Connect with us

Africa & Middle East

ဆီးရီးယား နိုင်ငံရေးအခြေအနေ ရုတ်ခြည်း ပြောင်းလဲခြင်းက ရိုက်ခတ်မှုများ ပို၍ရှိလာနိုင်

ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကပ်စ်ရှိ လမ်းမများ၏ မြင်ကွင်းအား ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒမတ်စကပ်စ်၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ)
ဆီးရီးယား အတိုက်အခံ လက်နက်ကိုင်များက ဒီဇင်ဘာ ၈ ရက်တွင် မြို့တော် ဒမတ်စကပ်စ်ကို ဝင်ရောက်ပြီဖြစ်ကြောင်း ကြေညာခဲ့သလို နောက်ပိုင်း ရုပ်မြင်သံကြား မိန့်ခွန်းပြောကြားရာတွင်လည်း “ဒမတ်စကပ်စ် လွတ်မြောက်ပြီဖြစ်ပြီး အာဆတ် အစိုးရကို ဖြုတ်ချခဲ့ကြောင်း” ပြောကြားခဲ့သည်။
ဘာရှာ အာဆတ် က ပဋိပက္ခဖြစ်ပွားသူများနှင့် ညှိနှိုင်းပြီးနောက် ဆီးရီးယားသမ္မတ ရာထူးမှ နုတ်ထွက်ခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။

နိုဝင်ဘာ ၂၇ ရက်မှစ၍ ဆီးရီးယားအစိုးရတပ်နှင့် အတိုက်အခံလက်နက်ကိုင်များနှင့် အစွန်းရောက်အဖွဲ့ဝင်များ အပြန်အလှန်ပစ်ခတ်မှုများ အကြီးအကျယ်ဖြစ်ပွားခဲ့ရာ ၁၀ ရက်ကျော်ကြာ အချိန်အတွင်း ဆီးရီးယားအခြေအနေ ထိုးကျခဲ့ပြီး နောက်ဆုံးတွင် “လုံးဝအပြောင်းအလဲ” ဖြစ်ခဲ့ပေသည်။ သုံးသပ်သူများက ၎င်းမှာ ဆီးရီးယားအစိုးရအနေဖြင့် ရေရှည်အကျပ်အတည်းများ အဆက်မပြတ် စုပုံလာမှုအပြင် ယခုကာလများ၌ ဖြစ်ပွားသော ပထဝီနိုင်ငံရေးပဋိပက္ခများ ပြင်ပသို့ ယိုလျှံကာ ဘူးလေးရာဖရုံဆင့်ခြင်းကြောင့် ဖြစ်ကြောင်း၊ ယင်းနိုင်ငံပြည်တွင်း အချင်းပွားမှုများ ပို၍ ဆိုးရွားကာ အရှေ့အလယ်ပိုင်း အခြေအနေကို အပြောင်းအလဲများ ပို၍ ဖြစ်စေနိုင်ကြောင်း ထောက်ပြပြောကြားကြသည်။

ဆီးရီးယား၏ တစ်ရက်အတွင်း “အပြောင်းအလဲကြီး ပြောင်းလဲသွားမှု”

ယခုအကြိမ် ဆီးရီးယားအခြေအနေ အပြောင်းအလဲဖြစ်မှုသည် နိုဝင်ဘာ ၂၇ ရက်က စတင်ခြင်း ဖြစ်သည်။ အတိုက်အခံလက်နက်ကိုင်နှင့် အစွန်းရောက်အဖွဲ့အစည်းများသည် ယင်းနေ့က ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း နေရာအများအပြားကို ရုတ်တရက် အလစ်ဝင်ရောက်စီးနင်းခဲ့ရာ ရက်သတ္တပတ် တစ်ပတ်ခန့်အကြာကာလတွင်ပင် မြောက်ပိုင်း အဓိကမြို့ အလက်ပို၊ အလယ်ပိုင်း အဓိကမြို့ ဟာမားတို့ကို ရှေ့ဆင့်နောက်ဆင့် တိုက်ခိုက်နိုင်ခဲ့ပြီး စစ်မြားဦးကို အလယ်ပိုင်းဒေသရှိ တတိယအကြီးဆုံးနှင့် လမ်းပန်းဆက်သွယ်ရေး အချက်အချာမြို့ ဟွန်းမ်ကို ဦးတည်ခဲ့သည်။ ထို့အပြင် အစိုးရအတိုက်အခံလက်နက်ကိုင်များက တောင်ပိုင်းဒေသကို ထိုးစစ်ဆင်ကာ အဓိကအရေးကြီးမြို့ဖြစ်သည့် ဒဲရာ မြို့ကို သိမ်းပိုက်ခဲ့သည်။

ဒီဇင်ဘာ ၈ ရက်တွင် ဆီးရီးယားအခြေအနေ အပြင်းအထန် ယိမ်းယိုင်ခဲ့ရာ အတိုက်အခံလက်နက်ကိုင်များက ဟွန်းမ်မြို့ကို သိမ်းပိုက်ပြီး ဒမတ်စကပ်စ်သို့ ဝင်ရောက်လာပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ ထို့နောက်မကြာမီတွင်ပင် အတိုက်အခံလက်နက်ကိုင်များက ဆီးရီးယားနိုင်ငံပိုင်ရုပ်မြင်သံကြား၌ မိန့်ခွန်းပြောကြားခဲ့ရာ “ဒမတ်စကပ်စ် လွတ်မြောက်ပြီဖြစ်ပြီး အာဆတ် အစိုးရကို ဖြုတ်ချခဲ့ကြောင်း” ကြေညာခဲ့သည်။

သေနတ်ကိုင်ဆောင်သူများ လမ်းများ၌ သွားလာနေသည်ကို ဆင်ဟွာသတင်းထောက်များအနေဖြင့် ဒမတ်စကပ်စ်၏ နေအိမ်အတွင်းမှ တွေ့ရှိသည်။ ဆီးရီးယား သမ္မတ အိမ်တော် ပြည်သူ့နန်းတော်၊ Umayyad ရင်ပြင် စသည့် အထင်ကရ အဆောက်အဦများအနီးတွင် လက်နက်ကိုင်များကို တွေ့ရကြောင်း ဒေသခံကလူထုက ဆိုသည်။

ထိုနေ့တွင် ဆီးရီးယား ဝန်ကြီးချုပ် Mohammad Ghazi al-Jalali က ၎င်းနှင့် ဘာရှာ အာဆတ်တို့ နောက်ဆုံး ဆက်သွယ်သည့်အချိန်မှာ ဒီဇင်ဘာ ၇ ရက် ညနေပိုင်းက ဖြစ်ပြီး ၎င်းမည်သည့်နေရာသို့ သွားသည်ကိုမူ မသိရကြောင်း ပြောကြားခဲ့သည်။
Mohammad Ghazi al-Jalali က ၎င်းအနေဖြင့် ဒမတ်စကပ်စ်တွင် ဆက်လက်၍ တာဝန်ထမ်းဆောင်မည် ဖြစ်ပြီး အတိုက်အခံပါတီနှင့် ထိတွေ့ဆက်ဆံပြီး ဖြစ်ရာ အများပြည်သူဆိုင်ရာဌာနအဖွဲ့အစည်းများကို ကာကွယ်ထိန်းသိမ်းရန် နှစ်ဖက်သဘောတူညီခဲ့ကြောင်း ပြောကြားခဲ့သည်။ ဝန်ကြီးအဖွဲ့ ဝန်ကြီး အများစုမှာ ဒမတ်စကပ်စ်၌ ရှိနေဆဲဖြစ်ပြီး အစိုးရအနေဖြင့် ဝန်ထမ်းများအား မိမိတို့၏ လုပ်ငန်းနေရာသို့ ပြန်လာရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ ဆီးရီးယား ဘက်ပေါင်းစုံ “ရင်ကြားစေ့ရေး” ကို ဖော်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဘာရှာ အာဆတ်သည် ဒီဇင်ဘာ ၈ ရက်က လေယာဉ်ဖြင့် ဒမတ်စကပ်စ်မှ ထွက်ခွာခဲ့ကြောင်း ထိုမတိုင်မီ ရိုက်တာသတင်းဌာနက ဆီးရီးယား စစ်တပ်အဆင့်မြင့်အရာရှိတစ်ဦး၏စကားကို ကိုးကား၍ သတင်းတွင် ဖော်ပြထားသည်။ ဆီးရီးယားမှ ဘာရှာ အာဆတ် ထွက်ခွာသွားပြီဖြစ်ပြီး ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရန် အမိန့်ချထားကြောင်း နောက်ပိုင်းတွင် Rossiya Segodnya က ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ သဘောထားကို ကိုးကား၍ ဖော်ပြထားသည်။

အစိုးရစစ်တပ် ကစဉ့်ကလျား တပ်လန်ဆုတ်ခွာခဲ့ရ

အတိုက်အခံ လက်နက်ကိုင်များ၏ ထိုးစစ်ကို ရင်ဆိုင်ရာတွင် ဆီးရီးယား အစိုးရတပ်၏ ကစဉ့်ကလျား ဆုတ်ခွာခဲ့ရသည့်နှုန်းက အံဩဖွယ်ကောင်းအောင် လျင်မြန်လှသည်။ သုံးသပ်သူများက ယင်းမှာ ၎င်းပြည်တွင်းရေးတွင် ကိုယ်၌က စွမ်းရည်မပြည့်မီခြင်းနှင့် ပြည်ပအကူအညီ လျော့နည်းသွားခြင်းတို့နှင့် သက်ဆိုင်ကြောင်း ထောက်ပြ ပြောဆိုကြသည်။

ပြည်တွင်းရေးမှ ကြည့်မည်ဆိုလျှင် ၂၀၁၁ ခုနှစ်၊ ပြည်တွင်းစစ်ဖြစ်ပွားသည့်အချိန်မှစ၍ ဆီးရီးယား စီးပွားရေးသည် ဆိုးရွားစွာ ပျက်စီးခဲ့ရာ ကာလတစ်လျှောက် ပြန်လည်နာလန်ထူနိုင်ခြင်း မရှိခဲ့ပေ။ အမေရိကန်နှင့် အနောက်နိုင်ငံများက ဆီးရီးယားအစိုးရကို ပိတ်ဆို့အရေးယူထားသလို ၎င်းထောက်ခံသည့် ကာ့ဒ်လက်နက်ကိုင်များက ဆီးရီးယား၏ အဓိက ရေနံထုတ်လုပ်သည့်ဒေသကို ထိန်းချုပ်ထားရာ ဆီးရီးယားအစိုးရ ထိန်းချုပ်ဒေသတွင် စွမ်းအင် ပြတ်တောက်ခြင်း၊ ဘဏ္ဍာငွေ သိသိသာသာကျဆင်းခြင်း ဖြစ်စေခဲ့သည်။ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်းတွင်လည်း ဆီးရီးယားသည် ကိုဗစ်ကပ်ရောဂါ၊ အကြီးအကျယ်လှုပ်ခတ်သည့် မြေငလျင်ဒဏ်နှင့် ရုရှား-ယူကရိန်း ပဋိပက္ခမှ ဖြစ်ပေါ်လာသည့် ငွေကြေးဖောင်းပွမှု စသည့် ရိုက်ခတ်မှု အထပ်ထပ်ကို ဆက်တိုက် ခံစားရပေသည်။ ဘာရှာ အာဆတ် အစိုးရသည် စားနပ်ရိက္ခာနှင့် လောင်စာဆီ စသည့် မရှိမဖြစ် လူနေမှုအသုံးအဆောင်ပစ္စည်းများ ထောက်ပံ့မှုများကို ပယ်ဖျက်ခြင်း၊ စစ်တပ်ရေးရာ အများအပြားလျှော့ချခြင်း စသည့် နည်းလမ်းများဖြင့် ကိုင်တွယ်ဖြေရှင်းခဲ့သော်လည်း စီးပွားရေးကောင်းမွန်အောင် ထိရောက်စွာ ပြုပြင်နိုင်ခြင်းမရှိဘဲ မကျေနပ်မှုများ ထပ်တိုးကာ ပြည်သူစိတ်ဓာတ်နှင့် စစ်တပ်၏ စိတ်ဓာတ်များက တစ်ဆင့်တိုး ကျဆင်းခဲ့သည်။

ပြည်ပအခြေအနေအရ ကြည့်မည်ဆိုလျှင် ဆီးရီးယားအစိုးရ၏ အဓိကမဟာမိတ်အနေဖြင့် ယခုကာလများတွင် ဆိုးရွားသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ ရှန်ဟိုင်းနိုင်ငံခြားဘာသာတက္ကသိုလ် အရှေ့အလယ်ပိုင်း သုတေသနဌာန ပါမောက္ခ တင်းလုန်က ဆီးရီးယား အစိုးရတွင် စစ်တပ်အင်အားတောင့်တင်းအောင် လုပ်နိုင်စွမ်းမရှိကြောင်း၊ ယခင်က နယ်မြေဧရိယာအများအပြားကို ထိန်းချုပ်နိုင်ခြင်းမှာ အဓိကအားဖြင့် ရုရှား၏ လေကြောင်းအင်အားပံ့ပိုးမှု၊ လက်ဘနွန် ဟစ်ဇ်ဘိုလာတို့၏ မြေပြင်စစ်တပ်ပံ့ပိုးမှု၊ အီရန်၏ ထောက်ပို့ရေးနှင့် ကွပ်ကဲရေးဆိုင်ရာ အထောက်အပံ့များကြောင့် ဖြစ်ကြောင်း ယူဆပေသည်။

တရုတ်နိုင်ငံတကာရေးရာ သုတေသနဌာန တွဲဖက်သုတေသီ လီကျစ်ရှီးက လက်ဘနွန် ဟစ်ဇ်ဘိုလာတို့အနေဖြင့် လက်ဘနွန်-အစ္စရေး ပဋိပက္ခတွင် အစ္စရေး၏တိုက်ခိုက်မှုကို အပြင်းအထန်ခံခဲ့ရကြောင်း၊ အီရန်အနေဖြင့် အခက်အခဲများစွာ ရင်ဆိုင်နေရပြီး ကိုယ်၌က ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ရေး ဗျူဟာကို ကျင့်သုံးနေရကြောင်း၊ ရုရှား-ယူကရိန်းပဋိပက္ခ သက်ဆိုးရှည်နေမှုကြောင့် ရုရှားအနေဖြင့် မိမိကိုယ်ကို မိမိအနိုင်နိုင် ဖြစ်နေရကြောင်း ထောက်ပြ ပြောကြားခဲ့သည်။

ဖုသန့်တက္ကသိုလ် နိုင်ငံတကာနှင့် ပြည်သူ့ရေးရာကျောင်း တွဲဖက်ပါမောက္ခ ကျန်းချူချူက အဓိက မဟာမိတ် ၃ ဦးလုံး သမိုင်းတွင် အင်အား အလျော့နည်းဆုံး အခြေအနေတွင်ရှိရာ ဘာရှာ အာဆတ်အစိုးရအတွက် အားကောင်းသည့် ကူညီပံ့ပိုးမှု ပေးနိုင်စွမ်း မရှိကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် အတိုက်အခံ လက်နက်ကိုင်တပ်ဖွဲ့၏ ယခုအကြိမ် ထိုးစစ်ဆင်မှုတွင် လက်နက်ကြီးများနှင့် ဒရုန်းများကို အသုံးပြုရုံသာမက စစ်ရေးနည်းဗျူဟာမှာလည်း ပို၍ ခေတ်မီလာသည်။ အတိုက်အခံလက်နက်ကိုင်တပ်ဖွဲ့အနေဖြင့် လွန်ခဲ့သောနှစ်ပိုင်းများတွင် တောက်လျှောက် အင်အားစုစည်းနေပြီး ပြည်ပအင်အား၏ ထောက်ခံအားပေးမှုကို ရရှိသည်မှာ သိသာထင်ရှားကြောင်း တင်းလုန်က ယူဆသည်။

ပြည်တွင်းပြည်ပ သက်ရောက်မှု အတိုင်းအဆ

ဆီးရီးယား၏ ဗျူဟာမြောက်တည်နေရာသည် အရေးကြီးပြီး ပြည်တွင်း တိုင်းရင်းသားနှင့် ဘာသာရေး အခြေအနေသည် ရှုပ်ထွေးပေသည်။ သုံးသပ်သူများက ဆီးရီးယားအစိုးရ ပြိုလဲခြင်းသည် ယင်းနိုင်ငံကို ကယောက်ကယက်ဖြစ်စေရုံသာမက အရှေ့အလယ်ပိုင်း ဒေသတစ်ခုလုံးကို ပို၍ မတည်ငြိမ်မှု ဖြစ်စေကာ ဒေသတွင်းအခြေအနေ တစ်ဆင့်တိုး တင်းမာစေနိုင်သည်ဟု ယူဆသည်။

ယင်းနိုင်ငံ၏ အခြေအနေကို ကြည့်မည်ဆိုလျှင် ဆီးရီးယားတွင် အင်အားစုများစွာရှိရာ ၎င်းတို့တွင် လူမျိုးဘာသာ နောက်ခံအကြောင်းတရားနှင့် ပြည်ပအင်အား အထောက်အပံ့များ ကွဲပြားကြသည်။ ယခင်က အာဆတ်အစိုးရကို တိုက်ခိုက်ရန် အတိုက်အခံပါတီများက ပူးပေါင်းဆောင်ရွက်၍ရပြီး ဤဘုံရည်မှန်းချက် ပျောက်ဆုံးသွားသည့် အခါတွင် အင်အားစုအသီးသီးအနေဖြင့် ဆက်လက် ပူးပေါင်းဆောင်ရွက်နိုင်မည်လော ဆိုသည်မှာ မေးခွန်းထုတ်ဖွယ် ဖြစ်သည်။

မူလက ဆီးရီးယား နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာဆတ်အစိုးရ ပြိုကွဲပြီးနောက် ယင်းနိုင်ငံရေးမြေပုံမှာ ပို၍ အစိတ်စိတ်အမွှာမွှာကွဲသွားမည် ဖြစ်ပြီး အင်အားစုအသီးသီးက နယ်မြေလုရန် ပဋိပက္ခ ပေါက်ကွဲဖြစ်ပွားမည့် ဖြစ်နိုင်ခြေပို၍ တိုးလာနိုင်ကြောင်း လီကျစ်ရှီးက ယူဆသည်။

တင်းလုန်က ယခုအကြိမ် အစိုးရတပ်ကို တိုက်ခိုက်သည့် အဓိကအင်အားဖြစ်သည့် “ဆီးရီးယား လွတ်မြောက်ရေး” မဟာမိတ် (Tahrir al-Sham)၊ တူကီယဲ ထောက်ခံအားပေးသည့် အတိုက်အခံလက်နက်တပ်ဖွဲ့ “ဆီးရီးယား အမျိုးသားတပ်” နှင့် အမေရိကန် ထောက်ခံအားပေးသည့် ကာ့ဒ်လက်နက်ကိုင်တို့သည် ဆီးရီးယားနိုင်ငံအတွင်း အဓိကအင်အားစု ဖြစ်ရာ အနာဂတ်တွင် မည်သို့ ယှဉ်ပြိုင်အနိုင်လုကြမည်မှာ ဂရုပြုထိုက်ကြောင်း ယူဆသည်။

ချင်းဟွာတက္ကသိုလ် နိုင်ငံတကာနှင့် ဒေသတွင်းရေးရာ သုတေသနဌာန တွဲဖက် သုတေသီ လျိုလန်ယွီက ဆီးရီးယားတွင် နိုင်ငံကြီးအင်အား အားပြိုင်ခြင်းက ဆီးရီးယား၏ အနာဂတ်အခြေအနေကို ပို၍ ရှုပ်ထွေးစေသည်ဟု ယူဆသည်။

ပထဝီနိုင်ငံရေး ရှုထောင့်မှ ကြည့်မည်ဆိုလျှင် ဆီးရီးယားအခြေအနေ ရုတ်ခြည်းပြောင်းလဲခြင်းသည် ဒေသတွင်း နိုင်ငံကြီးများအပေါ် မတူညီသည့် ရိုက်ခတ်မှုများ ရှိပေသည်။ ရှန်ဟိုင်းနိုင်ငံခြားဘာသာတက္ကသိုလ် အရှေ့အလယ်ပိုင်းရေးရာ သုတေသနဌာန တွဲဖက်သုတေသီ ကျောက်ကျွင်းက ဆီးရီးယားသည် အီရန်ဦးဆောင်သော “Axis of Resistance” ၏ အဖွဲ့ဝင်တစ်ဦးအဖြစ် ရှုမြင်ခြင်းခံရရာ ၎င်းအစိုးရ ပြိုလဲမှုက အီရန်၏ ဒေသတွင်း ဩဇာအရှိန်အဝါကို လျော့နည်းစေကြောင်း၊ အီရန်အနေဖြင့် အနာဂတ်တွင် အမေရိကန်နှင့် အနောက်နိုင်ငံများ၏ ဖိနှိပ်မှုများကို ပို၍ ကြုံရနိုင်ဖွယ်ရှိပြီး ၎င်း၏ရန်ဖက်ဖြစ်သည့် အစ္စရေးက အရှေ့အလယ်ပိုင်းတွင် ပို၍ လက်ဦးမှုရယူနိုင်လာကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ဆီးရီးယားအခြေအနေသည် အကယ်၍ ကသောင်းကနင်းအဖြစ်သို့ ဦးတည်နေပါကလည်း အနီးပတ်ဝန်းကျင်နိုင်ငံများကို ရိုက်ခတ်မှုဖြစ်စေပေသည်။ နင်းရှတက္ကသိုလ် အာရပ်နိုင်ငံများဆိုင်ရာ တရုတ်နိုင်ငံသုတေသနအကယ်ဒမီ အမှုဆောင် ဒါရိုက်တာ နျိုရှင်းချွန်းက ထိုအခါတွင် ဆီးရီးယားဒုက္ခသည် အများအပြား လက်ဘနွန်၊ ဂျော်ဒန်၊ တူကီယဲ စသည့် အနီးဝန်းကျင်နိုင်ငံများသို့ စုပြုံဝင်ရောက်ပြီး ၎င်းတို့၏ လူမှုရေးနှင့် စီးပွားရေး ဝန်ထုပ်ဝန်ပိုးများကို ပိုမို တိုးပွားစေနိုင်သလို “ISIS” စသည့် အစွန်းရောက်အဖွဲ့အစည်းများက တောမီးလောင် တောကြောင်လက်ခမောင်းခတ်နိုင်ရာ ဒေသတွင်းလုံခြုံရေး၏ ကြီးမားသောအန္တရာယ် တစ်ဖန်ပြန်လည် ဖြစ်လာနိုင်ကြောင်း ထောက်ပြ ပြောကြားခဲ့သည်။ (Xinhua)

ဒမတ်စကပ်စ်မြို့၌ ကျင်းပသော လွှတ်တော်အစည်းအဝေးတွင် ဆီးရီးယား သမ္မတ ဘာရှာ အာဆတ် မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၄ ခုနှစ် ဩဂုတ် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ မြောက်ပိုင်း အလက်ပိုမြို့တွင် မီးခိုးလုံးများ တက်လာသည်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………
(Chinese Version)
国际观察|叙利亚政局突变将带来多重冲击
新华社大马士革12月8日电 叙利亚反对派武装8日宣称进入首都大马士革,后在电视讲话中称已“解放大马士革并推翻阿萨德政权”。俄罗斯外交部8日称,巴沙尔·阿萨德在与多个冲突方谈判后辞去叙利亚总统职务。
自11月27日起,叙政府军与反对派武装及极端组织人员发生大规模交火,叙局势在十余天内急转直下,最终“变天”。分析人士指出,这是叙政府长期困境不断积累叠加近期地缘冲突外溢效应的结果,或将导致该国内部纷争加剧,给动荡的中东局势再添变数。
叙利亚一朝“变天”
本次叙利亚局势生变始于11月27日。反对派武装及极端组织当天在叙西北部多地发起突袭,仅用约一周时间就先后攻下北部重镇阿勒颇、中部重镇哈马,随后将兵锋指向位于中部的第三大城市、交通枢纽霍姆斯。另有反政府武装在南部发起攻势,夺取重要城市德拉。
12月8日,叙利亚局势剧烈震荡,反对派武装宣布攻占霍姆斯并已进入大马士革。反对派武装人员随后出现在叙国家电视台,并在电视讲话中宣称已“解放大马士革并推翻阿萨德政权”。
新华社报道员在位于大马士革的住宅里看到,持枪人员在街道上走动。有当地民众说,看到持枪武装人员出现在叙总统府人民宫、倭玛亚广场等地标性建筑附近。
叙总理贾拉利同日表示,他与巴沙尔最后一次联络是在7日下午,对其具体去向不知情。贾拉利说,他将留在大马士革继续履行职责,并已与反对派接触,双方同意保护公共机构。大多数内阁部长仍留在大马士革,政府正努力让工作人员重返各自岗位,希望叙各方实现“和解”。
此前路透社援引叙军方高官的话报道,巴沙尔8日已乘飞机离开大马士革。今日俄罗斯晚些时候援引俄外交部的表态报道,巴沙尔已离开叙利亚,并下令和平移交权力。
政府军快速溃退
面对反对派武装的进攻,叙政府军溃退之快令人震惊。分析人士指出,这与其内部自身实力不足和外部援助减少都有关系。
从内部看,自2011年内战爆发后,叙利亚经济遭到严重破坏,一直未能复苏。美西方对叙政府实施制裁,其支持的库尔德武装控制了叙主要石油产区,导致叙政府控制区能源短缺、财政收入锐减。2020年之后,叙利亚又接连遭遇新冠疫情、大地震,以及俄乌冲突带来的输入性通胀等多重打击。巴沙尔政府虽然通过取消食品燃油等生活必需品补贴、大量裁减军队等措施加以应对,但未能有效改善经济,反而导致不满增加,民心军心进一步低落。
从外部看,叙政府的主要盟友近期都面临严重挑战。上海外国语大学中东研究所教授丁隆认为,叙政府无力加强军队力量,此前能维持对广大地域的控制,主要是依靠俄罗斯提供空中力量、黎巴嫩真主党提供地面部队、伊朗提供后勤和指挥支持。中国国际问题研究院助理研究员李子昕指出,黎巴嫩真主党在黎以冲突中被以色列重创;伊朗面临诸多困难,采取自我克制战略;俄乌冲突延宕,俄罗斯自顾不暇。复旦大学国际与公共事务学院副教授张楚楚说,三大主要盟友均处于历史上最为虚弱的状态,无力给予巴沙尔政府强力支援。
而反对派武装在此次进攻中不仅使用了重型武器和无人机,战法也更为先进。丁隆认为,反对派武装在过去几年中一直在积蓄实力,而且显然得到了外部势力的支持。
内外影响深远
叙利亚战略位置重要,内部民族和宗教情况复杂。分析人士认为,叙政府瓦解不仅会造成本国动荡,也将给整个中东地区带来更多不稳定性,导致地区局势进一步紧张。
从本国层面看,叙利亚存在多股势力,它们有不同民族宗教背景及外部势力支持。过去,不同反对派为打击巴沙尔政府尚可合作,当这一共同目标消失后,各势力能否继续合作是个问题。李子昕认为,原先控制叙大部分领土的巴沙尔政府解体后,该国政治版图将更加碎片化,各势力为争夺地盘而爆发冲突的可能性也在增加。
丁隆认为,此次攻击政府军的主力“解放叙利亚”联盟(又译“沙姆解放组织”)、得到土耳其支持的反对派武装“叙利亚国民军”,以及得到美国支持的库尔德武装是叙国内三股主要势力,未来如何展开争夺值得关注。
清华大学国际与地区研究院助理研究员刘岚雨认为,大国势力在叙利亚的角逐将使叙未来局势变得更加复杂。
从地缘政治层面看,叙利亚政局突变将对地区大国造成不同影响。上海外国语大学中东研究所副研究员赵军表示,叙利亚被认为是伊朗主导的“抵抗轴心”的一员,其政府瓦解将导致伊朗的地区影响力被削弱。伊朗未来恐将面临美西方更多打压,其对手以色列在中东则会更为主动。
此外,叙利亚局势如果走向混乱也会给周边国家造成冲击。宁夏大学中国阿拉伯国家研究院执行院长牛新春指出,届时可能有大量叙利亚难民涌入黎巴嫩、约旦、土耳其等周边国家,进一步加重其社会与经济负担;“伊斯兰国”等极端组织可能再次趁乱坐大,重新成为地区安全的重大威胁。

1. 这是12月8日拍摄的叙利亚首都大马士革街景(手机照片)。新华社发(蒙塞夫·梅马里摄)
2. 这张摄于8月25日的资料照片显示,叙利亚总统巴沙尔·阿萨德在大马士革举行的议会会议上讲话。新华社发
3. 12月1日,叙利亚北部城市阿勒颇升起滚滚浓烟(手机照片)。新华社发