Connect with us

China

တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) တည်ထောင်ခြင်း ၇၅ နှစ်ပြည့်နှစ်ပတ်လည် ဂုဏ်ပြုဧည့်ခံပွဲအခမ်းအနား ပေကျင်းမြို့တွင် ကျင်းပ၊ သမ္မတ ရှီကျင့်ဖိန် အရေးကြီးမိန့်ခွန်း ပြောကြား

တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) တည်ထောင်ခြင်း ၇၅ နှစ်ပြည့်နှစ်ပတ်လည် ဂုဏ်ပြုဧည့်ခံပွဲအခမ်းအနားကို စက်တင်ဘာ ၃၀ ရက် ညပိုင်းက ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော် သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် က အခမ်းအနားသို့ တက်ရောက်၍ အရေးကြီးမိန့်ခွန်းပြောကြားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)
တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) တည်ထောင်ခြင်း ၇၅ နှစ်ပြည့်နှစ်ပတ်လည် ဂုဏ်ပြုဧည့်ခံပွဲအခမ်းအနားကို စက်တင်ဘာ ၃၀ ရက် ညပိုင်းက ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော် သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အခမ်းအနားသို့ တက်ရောက်၍ အရေးကြီးမိန့်ခွန်းပြောကြားခဲ့သည်။

ထိုသို့ပြောကြားရာ၌ ရှီကျင့်ဖိန်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) တည်ထောင်ခြင်း ၇၅ နှစ်ကြာ ကာလတွင် မိမိတို့ပါတီသည် နိုင်ငံတစ်ဝန်း တိုင်းရင်းသားပြည်သူအသီးသီးကို စည်းလုံညီညွတ်စွာ ဦးဆောင်၍ မဆုတ်မနစ်ကြိုးပမ်းအားထုတ်ခဲ့ရာတွင် စီးပွားရေး အရှိန်အဟုန်မြင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုအသိုက်အဝန်း ရေရှည် တည်ငြိမ်မှုဟူသော အံ့ဖွယ်နှစ်ရပ်ကို ဖန်တီးတည်ဆောက်နိုင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံတွင် ဧရာမ အပြောင်းအလဲကြီးများ ဖြစ်ပွားခဲ့ရာ တရုတ် အမျိုးသား မဟာပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးသည် ပြောင်းလဲ၍မရသည့် သမိုင်းဖြစ်စဉ်သို့ တက်လှမ်းခဲ့ပါကြောင်း၊ ခေတ်သစ်ခရီးစဉ်သစ်တွင် တရုတ်ပြည်သူများသည် ပို၍ ထွန်းလင်းတောက်ပြောင်မှုကို မုချမသွေ ဖန်တီးမည် ဖြစ်သလို လူသားမျိုးနွယ်တို့၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဟူသော ကြီးမြတ်သည့် လုပ်ငန်းအတွက် ပို၍ကြီးမားသော အကျိုးစီးပွားကို မုချမသွေ ဆောင်ကြဉ်းပေးမည် ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။

အဆိုပါ ကြိုဆိုဧည့်ခံပွဲတွင် လီချန်က သဘာပတိအဖြစ်ဆောင်ရွက်ပြီး ကျောက်လဲ့ကျိ၊ ဝမ်ဟုနင်၊ ချိုက်ချီ၊ တင်းရွှဲရှန်၊ လီရှီး၊ ဟန်ကျိန့်တို့ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသလို တရုတ်ပြည်တွင်း၊ ပြည်ပ လူပုဂ္ဂိုလ် ၃,၀၀၀ ခန့် အတူဆုံစည်းကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ၇၅ နှစ်ပြည့်အထိမ်းအမှတ်အတွက် အတူတကွ ဂုဏ်ပြုခဲ့ကြသည်။

ပြည်သူ့ခန်းမဆောင် ဂုဏ်ပြုညစာစားပွဲခန်းမတွင် မီးရောင်များနှင့် ထွန်းလင်းတောက်ပြောင်ကာ ပျော်ရွှင်မှု၊ စိတ်အားထက်သန်မှု အငွေ့အသက်များနှင့် ပြည့်နှက်လျက်ရှိပါသည်။ သမ္မတစင်မြင့်အထက်တွင် နိုင်ငံတော် အထိမ်းအမှတ် အမှတ်တံဆိပ် ချိတ်ထားသလို “၁၉၄၉ ခုနှစ် – ၂၀၂၄ ခုနှစ်” ဟူသော စာလုံးမှာ ရဲရဲတောက်အနီရောင်အလံတွင် အပေါ်လွင်လျက်ရှိပေသည်။

ညနေ ၁၇ နာရီ ၃၀ မိနစ်ခန့်တွင် ကြည်နူးပျော်ရွှင်ဖွယ် ဧည့်ကြိုတေးသံများအကြား ရှီကျင့်ဖိန်နှင့် အခြားသူတို့သည် ညစာစားပွဲခန်းမသို့ ဝင်ရောက်ကာ အားလုံးအား လက်ဝှေ့ယမ်းနှုတ်ဆက်ခဲ့ကြရာ ခန်းမဆောင်တစ်ခုလုံး လက်ခုပ်သံများဖြင့် စည်ကားခဲ့ပါသည်။
ဧည့်ခံပွဲစတင်ချိန်တွင် အားလုံးမတ်တတ်ရပ်ကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နိုင်ငံတော်သီချင်းကို သီဆိုခဲ့ကြရာ အားမာန်ပြည့်ဝသည့် 《စေတနာ့ဝန်ထမ်းများ၏ ချီတက်ပွဲ》တေးသံသည် ခန်းမတစ်ခုလုံး ပဲ့တင်ထပ်သွားပေသည်။

ကျယ်လောင်သော ခရာမှုတ်သံနှင့်အတူ ရှီကျင့်ဖိန်သည် စင်မြင့်သို့ လျှောက်လှမ်းခဲ့ပြီး အရေးကြီးမိန့်ခွန်းပြောကြားခဲ့သည်။
၎င်းက ပါတီဗဟိုကော်မတီနှင့် နိုင်ငံတော်ကောင်စီကိုယ်စား နိုင်ငံတစ်ဝန်း တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၊ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် စစ်သည်အရာရှိများ၊ လက်နက်ကိုင်ရဲတပ်ဖွဲ့ အရာရှိစစ်သည်များ၊ ဒီမိုကရက်တစ်ပါတီအသီးသီး၊ ပါတီနှင့်မသက်ဆိုင်သည့် လူပုဂ္ဂိုလ်များအား အထူးလေးစားပါကြောင်း၊ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ မွေးချင်းများ၊ မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသ မွေးချင်းများ၊ ထိုင်ဝမ်မွေးချင်းများနှင့် ပြည်ပတရုတ်နွယ်ဖွယ်ဖွား မွေးချင်းများအား ရင်းနှီးစွာ နှုတ်ခွန်းဆက်သပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ဆောက်ရေးလုပ်ငန်းတွင် ဂရုစိုက်မှု၊ အားပေးထောက်ခံမှု ပြုခဲ့ကြသည့် ချစ်ကြည်ရင်းနှီးသော နိုင်ငံနှင့် နိုင်ငံတကာမိတ်ဆွေသင်္ဂဟများအား အထူးကျေးဇူးတင်ရှိပါကြောင်း ဦးစွာ ပထမ ပြောကြားခဲ့သည်။

ရှီကျင့်ဖိန်က တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းမှုဖြင့် အင်အားကြီးနိုင်ငံ တည်ဆောက်ရေး၊ အမျိုးသား ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးကို ဘက်စုံတွန်းအားပေး ဆောင်ရွက်ခြင်းသည် ခေတ်သစ်ခရီးစဉ်သစ်ဖြစ်သည့် ပါတီနှင့်နိုင်ငံ၏ အဓိကတာဝန်ဖြစ်ကြောင်း ထောက်ပြပြောကြားခဲ့သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်းကို ဂုဏ်ပြုသည့် အကောင်းဆုံးလှုပ်ရှားမှုမှာ ဤကဲ့သို့ ရှေးယခင်ကမရှိခဲ့ဖူးသည့် ကြီးမြတ်သောလုပ်ငန်းကို စဉ်ဆက်မပြတ် ရှေ့သို့ တွန်းအားပေးဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းရေးကို တွန်းအားပေးရာတွင် ပါတီက အခင်းအကျင်းတစ်ရပ်လုံးကို ကိုင်တွယ်ဆောင်ရွက်ခြင်း၊ ဘက်ပေါင်းစုံ ညှိနှိုင်းရေးကို ဦးဆောင်သည့် အချက်အချာကဏ္ဍမှပါဝင်ခြင်းအား အစဉ်တစိုက် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပါတီဗဟိုကော်မတီ၏ ဩဇာအရှိန်အဝါနှင့် တစ်စုတစ်စည်းတည်း ဦးဆောင်မှုကို ခိုင်မာစွာ ကာကွယ်ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ ပါတီအား ဘက်စုံကြပ်မတ်စွာ စီမံအုပ်ချုပ်ခြင်းကို အမြဲမပြတ် ဆောင်ရွက်ရမည် ဖြစ်ပြီး ပါတီ၏ မိမိပင်ကိုယ် ပြုပြင်ပြောင်းလဲမှုဖြင့် ကြီးမြတ်သည့် လူမှုတော်လှန်ရေးကို ရှေ့ဆောင်ရန် ကြိုးပမ်းရမည် ဖြစ်ကြောင်း၊ တရုတ်ဝိသေသလက္ခဏာဆောင်သည့် ဆိုရှယ်လစ်ဝါဒလမ်းစဉ်ကို အစဉ်အမြဲ ခိုင်မာစွာ လျှောက်လှမ်းကာ တစ်ဆင့်တိုး ဘက်စုံနက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲမှု၊ တိုးချဲ့တံခါးဖွင့်လှစ်မှု ပြုရမည် ဖြစ်ကြောင်း၊ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို အားသွန်ဆောင်ရွက်ရမည် ဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ရှေ့သို့ချီမည့် ကံကြမ္မာကို တရုတ်ပြည်သူတို့၏လက်ထဲတွင် ခိုင်မာစွာ ဆုပ်ကိုင်ရန် ကြိုးပမ်းရမည် ဖြစ်ကြောင်း၊ ပြည်သူသည် အဓိက၊ အလုံးစုံသည် ပြည်သူ့အတွက် ၊ အရာအားလုံးသည် ပြည်သူတွင် တည်မီသည်ကို အစဉ်တစ်စိုက် လက်ကိုင်ထားရမည် ဖြစ်ပြီး ပြည်သူတစ်ရပ်လုံးအား အတူကြိုးပမ်းမှုတွင် ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ရလဒ်များကို အတူမျှဝေခံစားနိုင်စေရန် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး လမ်းစဉ်ကို အစဉ်တစိုက် ခိုင်မာစွာ လျှောက်လှမ်းရမည် ဖြစ်ရာ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ ဘုံအကျိုးဖြစ်ထွန်းရေး အလံကို အမြင့်မှာလွှင့်ထူကာ ကမ္ဘာ့အေးချမ်းသာယာရေးနှင့် လူသားမျိုးနွယ် အတူတကွ တိုးတက်ရေးကို မြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရှီကျင့်ဖိန်က တရုတ် အမျိုးသားမဟာပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ခြင်းသည် ဟောင်ကောင်မွေးချင်းများ၊ မကာအို မွေးချင်းများ၊ ထိုင်ဝမ် မွေးချင်းများအပါအဝင် တရုတ်ပြည်သူများ၏ ဘုံသဘောဆန္ဒ ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။ “တစ်နိုင်ငံ စနစ် နှစ်မျိုး” ၊ “ဟောင်ကောင်အား ဟောင်ကောင်သားများ အုပ်ချုပ်ခြင်း”၊ “မကာအိုအား မကာအိုသားများ အုပ်ချုပ်ခြင်း”၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် မြင့်မားခြင်းဟူသော လမ်းညွှန်ချက်ကို ဘက်စုံ အတိအကျ ခိုင်မာမြဲမြံစွာ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဟောင်ကောင်၊ မကာအို၏ ရေရှည် တည်ငြိမ်စွာ ဖွံ့ဖြိုးစည်ပင်ရေးကို မမှိတ်မသုန် ခိုင်မာစွာ ကာကွယ် မြှင့်တင်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရှီကျင့်ဖိန်က ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ မွန်မြတ်သည့်နယ်နိမိတ် ဖြစ်ပြီး ရေလက်ကြား နှစ်ဖက်ကမ်းပြည်သူများသည် အသက်သွေးကြောချင်း ဆက်နွှယ်နေသည့် သွေးသားရင်းချာများ ဖြစ်ကြောင်း ထောက်ပြပြောကြားခဲ့သည်။ တရုတ်တစ်နိုင်ငံတည်းမူဝါဒ နှင့် “၁၉၉၂ ခုနှစ် သဘောတူညီချက်” ကို ခိုင်မာစွာ ကျင့်သုံးကာ ရေလက်ကြားဖြတ်ကျော်ဆက်ဆံရေး စီးပွားရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေး ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာ ဆောင်ရွက်ပြီး ရေလက်ကြားနှစ်ဖက်ကမ်း မွေးချင်းများ စိတ်ချင်းယှက်နွှယ်မှုကို မြှင့်တင်ရမည်ဖြစ်သလို “ထိုင်ဝမ် သီးခြားရပ်တည်ရေး” ခွဲထွက်ရေးလှုပ်ရှားမှုများကို အခိုင်အမာ ဆန့်ကျင်ရမည် ဖြစ်ကြောင်း၊ အမိနိုင်ငံ ပြီးပြည့်စုံစွာ ပေါင်းစည်းရေးကို ဖော်ဆောင်ခြင်းသည် ပြောင်းလဲ၍မရသည့် အခြေအနေ၊ တရားမျှတသည့် တည်ရှိမှု၊ ပြည်များ၏ လိုလားရာ စိတ်ဆန္ဒ ဖြစ်ပြီး သမိုင်း၏ရေစီးကြောင်းကို မည်သူက မည်သည့်နည်းနှင့်မျှ တားဆီး၍ မရကြောင်း ၎င်းက ပြောကြားခဲ့သည်။

လူသားတို့သည် ကမ္ဘာတစ်ခုတည်းတွင် အတူယှဉ်တွဲနေထိုင်ကြရာ နိုင်ငံအသီးသီးရှိ ပြည်သူများ၏ ကံကြမ္မာသည် အေးအတူ ပူအမျှ အတူဒွန်တွဲတည်ရှိကြကြောင်း ရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။ လူသားမျိုးနွယ်တို့၏ ဘုံစံတန်ဖိုးကို မြှင့်တင်ရမည် ဖြစ်သလို တန်းတူညီမျှ စနစ်ကျသည့် ကမ္ဘာ့ ဗဟုအသွင်ပြောင်းမှု၊ အများအကျိုးဖြစ်ထွန်း၍ အများပါဝင်မှုရှိသည့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအသွင်ပြောင်းမှုကို ရှေ့ဆောင်တွန်းအားပေးရမည် ဖြစ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက် (GDI)၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အဆိုပြုချက် (GSI)၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှု အဆိုပြုချက် (GCI) အကောင်အထည်ဖော်ရေးကို တွန်းအားပေးရမည် ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲရေးနှင့် တည်ဆောက်ရေးတွင် အပြုသဘောပါဝင်ကာ လူသားမျိုးနွယ် အေးအတူ ပူအမျှအသိုက်အဝန်း တည်ဆောက်ရေးကို တွန်းအားပေးရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရှီကျင့်ဖိန်က ၇၅ နှစ်ကြာ ခက်ခဲပင်ပန်းစွာ ကြိုးပမ်းခဲ့ရာတွင် တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းမှုသည် လှပသည့်ပန်းချီကားသဖွယ် ပေါ်လွင်လာပြီး တောက်ပသည့် အနာဂတ်အလားအလာများ ထွက်ပေါ်လာပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တစ်ချိန်တည်းတွင်ပင် ရှေ့သို့ လျှောက်လှမ်းရာ လမ်းမှာ တညီတညွတ်တည်း ဖြောင့်ဖြူးနေမည် မဟုတ်ဘဲ အခက်အခဲအတားအဆီးများ ရှိမည်မှာ သေချာကြောင်း၊ မိမိတို့အနေဖြင့် အေးချမ်းသည့်နေရာ၌နေထိုင်သော်လည်း အန္တရာယ်အခက်အခဲကို ကြိုတင်စဉ်းစားပြင်ဆင်ထားပြီး မသေချာမရေရာသော၊ မခန့်မှန်းနိုင်သော အန္တရာယ်စိန်ခေါ်မှု အားလုံးကို ပြတ်ပြတ်သားသား အနိုင်ယူရမည် ဖြစ်ကြောင်း၊ မည်သည့်အခက်အခဲကမျှ တရုတ်ပြည်သူများ၏ ရှေ့သို့ ချီတက်သည့် ခြေလှမ်းကို ဟန့်တား၍ မရကြောင်း ၎င်းက ပြောကြားခဲ့သည်။

အခမ်းအနားတွင် ပျော်ရွှင်ဖွယ်တေးသံများနှင့်အတူ တရုတ်နိုင်ငံ ပြည်တွင်း၊ ပြည်ပ ဧည့်သည်တော်များက ဂုဏ်ပြုခွက်မြှောက်ကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ၇၅ နှစ်ပြည့် အထိမ်းအမှတ်ကို ဂုဏ်ပြုခဲ့ကြပြီး တရုတ်နိုင်ငံ ဖွံ့ဖြိုးစည်ပင်သာယာပါစေကြောင်း၊ ပြည်သူများ အေးချမ်းသာယာပါစေကြောင်း၊ တရုတ်ပြည်သူနှင့် ကမ္ဘာ့ နိုင်ငံအသီးသီး ပြည်သူများ၏ ချစ်ကြည်ရေး အစဉ် တည်မြဲပါစေကြောင်း ဆုမွန်ကောင်းတောင်းခဲ့ကြသည်။ (Xinhua)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) တည်ထောင်ခြင်း ၇၅ နှစ်ပြည့်နှစ်ပတ်လည် ဂုဏ်ပြုဧည့်ခံပွဲအခမ်းအနားကို စက်တင်ဘာ ၃၀ ရက် ညပိုင်းက ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပရာ ရှီကျင့်ဖိန်၊ လီချန်၊ ကျောက်လဲ့ကျိ၊ ဝမ်ဟုနင်၊ ချိုက်ချီ၊ တင်းရွှဲရှန်၊ လီရှီး၊ ဟန်ကျိန့် စသည့် ပါတီနှင့် နိုင်ငံ ခေါင်းဆောင်များနှင့်အတူ ပြည်တွင်းပြည်ပ ဧည့်သည်တော် ၃,၀၀၀ ခန့် စုစည်းပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ၇၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုကြစဉ် (ဆင်ဟွာ)

………………………………..
(Chinese Version)
庆祝中华人民共和国成立75周年招待会在京隆重举行 习近平发表重要讲话
新华社北京9月30日电 庆祝中华人民共和国成立75周年招待会30日晚在人民大会堂隆重举行。中共中央总书记、国家主席、中央军委主席习近平出席招待会并发表重要讲话。他强调,中华人民共和国成立75年来,我们党团结带领全国各族人民不懈奋斗,创造了经济快速发展和社会长期稳定两大奇迹,中国发生沧海桑田的巨大变化,中华民族伟大复兴进入了不可逆转的历史进程。新时代新征程,中国人民必将创造出新的更大辉煌,必将为人类和平和发展的崇高事业作出新的更大贡献。
李强主持招待会,赵乐际、王沪宁、蔡奇、丁薛祥、李希、韩正出席招待会。约3000名中外人士欢聚一堂,共庆新中国75周年华诞。
人民大会堂宴会厅华灯璀璨,洋溢着喜庆热烈的节日氛围。主席台上方高悬着庄严的国徽,“1949-2024”大字年号在鲜艳红旗映衬下格外醒目。
17时30分许,在欢快的《迎宾曲》中,习近平等步入宴会厅,向大家挥手致意,全场响起热烈掌声。
招待会开始。全场起立,高唱中华人民共和国国歌,雄壮的《义勇军进行曲》在大厅回荡。
在嘹亮的号角声中,习近平走上主席台,发表重要讲话。他首先代表党中央和国务院,向全国各族人民、向中国人民解放军指战员和武警部队官兵、向各民主党派和无党派人士致以崇高敬意,向香港特别行政区同胞、澳门特别行政区同胞、台湾同胞和海外侨胞致以诚挚问候,向关心和支持新中国建设事业的友好国家和国际友人致以衷心感谢。
习近平指出,以中国式现代化全面推进强国建设、民族复兴,是新时代新征程党和国家的中心任务。庆祝共和国华诞的最好行动,就是把这一前无古人的伟大事业不断推向前进。推进中国式现代化,必须始终坚持党总揽全局、协调各方的领导核心作用,坚决维护党中央权威和集中统一领导,持之以恒推进全面从严治党,努力以党的自我革命引领伟大社会革命。必须始终坚持中国特色社会主义道路,进一步全面深化改革、扩大开放,着力推动高质量发展,努力把国家发展进步的命运牢牢掌握在中国人民手中。必须始终坚持以人民为中心,一切为了人民,一切依靠人民,努力让全体人民在共同奋斗中共享改革发展成果。必须始终坚持走和平发展道路,高举和平、发展、合作、共赢旗帜,努力促进世界和平安宁和人类共同进步。
习近平强调,实现中华民族伟大复兴,是包括香港同胞、澳门同胞、台湾同胞在内的全体中华儿女的共同愿望。要全面准确、坚定不移贯彻“一国两制”、“港人治港”、“澳人治澳”、高度自治的方针,坚定不移维护和促进香港、澳门长期繁荣稳定。
习近平指出,台湾是中国的神圣领土,两岸人民血脉相连、血浓于水。要坚持一个中国原则和“九二共识”,深化两岸经济文化交流合作,促进两岸同胞心灵契合,坚决反对“台独”分裂活动。实现祖国完全统一,是大势所趋、大义所在、民心所向,历史的车轮谁都无法阻挡。
习近平强调,人类共处一个地球,各国人民命运与共。要弘扬全人类共同价值,倡导平等有序的世界多极化、普惠包容的经济全球化,推动落实全球发展倡议、全球安全倡议、全球文明倡议,积极参与全球治理体系改革和建设,推动构建人类命运共同体。
习近平指出,经过75年的艰苦奋斗,中国式现代化已经展开壮美画卷并呈现出无比光明灿烂的前景。同时,前进道路不可能一马平川,必定会有艰难险阻。我们要居安思危、未雨绸缪,坚决战胜一切不确定难预料的风险挑战。任何困难都无法阻挡中国人民前进的步伐。
在欢快的乐曲声中,中外宾朋举杯共贺中华人民共和国成立75周年,祝福中国繁荣昌盛、人民幸福安康,中国人民和世界各国人民友谊长存。