Connect with us

China

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ခြင်းဖြင့် ဆင်းရဲနွမ်းပါးမှု ဖေးမကူညီရေးကို အခိုင်အမာ ဆောင်ရွက်______တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး အောင်နိုင်ခြင်း၏ ကမ္ဘာ့ အနက်အဓိပ္ပါယ် (အပိုင်း-၃)

တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ရှန်းရှီ တူကျားလူမျိုး၊ မြောင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ ဟွားယွမ်ခရိုင် ရှီပါးတုန့်ကျေးရွာ၌ ရိုက်ကူးထားသော ရှီပါးတုန့်ဥယျာဉ် မြင်ကွင်းအား ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)
“ဒီလို အောင်မြင်မှုက မိုးပေါ်က ပြုတ်ကျလာတာ မဟုတ်ပါဘူး။ တရုတ် အစိုးရနဲ့ တရုတ်ပြည်သူများရဲ့ စိတ်တူကိုယ်တူ စုပေါင်းအင်အားနဲ့ ခဲယဉ်းစွာ ကြိုးပမ်းဆောင်ရွက်မှုက ရရှိလာတာ ဖြစ်ပါတယ်” ဟု မကြာသေးမီက ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုး၌ ကျင်းပသော G20 ခေါင်းဆောင်များ ထိပ်သီး အစည်းအဝေးတွင် သမ္မတ ရှီကျင့်ဖိန်က အရေးကြီးမိန့်ခွန်းပြောကြားခဲ့ကာ တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး နောက်ကွယ်က အံဖွယ်လျှို့ဝှက်ချက်ကို ကမ္ဘာနှင့် မျှဝေခဲ့ခြင်း ဖြစ်သည်။ ၎င်းတွင် လက်တွ့ကျ မှန်ကန်မှု၊ အခက်အခဲများအား မကြောက်ရွံ့မှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ခြင်းဖြင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို အခိုင်အမာ ဆောင်ရွက်သည့် အတွေ့အကြုံ နည်းလမ်းများ ပါဝင်ရာ အစည်းအဝေးတက်ရောက်သူများ၏ လှိုက်လှဲစွာ ချီးမွမ်းထောပနာပြုခြင်းကို ရရှိခဲ့ပေသည်။

ဆင်းရဲနွမ်းပါးမှု ဟုဆိုရာတွင် အမှန်စစ်က ဖွံ့ဖြိုးတိုးတက်ရေးပြဿနာပင် ဖြစ်သည်။ တရုတ်နိုင်ငံသည် လူဦးရေ သန်းပေါင်း ၁,၄၀၀ ကျော် ရှိသည့် ကမ္ဘာ့အကြီးဆုံး ဖွံ့ဖြိုးဆဲနိုင်ငံအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးသည် ဆင်းရဲနွမ်းပါးမှု အပါအဝင် ပြဿနာအလုံးစုံ၏ ဖြေရှင်းရေးသော့တံ ဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီသည် ဖွံ့ဖြိုးတိုးတက်ရေးကို အုပ်ချုပ်ရေး၊ နိုင်ငံစည်ပင်ဝပြောရေး၏ ထိပ်တန်း ဦးစားပေးတာဝန်အဖြစ် အစဉ်အမြဲထားရှိပြီး ဖွံ့ဖြိုးတိုးတက်မှု ဟန်ချက်မညီခြင်း၊ မပြည့်စုံခြင်း ပြဿနာကို ဖွံ့ဖြိုးတိုးတက်ရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အခိုင်အမာဆောင်ရွက်ခဲ့ရာ စီးပွားရေး အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် လူမှုအသိုက်အဝန်း ရေရှည်တည်ငြိမ်ခြင်း ဟူသော အံ့ဖွယ် နှစ်ရပ်ကို ဖန်တီးနိုင်ခဲ့ပေသည်။ တရုတ်နိုင်ငံ စီးပွားရေး စုစုပေါင်း ပမာဏမှာ စဉ်ဆက်မပြတ် မြင့်တက်လျက်ရှိပြီး ဘက်စုံအင်အားမှာ သိသာထင်ရှားစွာ တိုးမြင့်လာရာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် အားကောင်းသည့် အကျိုးသက်ရောက်မှု ဖြစ်စေသလို ဆင်းရဲနွမ်းပါးမှု ဖေးမကူညီရေး ပမာဏကျယ်ပြန့်စွာ ဆောင်ရွက်ရန်အတွက် ခိုင်မာသည့် အခြေခံ အုတ်မြစ်၊ အားကောင်းသည့် အထောက်အပံ့ ဖြစ်စေခဲ့သည်။

“ဆင်းရဲနွမ်းပါးမှုအား တိကျ၊ ထိရောက်စွာ အခိုင်အမာ ဖေးမကူညီပေးခြင်း” ၊ “စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ခြင်းဖြင့် ဆင်းရဲနွမ်းပါးမှု ဖေးမကူညီရေးကို အခိုင်အမာ ဆောင်ရွက်ခြင်း”၊ “ဒေသထွက်ကုန်ထုတ်လုပ်ငန်း တိုးတက်ရေး မြှင့်တင်မှုဖြင့် ဆင်းရဲနွမ်းပါးမှု ဖေးမကူညီခြင်းအား အခိုင်အမာ ဆောင်ရွက်ခြင်း” ၊ “အတူတကွ ချမ်းသာကြွယ်ဝရေးကို မြှင့်တင်မှုဖြင့် ဆင်းရဲနွမ်းပါးမှု ဖေးမကူညီရေးကို အခိုင်အမာဆောင်ရွက်ခြင်း”… တို့သည် G20 ခေါင်းဆောင်များ ရီယိုဒီဂျနေးရိုး ထိပ်သီးအစည်းအဝေးတွင် သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး အောင်မြင်သည့် အတွေ့အကြုံများကို ကမ္ဘာနှင့် မျှဝေခဲ့ရာ တရုတ် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၏ ဖွံ့ဖြိုးတိုးတက်ရေးအတွေးအခေါ်သည် အများ၏ ရင်ထဲတွင် နက်ရှိုင်းစွာ စွဲမြဲစေခဲ့သည်။
ဘရာဇီးနိုင်ငံ သမ္မတ လူလာက “တရုတ်နိုင်ငံက လူတွေကို မှတ်မိစွဲထင်နေစေတဲ့ ဖွံ့ဖြိုးတိုးတက်ရေး စံနမူနာဖြစ်တယ်”၊ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွေ့အကြုံများသည် အလွန်အဖိုးတန်လှရာ ဖွံ့ဖြိုးဆဲနိုင်ငံအားလုံးအတွက် လမ်းစဖွင့်ပေးသည့် အနက်အဓိပ္ပါယ်ရှိကြောင်း ပြောကြားခဲ့သည်။

“ဆင်းရဲနွမ်းပါးမှုအား တိကျ၊ ထိရောက်စွာ အခိုင်အမာ ဖေးမကူညီပေးခြင်း” သည် တရုတ် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး သီအိုရီနှင့် လက်တွေ့ဆောင်ရွက်မှု၏ ကြီးမားသော ဆန်းသစ်ဖန်တီးမှု ဖြစ်သလို တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှုမှ လွတ်ကင်းရေး အောင်နိုင်မှု၏ ဝရဇိန်လက်နက် ဖြစ်ပေသည်။ ၂၀၁၈ ခုနှစ်တွင် ထိုစဉ်က လာအို ပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် သမ္မတ Bounnhang Vorachit သည် တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ရှီပါးတုန့်ကျေးရွာသို့ လာရောက်၍ “ဆင်းရဲနွမ်းပါးမှုအား တိကျ၊ ထိရောက်စွာ ဖေးမကူညီ” ပေးသည့် တရုတ်အတွေ့အကြုံများကို လာရောက် စူးစမ်းလေ့လာခဲ့ပါသည်။

“ဆင်းရဲနွမ်းပါးမှုအား တိကျ၊ ထိရောက်စွာ ဖေးမကူညီခြင်း” မှာ ၂၀၁၃ ခုနှစ်က အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန် ရှီပါးတုန့်ကျေးရွာ၌ ကြည့်ရှုလေ့လာစဉ် ပထမဆုံးအကြိမ် အဆိုပြုခဲ့ခြင်း ဖြစ်သည်။ ယင်းနေရာတွင် အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က ဖွံ့ဖြိုးတိုးတက်ရေးမှာ ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်ရန် နည်းလမ်းပေါင်းချုပ်ဖြစ်ကြောင်း၊ ဆင်းရဲနွမ်းပါးသော ဒေသများသည် လက်တွေ့အခြေအနေအရ ဒေသအလိုက် မည်သည်ကို စိုက်ပျိုးမည်၊ မည်သည်ကို မွေးမြူမည်၊ မည်သည့်နေရာမှ ဝင်ငွေတိုးစေမည်ကို စဉ်းစားရမည် ဖြစ်ပြီး ကျေးရွာသူကျေးရွာသားများ ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်၍ ချမ်းသာကြွယ်ဝသော လမ်းကြောင်းကောင်းကို ရှာဖွေတွေ့ရှိအောင် ကူညီဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့သည်။
ရှီပါးတုန့်ကျေးရွာမှစ၍ “ဆင်းရဲနွမ်းပါးမှုအား တိကျ၊ ထိရောက်စွာ ဖေးမကူညီမှု ၆ ရပ် ” မှသည် “ကဏ္ဍ ၅ ခုခွဲ၍ အသုတ်လိုက် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး” နှင့် “ပြဿနာ ၅ ရပ်” ဖြေရှင်းခြင်းအထိ တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု ဖေးမကူညီရေးမှာ ကျေးရွာအလိုက်၊ မိသားစုအလိုက်၊ လူအလိုက် မူဝါဒကျင့်သုံးခဲ့ပြီး အနာနှင့်ဆေးတည့်အောင် တိကျစွာ ကုစားခဲ့ရာ ဆင်းရဲနွမ်းပါးမှုကို အတိအကျ၊ အရင်းအမြစ်မှ ဖေးမကူညီနိုင်ခဲ့ပါသည်။

“ဆင်းရဲနွမ်းပါးမှုအား တိကျ၊ ထိရောက်စွာ ဖေးမကူညီခြင်း” ၏ အကျိုးကျေးဇူးကြောင့် တရုတ်နိုင်ငံတွင်လည်း ထူးခြားသည့် ဝိသေသလက္ခဏာများရှိသည့် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှု နမူနာ အများအပြား ပေါ်ထွက်လာပေသည်။ ဗဟိုအာဖရိက သမ္မတနိုင်ငံ သမ္မတ Faustin-Archange Touadéra က ဆန်ရှီးပြည်နယ် လျန်ကျားဟော် ကျေးရွာသို့ သွားရောက်၍ ဂေဟစနစ်နှင့် စီးပွားရေး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်သည့် ဆင်းရဲနွမ်းပါးမှုမှ လွတ်ကင်းရေး နည်းလမ်းများကို လေ့လာခဲ့သလို တရုတ်နိုင်ငံဆိုင်ရာ နိုင်ငံခြား သံတမန် အရာရှိ ၁၁ ဦးကလည်း ကွေ့ကျိုးပြည်နယ် ဟွားမောက်ကျေးရွာသို့ သွားရောက်၍ စိုက်ပျိုးရေးနှင့် ခရီးသွားလုပ်ငန်း ပေါင်းစည်းရေး၏ ထူးခြားသည့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကို သင်ယူလေ့လာခဲ့ကြပေသည်။

ဥဇဘက်ကစ္စတန် သမ္မတ Shavkat Mirziyoyev က 《ဆင်းရဲနွမ်းပါးမှုမှ လွတ်ကင်းရေး》ဥဇဘက်ကစ္စတန်ဘာသာ စာအုပ် နိဒါန်း စကားချီးတွင် ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်ရန် အဓိက နည်းလမ်းတစ်ခုမှာ ကျေးလက်တောရွာ ဖွံ့ဖြိုးတိုးတက်ရေး အလားအလာကို နှိုးဆော်ပေးခြင်း ဖြစ်ကြောင်း၊ “ဆင်းရဲနွမ်းပါးဒေသတွေမှာ မိမိရဲ့ သာလွန်ချက်နဲ့ အားသာချက်ကို ပိုပြီး ရှာဖွေရမှာ ဖြစ်တယ်” ဟု ဖော်ပြခဲ့သည်။

အမှန်တရားကိုရှာဖွေ၍ လက်တွေ့ဆောင်ရွက်ခြင်းသည် တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၏ အစဉ်မပြောင်းလဲသည့် အခြေခံဖြစ်သည်။ တရုတ်နိုင်ငံသည် မိမိနိုင်ငံ၏ အခြေအနေပေါ်တွင် မူတည်၍ မတူညီသည့် ဖွံ့ဖြိုးတိုးတက်မှုအဆင့်နှင့် လူမှုစီးပွားတိုးတက်မှုအဆင့်များအလိုက်၊ ဆင်းရဲနွမ်းပါးမှု လူဦးရေပမာဏ၊ ဖြန့်ကြက်ပုံ၊ ဖွဲ့စည်းပုံ စသည့် အပြောင်းအလဲများအရ သိပ္ပံနည်းကျ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး စံချိန်စံညွှန်း၊ ရည်မှန်းချက်၊ နည်းလမ်းများကို ရေးဆွဲခဲ့ပြီး ဆင်းရဲနွမ်းပါးမှု လျှော့ချရေး အတွေးအခေါ်၊ နည်းလမ်း၊ ပရိယာယ်ကို စဉ်ဆက်မပြတ် ဆန်းသစ်ဖန်တီးကာ ရေစက်ကလေးများဖြင့် မာကျောသည့်ကျောက်စိုင်ကျောက်သားများကို ထိုးဖောက်သည့်ပမာ ဇွဲနဘဲဖြင့် တစ်ဆင့်တိုး အားစိုက်ဆောင်ရွက်ခဲ့ပေသည်။ တရုတ်နိုင်ငံသည် ကာလံဒေသံနှင့် အခြေအနေလိုက် လိုက်လျောညီထွေဖြစ်စေရန် စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ရာ “မူဝါဒ အိတ်”၊ “ကိရိယာသေတ္တာ” ဖြည့်ဆည်းခြင်း၊ “တိုက်ဖျက်ရေးနည်းလမ်းစုံ” ဆန်းသစ်တီထွင်ခြင်းဖြင့် ဆင်းရဲနွမ်းပါးမှု စီမံခန့်ခွဲရေးထိရောက်နိုင်စွမ်းကို လက်တွေ့ မြှင့်တင်ခဲ့ပေသည်။

ယခုနှစ် စက်တင်ဘာလက တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် ပေကျင်း ထိပ်သီးအစည်းအဝေးကာလတွင် သမ္မတ ရှီကျင့်ဖိန်နှင့် ကိုမိုရို သမ္မတ Azali Assoumani တွေ့ဆုံစဉ် တရုတ်ရုပ်ရှင် Minning Town က ကိုမိုရို၌ လူကြိုက်များရေပန်းစားနေသည့်အကြောင်းကို ပြောဖြစ်ခဲ့ကြသည်။ ယင်းရုပ်ရှင်တွင် တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှု ဖေးမကူညီရေး နည်းလမ်းများနှင့် အတွေ့အကြုံများအား ပြသထားခြင်းဖြစ်ရာ များပြားလှသော ဖွံ့ဖြိုးဆဲနိုင်ငံများအား တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှု အခိုင်အမာတိုက်ဖျက်ရေး တိုက်ပွဲ၏ အနိမ့်အမြင့်ကျယ်ပြန့်သည် သမိုင်းပုံရိပ်ကို ပြသထားခြင်း ဖြစ်သည်။ “သွေးသွင်းပေးခြင်း (အခြားသူမှ ပေးကမ်းကူညီခြင်း)” ကို “သွေးထုတ်လုပ်ပေးခြင်း (ကိုယ်ထူကိုယ်ထဆောင်ရွက်နိုင်စေခြင်း)” အဖြစ်သို့ ပြောင်းလဲသည့် ကုန်ထုတ်လုပ်ငန်းဖြင့် ဆင်းရဲနွမ်းပါးမှု ဖေးမကူညီခြင်း၊ “ချမ်းသာကြွယ်ဝလိုလျှင် လမ်းအရင်ပြင်” ဟူသော အခြေခံ အဆောက်အဦ တည်ဆောက်ခြင်း၊ အသိဉာဏ်ပညာကို ကူညီမြှင့်တင်မှု ရည်မှန်းချက်ကို ကူညီပေးသော ပညာပေးမှုဖြင့် ဆင်းရဲနွမ်းပါးမှုအား ကူညီဖေးမပေးခြင်း၊ အရင် ချမ်းသာကြွယ်ဝသူမှ အခြားသူများ နောက်မှလိုက်၍ ကြွယ်ဝချမ်းသာလာအောင် လက်တွဲ၍ “အစုံလိုက်အတွဲလိုက်” အပြန်အလှန် ကူညီခြင်းများ…ဆောင်ရွက်ခဲ့ကြပေသည်။

မက်ခရိုစီးပွားရေး အခင်းအကျင်းမှ မိုက်ခရိုကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်သည်အထိ တရုတ်နိုင်ငံက ဆင်းရဲနွမ်းပါး ဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်အမြဲ အာရုံစိုက်၍ အလွှာအသီးပေါင်းစုံမှ ဘက်စုံမူဝါဒများ ကျင့်သုံးကာ ဆင်းရဲနွမ်းပါးမှု ပြဿနာကို ဖြေရှင်းခဲ့ပေသည်။ 《Up And Out Of Poverty》ပေါ်တူဂီ ဘာသာပြန် စာအုပ်၏ စာရေးသူ၊ etulio Vargas Foundation (FGV) ဥပဒေရေးရာ ပါမောက္ခ Evandro Menezes de Carvalho က ဆင်းရဲနွမ်းပါးမှု လွတ်ကင်းရေး လုပ်ငန်းသည် အစိုးရနှင့် ပြည်သူ အတူတကွ လွတ်မြောက်သည့် အတွေးအခေါ်၊ အမြင်သစ်၊ လက်တွေ့လုပ်ဆောင်မှုများ ရှိရန်လိုအပ်ကြောင်း၊ “ဒါက ကမ္ဘာ့စာဖတ်ပရိသတ်တွေအတွက် အလွန်အားကောင်းတဲ့ လမ်းသစ် ဖွင့်လှစ်ပေးမှု ဖြစ်တယ်” ဟု ပြောကြားခဲ့သည်။

ကမ္ဘာ့တောင်ဘက်ခြမ်း၏ အဖွဲ့ဝင်အနေဖြင့် တရုတ်နိုင်ငံသည် ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွင် အစဉ်အမြဲ လက်တွေ့လှုပ်ရှားဆောင်ရွက်သူ ဖြစ်ပေသည်။ ဆင်းရဲနွမ်းပါးမှု ဖြစ်ပေါ်ပြောင်းလဲလာသည့် ပင်ကိုယ်ထူးခြားချက်နှင့် နိယာမကို ကိုင်တွယ်ကာ လက်တွေ့အခြေအနေအရ မူဝါဒများကို တိကျ၊ ထိရောက်စွာ ကျင့်သုံးမည်ဆိုလျှင် ဖွံ့ဖြိုးတိုးတက်ရေး၏ ထွက်ပေါက်ကို ရှာဖွေတွေ့ရှိကာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး တွန်းအားကို ထုတ်ပေးနိုင်မည် ဖြစ်သည်။ ဆင်းရဲနွမ်းပါးမှုကို အတိတ်မှာ ချန်ရစ်စေရန် တရုတ်နိုင်ငံအနေဖြင့် ဘက်ပေါင်းစုံနှင့်အတူ အတူတကွ ဖွံ့ဖြိုးတိုးတက်သည့် တရားမျှတသော ကမ္ဘာကြီးကို တည်ဆောက်သွားလိုပေသည်။ (Xinhua)

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ကျွန်းရိမြို့ ဖုန်းရှန်းမြို့နယ် ဟွားမောက်ကျေးရွာ၌ ခရီးသွားများအား ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………..
(Chinese Version)

新华时评丨坚持在经济发展中扶贫——“解码中国打赢脱贫攻坚战的世界意义”系列评论之三
“这些成就不是天上掉下来的,而是中国政府和中国人民勠力同心、艰苦奋斗干出来的。”前不久,在巴西里约热内卢,习近平主席在二十国集团领导人峰会上发表重要讲话,与世界分享中国减贫奇迹背后的秘诀,其中蕴含的求真务实、不畏艰难、坚持在经济发展中扶贫的经验做法,赢得与会人员由衷赞叹。
贫困说到底是发展问题。中国拥有超14亿人口,作为世界上最大的发展中国家,发展是解决包括贫困在内一切问题的总钥匙。中国共产党始终把发展作为执政兴国的第一要务,坚持用发展的办法解决发展不平衡不充分问题,创造了经济快速发展和社会长期稳定的两大奇迹。中国经济总量不断跃升,综合实力显著提升,既对减贫形成了强大的带动效应,也为大规模扶贫开发奠定了坚实基础、提供了有力保障。“坚持精准扶贫”“坚持在经济发展中扶贫”“坚持在促进当地特色产业发展中扶贫”“坚持在促进共同富裕中扶贫”——在二十国集团领导人里约热内卢峰会上,习近平主席与世界分享中国反贫困的成功经验,令中国减贫的发展理念更加深入人心。巴西总统卢拉说,“中国是一个令人印象深刻的发展榜样”,中国的脱贫经验弥足珍贵,对所有发展中国家都具有启发意义。
“坚持精准扶贫”是中国减贫理论和实践的重大创新,是中国脱贫的制胜法宝。2018年,时任老挝人民革命党中央总书记、国家主席本扬深入湖南十八洞村,探寻“精准扶贫”的中国经验。2013年,习近平总书记在十八洞村考察时,首次提出了“精准扶贫”。习近平总书记在这里强调,发展是甩掉贫困帽子的总办法,贫困地区要从实际出发,因地制宜,把种什么、养什么、从哪里增收想明白,帮助乡亲们寻找脱贫致富的好路子。自十八洞村开始,从做到“六个精准”,到实施“五个一批”,再到解决好“五个问题”,中国的扶贫因村因户因人施策,对症下药、精准滴灌、靶向治疗,扶贫扶到点上、扶到根上。得益于“精准扶贫”,中国也涌现出众多各具特色的乡村振兴成功案例:中非共和国总统图瓦德拉走进陕西梁家河村,了解生态与经济协调发展的脱贫做法;11国驻华外交官走进贵州花茂村,学习农旅融合的特色发展之路。乌兹别克斯坦总统米尔济约耶夫在《摆脱贫困》乌兹别克文版的序言中写道,摆脱贫困的一个重要途径是激发乡村发展潜力,“贫困地区更要挖掘自身长处和优势”。
求真务实始终是中国减贫实践的不变底色。中国立足本国国情,根据不同发展阶段和经济社会发展水平,根据贫困人口规模、分布、结构等的变化,科学制定减贫标准、目标、方略,不断创新减贫理念、方法、手段,循序渐进、持续用力、滴水穿石。中国不断因时因势因地制宜,充实“政策包”“工具箱”,创新“组合拳”,切实提高贫困治理效能。今年9月,习近平主席在中非合作论坛北京峰会期间会见科摩罗总统阿扎利时,谈到中国电视剧《山海情》在科热播。电视剧展现的中国一系列扶贫做法和经验,为众多发展中国家揭示了中国脱贫攻坚战波澜壮阔的历史图景。变“输血”为“造血”的产业扶贫,“要想富先修路”的基础设施建设,既扶智又扶志的教育扶贫,先富帮后富的“结对子”互助……从宏观经济布局到微观产业举措,中国始终着眼贫困地区的发展问题,多层面综合施策解决贫困问题。《摆脱贫困》葡萄牙文版译者、巴西瓦加斯基金会法学院教授埃万德罗·卡瓦略说,脱贫事业需要政府和人民一起解放思想、更新观念、付诸行动,“这对全球读者都具有很强启发性”。
作为全球南方的一员,中国始终是支持全球发展事业的行动派和实干家。中国的减贫实践充分证明,只要抓住贫困发生演变的自身特点和规律,从实际出发,精准施策,就能找到发展突破口,释放减贫动力。中国愿同各方一道行动起来,建设一个共同发展的公正世界,让贫困成为过去!(完)
1. 这是2023年11月1日在湖南省湘西土家族苗族自治州花垣县双龙镇十八洞村拍摄的十八洞田园综合体(无人机照片)。新华社记者陈思汗摄
2. 游客在贵州遵义市枫香镇花茂村旅游(2016年11月18日摄)。新华社发