Connect with us

Africa & Middle East

နိုင်ငံတကာရေးရာ စောင့်ကြည့်လေ့လာမှု – အရှေ့အလယ်ပိုင်း ပဋိပက္ခ နေရာအများအပြားတွင် ပြင်းထန်လာ၊ ဘက်စုံစစ်ပွဲ အန္တရာယ် တိုးမြင့်လာ

အစ္စရေး-လက်ဘနွန်နယ်စပ်၊ အစ္စရေးဘက်ခြမ်းတွင် အစ္စရေးစစ်တပ်ကို စက်တင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- အစ္စရေးနိုင်ငံ ကာကွယ်ရေးတပ်ဖွဲ့)

အမ်မန်/ဂျေရုဆလမ်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)
ယခုရက်ပိုင်း အရှေ့အလယ်ပိုင်းအခြေအနေ ဆက်လက် အရှိန်အဟုန် မြင့်တက်လာခဲ့သည်။ အစ္စရေးစစ်တပ်က ယီမင် ဟူသီလက်နက်ကိုင်တပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ဆိပ်ကမ်းနှင့် ဓာတ်အားပေးစက်ရုံများစသည့် ပစ်မှတ်များကို စက်တင်ဘာ ၂၉ ရက်တွင် တိုက်ခိုက်ခဲ့ပြီးနောက် လက်ဘနွန်တောင်ပိုင်းရှိ ဟစ်ဇ်ဘိုလာပစ်မှတ်များကို မြေပြင်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု အောက်တိုဘာ ၁ ရက်က ကြေညာခဲ့သလို အောက်တိုဘာ ၂ ရက်တွင် ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသနှင့် ဆီးရီးယားတို့ကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ အစ္စရေး၏ မကြာမီကာလ ဆက်တိုက်လုပ်ရပ်များကို တုံ့ပြန်သည့်အနေဖြင့် အီရန်က အောက်တိုဘာ ၁ ရက် ညပိုင်းတွင် အစ္စရေးဘက်သို့ ပဲ့ထိန်းဒုံးကျည်များ အကြီးအကျယ် ပစ်လွှတ်ခဲ့သည်။
အရှေ့အလယ်ပိုင်းအခြေအနေများသည် လွန်ခဲ့သည့် နှစ်ပတ်အတွင်း ရုတ်တရက်ပိုမိုဆိုးရွားလာခဲ့ပြီး နေရာများစွာကို တဖြည်းဖြည်း ပျံ့နှံ့သည့်အခြေအနေဖြစ်ပေါ်ကာ ယိုလျှံသက်ရောက်မှုမှာလည်း နေ့စဉ်နှင့်အမျှ ထင်ရှားလာကြောင်း လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။ အရှေ့အလယ်ပိုင်းဒေသတွင် ဘက်စုံစစ်ပွဲဖြစ်နိုင်ခြေ မြင့်တက်လာပြီး နောက်ဆက်တွဲဖြစ်ပေါ်မှုသည် အစ္စရေး၏ နောက်ထပ်လုပ်ဆောင်မှုများအပေါ် အဓိကမူတည်မည်ဖြစ်သည်။
စစ်ရေးပဋိပက္ခများ နေရာအများအပြားသို့ ပျံ့နှံ့သွား
ယခုနှစ်စက်တင်ဘာလတွင် လက်ဘနွန်၌ ဆက်သွယ်ရေးစက်ကိရိယာများ ပေါက်ကွဲမှုဖြစ်ပွားပြီးကတည်းက လက်ဘနွန်-အစ္စရေး ပဋိပက္ခသည် ရုတ်တရက် ပြင်းထန်လာခဲ့သည်။ အစ္စရေးသည် လက်ဘနွန်ဟစ်ဇ်ဘိုလာအဖွဲ့ ခေါင်းဆောင် Nasrallah အပါအဝင် ဟစ်ဇ်ဘိုလာ အကြီးတန်း ပုဂ္ဂိုလ်အများအပြားကို “ပစ်မှတ်ထား ရှင်းလင်းခြင်း” များ ဆက်တိုက် ပြုလုပ်ခဲ့သည်။ အစ္စရေးစစ်တပ်သည် လက်ဘနွန် တောင်ပိုင်းနယ်စပ်ဒေသရှိ ဟစ်ဇ်ဘိုလာပစ်မှတ်များကို “အကန့်အသတ်ဖြင့် မြေပြင်စစ်ဆင်ရေးများ” လုပ်ဆောင်ခဲ့ပြီး နောက်ပိုင်းတွင် လက်ဘနွန်၌ မြေပြင်တိုက်ခိုက်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း အောက်တိုဘာ ၁ ရက် နံနက်အစောပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
လက်ဘနွန်ဟစ်ဇ်ဘိုလာအဖွဲ့က အောက်တိုဘာ ၂ ရက် နံနက်ပိုင်းတွင် လက်ဘနွန်တောင်ပိုင်းနယ်စပ်ဒေသသို့ ဝင်ရောက်လာသော အစ္စရေးအထူးတပ်ဖွဲ့များနှင့် အပြင်းအထန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း လက်ဘနွန်စစ်တပ် သတင်းရင်းမြစ်များက ထိုနေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ အစ္စရေးစစ်တပ်သည် အောက်တိုဘာ ၃ ရက် နံနက်အစောပိုင်းတွင် လက်ဘနွန်မြို့တော် ဘေရွတ် တစ်နေရာရှိ ကျန်းမာရေး အဆောက်အအုံကို ထပ်မံ လေကြောင်း တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့သည်။
အစ္စရေး၏ မကြာသေးမီက ဆက်တိုက်လုပ်ရပ်များကို တုံ့ပြန်သော အားဖြင့် အောက်တိုဘာ ၁ ရက် ညပိုင်းတွင် အီရန်သည် အစ္စရေးသို့ ပဲ့ထိန်းဒုံးကျည်များ ပစ်လွှတ်ခဲ့ကြောင်း အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့က အောက်တိုဘာ ၁ ရက် ညပိုင်းတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အီရန်သည် အောက်တိုဘာ ၁ ရက် ညပိုင်းတွင် ဒုံးကျည် ၂၀၀ ကျော် ပစ်လွှတ်ခဲ့ပြီး အသံထက်မြန်သည့် Fatah ဒုံးကျည်များကို ပထမဆုံးအကြိမ်အဖြစ် အသုံးပြုခဲ့ကြောင်း အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြား၏ ထုတ်ပြန်ချက်အရ သိရသည်။ အီရန်၏တိုက်ခိုက်မှုသည် “ပြင်းထန်ပြီး အန္တရာယ် တိုးမြှင့်မှု”တစ်ကြိမ်ဖြစ်ကာ အစ္စရေးဘက်မှ အီရန်၏တိုက်ခိုက်မှုကို တုံ့ပြန်သွားမည်ဖြစ်ပြီး အချိန်နှင့် နေရာကိုမူ အစ္စရေးက သတ်မှတ်မည်ဟု အစ္စရေးနိုင်ငံ ကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Daniel Hagari ပြောကြားခဲ့သည်။
ထို့အပြင် အစ္စရေးစစ်တပ်က ယီမင် ဟူသီလက်နက်ကိုင်တပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ဆိပ်ကမ်း၊ ဓာတ်အားပေးစက်ရုံ စသည့်ပစ်မှတ်များကို စက်တင်ဘာ ၂၉ ရက်က အကြီးစားတိုက်ခိုက်ခဲ့ပြီးနောက် အောက်တိုဘာ ၂ ရက်တွင် ဂါဇာကမ်းမြောင်ဒေသနှင့် ဆီးရီးယားတို့ကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
လက်ရှိတွင် အစ္စရေးသည် လက်ဘနွန်ဟစ်ဇ်ဘိုလာအဖွဲ့၊ ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) နှင့် ယီမင်ဟူသီလက်နက်ကိုင်တပ်ဖွဲ့များစသည့် အင်အားစုအသီးသီးနှင့် တိုက်ပွဲဖြစ်ပွားလျက်ရှိရာ စစ်ရေးမှာ ကြာလေပြင်းထန်လေ အခြေအနေကို ဖော်ပြနေကြောင်း Iraq’s Erbil Media and Strategic Studies Center မှ သုတေသီ Ali Moussa က ထောက်ပြခဲ့သည်။
အစ္စရေးနိုင်ငံ Ben Gurion University of the Negev မှ ပါမောက္ခ Yoram Metalle က မကြာသေးမီ ဆက်တိုက်ဖြစ်ပွားခဲ့သော အဖြစ်အပျက်များသည် အရှေ့အလယ်ပိုင်းဒေသတွင် ဘက်စုံစစ်ပွဲများဖြစ်ပွားနိုင်ခြေကို တိုးမြင့်စေသည်ဟု ယူဆသည်။
ဒေသတွင်း မငြိမ်မသက်မှုများ ဆက်လက် ကြီးထွားလာ
အရှေ့အလယ်ပိုင်းတွင် မငြိမ်မသက်မှုများ ပိုမိုပြင်းထန်လာရခြင်း၏ အခြေခံအကြောင်းရင်းမှာ အစ္စရေး၏ လက်ယာယိမ်း အစိုးရသည် ပြည်တွင်းနိုင်ငံရေး အကျိုးစီးပွားအတွက် စစ်ရေးလှုပ်ရှားမှုများ တစ်ဇွတ်ထိုးလုပ်ဆောင်ရန် တွန်းအားပေးနေခြင်း၊ အမေရိကန်ကလည်း အစ္စရေးကို အကန့်အသတ်မရှိ ပံ့ပိုးပေးခြင်းကြောင့်ဖြစ်သည်ဟု လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
အစ္စရေးနိုင်ငံအပေါ် အီရန်၏တိုက်ခိုက်မှုသည် “အလွန်အကျွံ” ဖြစ်ပြီး G7 အနေဖြင့် အီရန်အပေါ် ပိတ်ဆို့အရေးယူသွားမည် ဖြစ်ကြောင်း အမေရိကန်နိုင်ငံ သမ္မတ ဘိုင်ဒန်က အောက်တိုဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။ အစ္စရေးက အီရန်၏နျူကလီးယားအဆောက်အအုံများကို လက်တုံ့ပြန်မှုတစ်စိတ်တစ်ပိုင်းအဖြစ် တိုက်ခိုက်ခြင်းကို အမေရိကန်က ထောက်ခံခြင်းမရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသတွင် စစ်ရေးလှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်နေပြီး ယခုအခါ လက်ဘနွန်နှင့် အီရန်တို့ဘက်သို့ လှည့်လာကာ အမေရိကန်စံနှုန်းများကိုအခြေခံ၍ အရှေ့အလယ်ပိုင်း စနစ်ချမှတ်ရန် ကြိုးပမ်းနေခြင်းသည် ဒေသတွင်းအခြေအနေ ပိုမိုဆိုးရွားလာစေသည့် အကြောင်းရင်းဖြစ်သည်ဟု ဂျော်ဒန်နိုင်ငံရေးလေ့လာသုံးသပ်သူ Mashhur Abu Eid က ယူဆသည်။
အစ္စရေးနိုင်ငံ လက်ရှိခေါင်းဆောင်ပိုင်းအဆင့်သည် စဉ်ဆက်မပြတ် အရှိန်အဟုန်တိုးမြင့်လာသော ရန်လိုလှုပ်ရှားမှုများမှ နိုင်ငံရေးအကျိုးအမြတ်များ ရရှိနိုင်သည့် မဟာမိတ်များကို မှီခိုနေပြီး နေတန်ယာဟု အစိုးရက ယင်းပဋိပက္ခများကို အမျိုးသားစည်းလုံးညီညွတ်မှု အားကောင်းလာစေရန်နှင့် ပြည်တွင်း အငြင်းပွားဖွယ်ရာ ပြဿနာများအား အာရုံလွှဲရန် နည်းလမ်းတစ်ခုအဖြစ် ရှုမြင်ကြောင်း Metalle က ပြောကြားခဲ့သည်။ လက်ရှိတွင် အမေရိကန်နိုင်ငံ အစိုးရအနေဖြင့် အစ္စရေး၏ ဆုံးဖြတ်ချက်ချမှတ်ခြင်းအပေါ် လွှမ်းမိုးမှုမှာ အကန့်အသတ်ရှိသည်။ အစ္စရေးစစ်တပ်က လက်ရှိအခြေအနေကို ရှားပါးအခွင့်အရေးတစ်ခုဟု ရှုမြင်မည်ဖြစ်ပြီး ပါလက်စတိုင်းအဖွဲ့အစည်းအသီးသီးနှင့် လက်ဘနွန်ဟစ်ဇ်ဟိုလာအဖွဲ့ခြိမ်းခြောက်မှုများကို ဖယ်ရှားပစ်ရန် မျှော်လင့်လျက်ရှိသည်။
အမေရိကန်နိုင်ငံ၏ အစ္စရေးသို့ ပေးအပ်သော နိုင်ငံရေး၊ စစ်ရေးနှင့် သံတမန်ရေးရာ အထောက်အပံ့များသည် အစ္စရေးအား လက်နက်အင်အားသုံး၍ အိမ်နီးချင်းနိုင်ငံများကို အဆက်မပြတ် တိုက်ခိုက်နိုင်ပြီး ပဋိပက္ခများ စဉ်ဆက်မပြတ် သက်ဆိုးရှည်စေသည်ဟု “Jordan 24” ဝက်ဘ်ဆိုက်၏ အယ်ဒီတာချုပ် Basel Akul က ပြောကြားခဲ့သည်။
အစ္စရေး၏ ဆုံးဖြတ်ချက်ချမှတ်ခြင်းက ပဋိပက္ခ အလားအလာကို အဆုံးအဖြတ်ပေး
အီရန်က အစ္စရေးကို ပဲ့ထိန်းဒုံးကျည်များနှင့် တိုက်ခိုက်မှုက အနီရောင်စည်းကို ကျော်လွန်ကြောင်း ၎င်းအတွက် အီရန် ပေးဆပ်ရမည်ဖြစ်ကြောင်း အစ္စရေးက ပြောကြားခဲ့သည်။ အီရန်နျူကလီးယားအဆောက်အအုံများကို တိုက်ခိုက်ခြင်း အပါအဝင် အစ္စရေး၏ လက်တုံ့ပြန်လှုပ်ရှားမှုအတွက် “ရွေးချယ်စရာအားလုံးကို မြင်သာအောင်ဖော်ပြထားမည်” ဖြစ်သည်ဟု အစ္စရေးအရာရှိ၏ ပြောကြားမှုကို ကိုးကား၍ အမေရိကန် Axios သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။ အစ္စရေး၏ အီရန်နျူကလီးယား အဆောက်အအုံများကို တိုက်ခိုက်မည့်အပေါ် တုံ့ပြန်ရန် အီရန်လက်နက်ကိုင်တပ်ဖွဲ့များက အဆင်သင့်ဖြစ်နေပြီဟု အီရန် အဏုမြူစွမ်းအင်အဖွဲ့ ဥက္ကဋ္ဌ Eslami က အောက်တိုဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။
အီရန်သည် အစ္စရေးစစ်ရေးနှင့် လုံခြုံရေးပစ်မှတ်များကို ယခုအကြိမ် တိုက်ခိုက်မှုမှာ အတိုင်းအတာတစ်ခုထိ ချုပ်တည်းထားဆဲဖြစ်ကြောင်း၊ အနာဂတ်တွင် အခြေအနေမည်သို့ ဖြစ်ပွားလာမည်မှာ အစ္စရေး၏ တုံ့ပြန်မှုအပေါ်မှာ မူတည်ကြောင်း လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
အစ္စရေးနိုင်ငံတွင် အောက်တိုဘာ ၁ ရက်က ပျက်စီးဆုံးရှုံးမှု အခြေအနေများမှ ကြည့်လျှင် အီရန်၏ ယခုအကြိမ် တန်ပြန်တိုက်ခိုက်မှုသည် “စည်းမျဉ်းစည်းဘောင်အတိုင်း တိုက်ခိုက်”နေဆဲဖြစ်ပြီး အစ္စရေး၏ အရပ်ဘက်အခြေခံအဆောက်အအုံနှင့် အရေးကြီးသော စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်ခြင်းမရှိခဲ့ကြောင်း Moussa က ယူဆသည်။ အီရန်သည် ဘက်စုံစစ်ပွဲကို ဆင်နွှဲရန် ဆန္ဒမရှိသော်လည်း ပြည်တွင်းနှင့် မဟာမိတ် စိတ်ခံစားမှုကို တည်ငြိမ်စေရန် အဓိက ထည့်သွင်းစဉ်းစားပြီး တိုက်ခိုက်ရခြင်း ဖြစ်သည်ဟု ၎င်းက ယူဆသည်။
အစ္စရေးစစ်တပ်က Nasrallah ဗုံးကြဲသတ်ဖြတ်ခဲ့သည့်ဖြစ်ရပ်သည် အီရန်၏ ပုံရိပ်နှင့် သြဇာကို ဆိုးရွားစွာ ထိခိုက်စေခဲ့ကြောင်း အစ္စရေးနိုင်ငံ Tel Aviv တက္ကသိုလ်မှ ပါလက်စတိုင်းလေ့လာရေးဖိုရမ် ညွှန်ကြားရေးမှူး Michael Milstein က ပြောကြားခဲ့သည်။ တီဟီရန်၏ ရှုထောင့်မှကြည့်လျှင် ၎င်းတို့သည် အစ္စရေးတို့၏ တိုက်ခိုက်မှုကို ပြင်းထန်စွာ တုံ့ပြန်ရမည်ဖြစ်သော်လည်း တစ်ချိန်တည်းမှာပင် အီရန်သည် ဘက်စုံစစ်ပွဲဖြစ်ပွားမှုကို ရှောင်ရှားရန် ကြိုးစားလျက်ရှိသည်ဟု ဖော်ပြခဲ့သည်။
ပဋိပက္ခသည် ဘက်စုံစစ်ပွဲအထိ ဆက်လက်ပြင်းထန်လာမည်လားဆိုသည်မှာ အီရန်၏ ဒုံးကျည်တိုက်ခိုက်မှုကို အစ္စရေးက မည်သို့လက်တုံ့ပြန်မည်နှင့် လက်ဘနွန် ရှေ့တန်းရှိ အခြေအနေအပေါ် မူတည်ကြောင်း၊ အစ္စရေးက တိုက်ခိုက်မှု မရပ်တန့်ပါက အခြေအနေမှာ ပိုမိုဆိုးရွားလာမည်ဖြစ်ကြောင်း ဂျော်ဒန်သတင်းအေဂျင်စီ၏ ဥက္ကဋ္ဌဟောင်း Fayek Hijazin က ထောက်ပြခဲ့သည်။
နောက်ဆက်တွဲအခြေအနေ မည်သို့ပင်ပြောင်းလဲစေကာမူ အဓိကသော့ချက်မှာ အစ္စရေးက အီရန်အပေါ် ပြင်းထန်စွာ လက်တုံ့ပြန်မည်လားဆိုသည့်အပေါ်တွင် မူတည်ကြောင်း Shanghai International Studies University မှ အရှေ့အလယ်ပိုင်းလေ့လာရေးဌာနမှ ပါမောက္ခ ဖန့်ဟုန်တာက ပြောကြားခဲ့သည်။ သို့သော်လည်း အစ္စရေးက အီရန်၏ စွမ်းအင်ဆိုင်ရာ အဆောက်အအုံများ၊ နျူကလီးယား အဆောက်အအုံများကိုပင် လေကြောင်း တိုက်ခိုက်မှုများပြုလုပ်ပါက အီရန်ကို ဘက်စုံစစ်ကြေညာလိုက်ခြင်းနှင့် တူညီသည်ကို အစ္စရေးက ရှင်းလင်းစွာသိထားကြောင်း၊ အီရန်သည် ၎င်း၏ တိုက်ခိုက်မှုနယ်ပယ်ကို ချဲ့ထွင်နိုင်စွမ်းရှိကြောင်း၊ အီရန်နှင့် အစ္စရေးတို့ကြား ဘက်စုံစစ်ပွဲစတင် ဖြစ်ပွားမည်ဆိုလျှင် နှစ်နိုင်ငံစလုံးအပြင် အရှေ့အလယ်ပိုင်းတစ်ခုလုံးကိုပင် မှန်းဆမရသော နောက်ဆက်တွဲဆိုးကျိုး သယ်ဆောင်လာနိုင်ကြောင်း၊ ယင်းကိုလည်း အီရန်အနေဖြင့် သိထားပြီးဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

အစ္စရေးက လက်ဘနွန်ဟစ်ဇ်ဘိုလာဌာနချုပ်ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်စဉ်အတွင်း အစ္စရေးလေတပ်အခြေစိုက်စခန်းတွင် အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant (ဝဲဘက်မှ ပထမ) နှင့် အစ္စရေး ကာကွယ်ရေးတပ် စစ်ဦးစီးချုပ် Halevi (အလယ်) တို့ကို စက်တင်ဘာ ၂၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- အစ္စရေးနိုင်ငံ ကာကွယ်ရေးတပ်ဖွဲ့)

………………………………………
(Chinese Version)
国际观察|中东冲突多点升级 全面战争风险增高
新华社安曼/耶路撒冷10月3日电(记者何奕萍 罗晨 王卓伦)中东局势近日持续升级。以色列军方9月29日袭击也门胡塞武装控制的港口和发电站等目标后,10月1日宣布对黎巴嫩南部的真主党目标进行地面打击,2日空袭巴勒斯坦加沙地带和叙利亚。为回应以色列近期一系列行为,伊朗1日晚向以色列大规模发射弹道导弹。
分析人士指出,中东局势过去两周急转直下,呈现多点蔓延态势,外溢效应日趋显著。中东地区爆发全面战争的风险增高,后续发展将主要取决于以色列下一步的行动。
军事冲突多点蔓延
自今年9月黎巴嫩发生通信设备爆炸事件后,黎以冲突陡然升级。以色列连续“定点清除”包括黎巴嫩真主党领导人纳斯鲁拉在内的多名真主党高层人物。以军1日凌晨发表声明说已开始在黎巴嫩南部边境地区对黎真主党目标进行“有限地面行动”,此后对黎巴嫩进行地面打击和空袭。黎军方消息人士2日透露,黎真主党当日上午与进入黎巴嫩南部边境地区的以色列突击队发生激烈交火。以军于3日凌晨又空袭黎巴嫩首都贝鲁特一处卫生设施,导致至少6人死亡。
伊朗伊斯兰革命卫队1日晚发表声明说,伊朗当晚向以色列发射弹道导弹,以报复以色列近期的一系列行为。据伊朗国家电视台报道,伊朗1日晚发射超过200枚导弹,并首次使用法塔赫高超音速导弹。以色列国防军发言人哈加里称,伊朗的袭击是一次“严重而危险的升级”,以色列将对伊朗袭击进行回应,时间和地点将由以色列决定。
此外,以军9月29日大举奔袭也门胡塞武装控制的港口、发电站等目标后,10月2日空袭加沙地带和叙利亚。
伊拉克拉夫德传媒与战略研究中心研究员阿里·穆萨指出,以色列目前与黎巴嫩真主党、巴勒斯坦伊斯兰抵抗运动(哈马斯)和也门胡塞武装等多方作战,战事已呈愈演愈烈之势。
以色列内盖夫本-古里安大学教授约拉姆·梅塔勒认为,近期发生的一系列事件增加了中东地区发生全面战争的风险。
地区动荡不断扩大
分析人士指出,中东局势动荡加剧,究其根本是因为以色列右翼政府出于国内政治利益执意推行军事行动,美国又对以色列提供无限支持。
美国总统拜登2日表示,伊朗袭击以色列的行为是“过激的”,七国集团将会对伊朗实施制裁。美国不支持以色列将打击伊朗核设施作为报复行动的一部分。
约旦政治分析人士马什胡尔·阿布·伊德认为,以色列持续在加沙地带开展军事行动,现在又开始转向黎巴嫩和伊朗,企图以美国标准建立中东秩序,这是地区局势恶化升级的原因。
梅塔勒说,以色列现任领导层依赖于一个从持续升级的敌对行动中获取政治利益的联盟,内塔尼亚胡政府将冲突视为加强民族团结和转移对国内争议问题注意力的手段。美国政府目前对以色列决策的影响力有限。以色列军方将目前局势视为一个难得的机会,希望能消除巴勒斯坦各组织和黎巴嫩真主党带来的威胁。
“约旦24”网站主编巴塞尔·阿库尔说,美国对以色列提供的政治、军事及外交支持使以色列不断以武力攻击邻国,导致冲突延宕不断。
以方决策决定走向
在伊朗对以色列发动弹道导弹袭击后,以色列称此次袭击越过红线,表示要让伊朗付出代价。美国阿克西奥斯新闻网站2日援引以色列官员的话报道,以色列报复行动的“所有选项都将摆在桌面上”,包括打击伊朗的核设施。伊朗原子能组织主席伊斯拉米2日说,伊朗武装部队已做好应对以色列袭击伊朗核设施的准备。
分析人士指出,伊朗此次打击以色列军事和安全目标,依然有所克制。今后局势如何发展将取决于以方反应。
穆萨认为,从以方1日的受损情况来看,伊朗的此次反击依然是在“按规则打”,并未对以色列的民用基础设施和重要军事设施进行打击。伊朗不愿引发全面战争,实施打击主要考虑的是平息国内及盟友情绪。
以色列特拉维夫大学巴勒斯坦研究论坛主任迈克尔·米尔施泰因表示,纳斯鲁拉被以军炸死一事严重损害了伊朗的形象和影响力。从德黑兰的角度来看,他们必须对以军袭击做出激烈回应。但与此同时,伊朗也在努力避免全面战争。
约旦通讯社前社长法耶克·希贾津指出,冲突是否会持续升级到全面战争,取决于以色列如何报复伊朗的导弹袭击,取决于黎巴嫩前线的局势。如果以色列不停手,局势将恶化。
上海外国语大学中东研究所教授范鸿达说,后续事态如何变化,关键在于以色列是否会激烈报复伊朗。但以色列清楚,如果空袭伊朗能源设施甚至核设施,等于对伊全面宣战。而伊朗有能力扩大打击范围。一旦伊朗和以色列发生全面战争,可能给两国乃至整个中东地区带来难以估量的后果。这一点伊朗也心知肚明。
图说1:这张9月30日发布的照片显示的是在以色列与黎巴嫩边境以方一侧的以军部队。新华社发(以色列国防军供图)
图说2:9月27日,在以军空袭黎巴嫩真主党总部期间,以色列国防部长加兰特(左一)、以色列国防军总参谋长哈莱维(中)在以空军一处基地内。新华社发(以色列国防部供图)