Connect with us

Africa & Middle East

အနာဂတ် အချိန်သင့်သည့်အခါတွင် အစ္စရေးကို ပြန်လည်တိုက်ခိုက်နိုင်ခြေရှိသေးကြောင်း အီရန်ထိပ်တန်းခေါင်းဆောင် ပြောကြား

အီရန်နိုင်ငံ တီဟီရန်မြို့ စစ်ရေးပြအခမ်းအနားတွင် အီရန်စစ်သည်များအား ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)
ဖိနှိပ်မှု မခံလိုသည့် နိုင်ငံတိုင်းက “နိုးထလာရမည်”၊ ပူးပေါင်းဆောင်ရွက်မှုကို လျှောက်လှမ်းရမည်၊ အီရန်အနေဖြင့် အနာဂတ် အချိန်သင့်သည့်အခါတွင် အစ္စရေးကို ပြန်လည်တိုက်ခိုက်နိုင်ခြေရှိသေးသည်ဟု အီရန်နိုင်ငံ ထိပ်တန်းခေါင်းဆောင် အလီ ခါမေနီ က အောက်တိုဘာ ၄ ရက်၌ ပြောကြားခဲ့သည်။

အလီ ခါမေနီသည် မကြာသေးမီရက်များက လုပ်ကြံခံရ၍ သေဆုံးခဲ့သည့် လက်ဘနွန် ဟစ်ဇ်ဘိုလာခေါင်းဆောင် Hassan Nasrallah အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကို တီဟီရန်တွင် အောက်တိုဘာ ၄ ရက်က ကြီးမှူးကျင်းပခဲ့ကြောင်း အီရန်အစ္စလာမ်မစ် သမ္မတနိုင်ငံ ရေဒီယိုနှင့် ရုပ်မြင်သံကြားဌာန (IRIB) ၏ သတင်းများအရ သိရသည်။
အလီ ခါမေနီက လူထုမိန့်ခွန်း ပြောကြားရာတွင် အီရန်၏ ရန်သူသည် လက်ဘနွန်၊ ပါလက်စတိုင်း၊ အီရတ်၊ အီဂျစ်၊ ဆီးရီးယားနှင့် ယီမင်နိုင်ငံတို့၏ ရန်သူဖြစ်ကြောင်း ပြောကြားခဲ့သည်။ ရန်သူသည် စိတ်ဓာတ်စစ်ဆင်ရေး၊ စီးပွားရေးဖိအားနှင့် အကြမ်းဖက်မှုတို့ကို တစ်ချိန်တည်းတွင် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ အကယ်၍ ဤနည်းလမ်းက နိုင်ငံတစ်နိုင်ငံတွင် အောင်မြင်ခဲ့ပါက ၎င်းတို့အနေဖြင့် အခြားနိုင်ငံတစ်ခုကို ဆက်လက် လုပ်ဆောင်မည် ဖြစ်ကြောင်း၊ ဖိနှိပ်မှု မခံလိုသည့် နိုင်ငံတိုင်းက တစ်စိတ်တစ်ဝမ်းတည်း စည်းလုံးညီညွတ်ကြရန် တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။

အီရန်လက်နက်ကိုင်တပ်ဖွဲ့သည် အစ္စရေးကို အောက်တိုဘာ ၁ ရက် ညပိုင်းတွင် စစ်ရေးတိုက်ခိုက်မှု ပြုလုပ်ခြင်းက အစ္စရေးနှင့် အမေရိကန်တို့၏ ပြစ်မှုကျူးလွန်မှုအပေါ် “အနည်းဆုံး အပြစ်ပေးခြင်း” ဖြစ်ကြောင်း အလီ ခါမေနီက ပြောကြားခဲ့သည်။ “အနာဂတ်မှာ လိုအပ်မယ်ဆိုရင် ကျွန်တော်တို့က ဒီလိုမျိုး လုပ်ဦးမှာပဲ” ဟု ၎င်းက ဆိုသည်။

ယခုရက်ပိုင်းများတွင် အရှေ့အလယ်ပိုင်းအခြေအေန ဆက်တိုက် အရှိန်အဟုန် မြင့်တက်လျက်ရှိသည်။ အစ္စရေး စစ်တပ်က စက်တင်ဘာ ၂၉ ရက်တွင် ယီမင် ဟူသီလက်နက်ကိုင်တို့ ထိန်းချုပ်သည့် ဆိပ်ကမ်းနှင့် ဓာတ်အားပေးစက်ရုံ စသည့် ပစ်မှတ်များကို တိုက်ခိုက်ခဲ့ပြီးနောက် လက်ဘနွန်တောင်ပိုင်းရှိ ဟစ်ဇ်ဘိုလာ ပစ်မှတ်များကို မြေပြင်တိုက်ခိုက်မှုများ ပြုလုပ်ကြောင်း အောက်တိုဘာ ၁ ရက်က ကြေညာခဲ့သလို အောက်တိုဘာ ၂ ရက်တွင်မူ ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသနှင့် ဆီးရီးယားကို လေကြောင်းတိုက်ခိုက်ခဲ့သည်။ အစ္စရေး၏ ယခုကာလများတွင် ဆက်တိုက် တိုက်ခိုက်နေသည့် လုပ်ဆောင်မှုများကို တုံ့ပြန်ရန်အတွက် အီရန်သည် အစ္စရေးကို အောက်တိုဘာ ၁ ရက် ညပိုင်းက ပဲ့ထိန်းဒုံးကျည်ဖြင့် အကြီးအကျယ် တိုက်ခိုက်ခဲ့သည်။ (Xinhua)
………………………..
伊朗最高领袖:未来仍可能适时回击以色列
新华社德黑兰10月4日电(记者陈霄 沙达提)伊朗最高领袖哈梅内伊4日说,每个不想被压迫的国家“必须醒来”,走向合作,并表示伊朗未来仍可能适时回击以色列。   据伊朗伊斯兰共和国广播电视台报道,哈梅内伊4日在德黑兰主持仪式悼念日前遇袭身亡的黎巴嫩真主党领导人纳斯鲁拉。他在发表公开讲话时说,伊朗的敌人也是黎巴嫩、巴勒斯坦、伊拉克、埃及、叙利亚和也门的敌人。敌人同时采取心理战、经济施压和暴力。如果这套手段在一个国家取得成功,他们就会施加给另一个国家。他呼吁每个不想被压迫的国家必须团结一心。
哈梅内伊表示,伊朗武装部队1日晚对以色列的军事打击行动是对以色列和美国所犯罪行的“最小惩罚”。他说:“将来如果有必要的话我们还会这样做。”
中东局势近日持续升级。以色列军方9月29日袭击也门胡塞武装控制的港口和发电站等目标后,10月1日宣布对黎巴嫩南部的真主党目标进行地面打击,2日空袭巴勒斯坦加沙地带和叙利亚。为回应以色列近期一系列行为,伊朗1日晚向以色列大规模发射弹道导弹。(完)
1. 9月21日,伊朗军人在首都德黑兰参加阅兵式。新华社记者 沙达提 摄