022-02-08 17:41:43
新华社成都2月8日电(记者董小红)8日的北京冬奥会自由式滑雪女子大跳台比赛中,谷爱凌上演超级大逆转,奇迹般夺冠。这是中国女子雪上项目在冬奥会上获得的首枚金牌。
谷爱凌创造中国冰雪历史,背后有着四川中医骨科医疗保障专家的坚实护航。
四川省骨科医院主治医师朱江伟,是冬奥会中国自由式滑雪大跳台和坡面障碍技巧队队医,为更好备赛冬奥会,2021年10月-2022年1月,朱江伟随队辗转奥地利、瑞士、美国等地,随时为队员提供医疗保障。
在此期间,谷爱凌团队在训练及比赛结束后,多次前往国家集训队驻地寻求医疗康复治疗。针对谷爱凌的身体特质,朱江伟运用四川郑氏中医骨科特殊手法给予了恰当的物理治疗,指导她进行功能锻炼,并给予保护性预防措施建议,尽量减少谷爱凌外训外赛期间的伤病,为谷爱凌以最佳状态参加冬奥会打下了坚实基础。
目前,朱江伟和四川省骨科医院的几位医疗专家在冬奥会现场为中国队员提供独特的中医骨科医疗保障。
“四川郑式中医骨科是中国中医骨伤重要流派之一,在中医骨伤和运动创伤临床诊疗过程中,形成了武医结合、体医结合的独特学术体系,非常适合帮助运动员迅速恢复体力,预防和有效治疗伤痛。”朱江伟说。
据悉,从20世纪50年代起,四川省骨科医院就开启了运动创伤防治工作,先后为多位知名运动员进行了诊治。自北京冬奥会备赛以来,四川省骨科医院先后派出24位医护专家为花样滑冰队、高山滑雪队等7支冰雪项目国家集训队提供了驻队医疗服务。(完)
图说1:2月8日,中国选手谷爱凌在比赛中。新华社记者 李尕 摄