Connect with us

Asia

တရုတ်ကုမ္ပဏီလုပ်ငန်းများက သီရိလင်္ကာနိုင်ငံ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေး

တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကူညီတည်ဆောက်ပေးခဲ့သော သီရိလင်္ကာနိုင်ငံ ကန်ဒီမြို့ရှိ တရုတ်-သီရိလင်္ကာ ရေစင်တာ သုတေသန ဘက်စုံအဆောက်အအုံကြီးကို စက်တင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုလံဘို၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)
သီရိလင်္ကာနိုင်ငံ အလယ်ပိုင်း ကန်ဒီမြို့တွင် ရေအရည်အသွေး စောင့်ကြည့်စစ်ဆေးရေး ကိရိယာများ လည်ပတ်လျက်ရှိသည်။ ဒေသန္တရသိပ္ပံသုတေသီများက ၎င်းတို့အား သီရိလင်္ကာ၏ ရေအရည်အသွေးစောင့်ကြည့်စစ်ဆေးရေးစနစ်၏ “အုတ်မြစ်” ဟုခေါ်ဆိုကြပြီး အနီးအနားရှိပြည်သူလူထု၏ သောက်သုံးရေအရည်အသွေးနှင့် သက်ဆိုင်ရာ သိပ္ပံသုတေသနပြုမှုအတွက် အရေးပါသည့် ပံ့ပိုးမှုများပေးလျက်ရှိသည်။
တရုတ်ကုမ္ပဏီလုပ်ငန်းများက လှူဒါန်းထားသော ဤကိရိယာများကို ကန်ဒီမြို့ရှိ တရုတ်-သီရိလင်္ကာ ရေနည်းပညာသုတေသနနှင့် သရုပ်ပြမှုဆိုင်ရာ ပူးတွဲဗဟိုဌာန (တရုတ်-သီရိလင်္ကာ ရေစင်တာ) အတွင်းထားရှိကြောင်း သိရသည်။ မကြာသေးမီရက်က တရုတ်သိပ္ပံအကယ်ဒမီ ဂေဟပတ်ဝန်းကျင် သုတေသနစင်တာနှင့် တရုတ်-သီရိလင်္ကာ ရေစင်တာတို့ ပူးပေါင်းကျင်းပသော “ရာသီဥတုဒဏ်ခံနိုင်မှုအောက်တွင် ဘေးကင်းစွာ ရေပေးဝေရေး ဖိုရမ်နှင့် တရုတ်-သီရိလင်္ကာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပြပွဲ” ကို ဤနေရာတွင် ကျင်းပခဲ့ပြီး သီရိလင်္ကာ၊ မော်လ်ဒိုက်၊ ဆေးရှဲလ်၊ ကိုမိုရို စသည့်နိုင်ငံများမှ ပညာရှင်များနှင့် ကျွမ်းကျင်သူများ၊ စီမံခန့်ခွဲမှုဆိုင်ရာ အစိုးရဌာနများနှင့် သက်ဆိုင်ရာ ကုမ္ပဏီလုပ်ငန်းများ အတူစုဝေးပြီး ရေသန့်စင်ခြင်းနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိုင်တွယ်ဖြေရှင်းသည့် အတွေ့အကြုံများကို ဆွေးနွေးခဲ့ကြသလို ဆက်စပ်ထုတ်ကုန် အသုံးချမှုများကိုလည်း ပြသမိတ်ဆက်ခဲ့သည်။
၂၀၁၅ ခုနှစ်မှစ၍ သီရိလင်္ကာရှိ သောက်သုံးရေနှင့် ပတ်သက်သည့် အကြောင်းရင်းမသိရသော နာတာရှည်ရောဂါများကို ဖြေရှင်းရန် သီရိလင်္ကာဘက်က ဖိတ်ကြားမှုကို တုံ့ပြန်သည့်အနေဖြင့် တရုတ်သိပ္ပံပညာရှင်များက ရေသန့်စင်ခြင်းနှင့် ပေါင်းစပ်စီမံခြင်း နည်းပညာအမျိုးမျိုးကို ယူဆောင်လာခဲ့ကြသည်။ ဆယ်စုနှစ်ကာလအတွင်း တရုတ်-သီရိလင်္ကာ ပူးပေါင်းဆောင်ရွက်မှု စဉ်ဆက်မပြတ် နက်ရှိုင်းလာကာ တရုတ်- သီရိလင်္ကာ ရေစင်တာအား အဓိကထားသော ပလက်ဖောင်းများစွာ တည်ထောင်ခဲ့ပြီး သီရိလင်္ကာပြည်သူများအား “စိတ်ချရသောရေ” သောက်သုံးနိုင်ရန်အတွက် အကူအညီပေးခဲ့သလို တရုတ်ကုမ္ပဏီလုပ်ငန်းများနှင့် သီရိလင်္ကာကြား အစိမ်းရောင်လုပ်ငန်းအတွက် ပူးပေါင်းဆောင်ရွက်မှု ပေါင်းကူးတံတားကိုလည်း တည်ဆောက်ပေးခဲ့သည်။
Lihe Technology (Hunan) Co., Ltd. သည် ဤပူးပေါင်းဆောင်ရွက်မှုဖြင့် သီရိလင်္ကာသို့ အစောဆုံးရောက်ရှိခဲ့ပြီး သီရိလင်္ကာထံ ရေအရည်အသွေး စောင့်ကြည့်စစ်ဆေးရေးကိရိယာများကို လှူဒါန်းကူညီခဲ့သည့် ကုမ္ပဏီများအနက်တစ်ခုဖြစ်သည်။ ယခုတစ်ခေါက်တွင် ပိုမိုအဆင့်မြင့်၍ လွယ်ကူသော စက်ကိရိယာများ ယူဆောင်လာကြောင်း၊ ကုမ္ပဏီအနေဖြင့် သီရိလင်္ကာဈေးကွက်တွင် ဆက်လက်ရပ်တည်ပြီး ပြည်သူ့နေထိုင်မှုဘဝအတွက် ပံ့ပိုးမှုများ ပိုမိုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီ အမှုဆောင်ဒါရိုက်တာ ဟုံလျုန့်က ပြောကြားခဲ့သည်။
ယခုအကြိမ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပြပွဲသည် တရုတ်ကုမ္ပဏီလုပ်ငန်း ၁၀ ခုကျော်ပါဝင်ပြသအောင် ဆွဲဆောင်နိုင်ခဲ့ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နယ်ပယ်တွင် အထူးပြု ဆန်းသစ်သော အသေးစားနှင့် အလတ်စား ကုမ္ပဏီလုပ်ငန်းများအပြင် နိုင်ငံရပ်ခြားတွင် ဆောက်လုပ်ဆဲ စိမံကိန်း အများအပြားရှိသည့် နိုင်ငံပိုင် ကုမ္ပဏီလုပ်ငန်းများလည်း ပါဝင်ကြောင်း၊ ကဏ္ဍများအားဖြင့် ကျေးလက်ရေပေးဝေမှု၊ ရေဆိုးသန့်စင်မှု၊ အစိုင်အခဲစွန့်ပစ်ပစ္စည်းနှင့် အန္တရာယ်ရှိသော စွန့်ပစ်ပစ္စည်း ပြန်လည်သိမ်းဆည်းစီမံခြင်း၊ စွမ်းအင်သစ်ဖြစ်သော အလင်းရောင်လျှပ်စစ်စွမ်းအင်စသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။ ယခုအကြိမ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပြပွဲသည် သီရိလင်္ကာ၏ လက်တွေ့လိုအပ်ချက်နှင့် ကိုက်ညီရုံသာမက တရုတ်နည်းပညာ၊ တရုတ်ဉာဏ်ပညာများ ပြည်ပနိုင်ငံသို့ ရောက်ရှိရန် လမ်းကြောင်းကို ပေးအပ်ပေးခဲ့ခြင်းလည်းဖြစ်ကြောင်း တရုတ်-သီရိလင်္ကာ ရေစင်တာ စီမံကိန်း တာဝန်ခံ ရိုးလိက ပြောကြားခဲ့သည်။
သီရိလင်္ကာ စီးပွားရေး လုပ်ငန်းရှင် Chandra Bose သည် ယခုအကြိမ်တွင် သီရိလင်္ကာ ကုမ္ပဏီသုံးခုကို ကိုယ်စားပြုကာ ပြပွဲတွင် ပါဝင်ပြသပြီး ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့သည်။ တရုတ်ကုမ္ပဏီလုပ်ငန်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုရရှိရန်၊ သီရိလင်္ကာ ကုမ္ပဏီများ၏ ဈေးကွက်ကို အိန္ဒိယ၊ မလေးရှားနှင့် အင်ဒိုနီးရှားစသည့် နိုင်ငံများသို့ တိုးချဲ့ရာတွင် ကူညီပေးရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“ပြည်သူ့နေထိုင်မှုဘဝအာမခံချက်ရှိဖို့ကနေ ဂေဟစနစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအထိ၊ ဒီလို တစ်ဟုန်ထိုး တိုးတက်မှုတွေ အကောင်အထည်ဖော်နိုင်လိမ့်မယ်ဟု ကျွန်တော်တို့ ထင်မထားဘူး။ တရုတ်နိုင်ငံရဲ့ ကူညီမှုတွေကို ကျွန်တော်တို့ စိတ်နှလုံးမှာ စွဲမြဲစွာ ထားရှိသွားမှာပါ” ဟု Chandra Bose က ပြောကြားခဲ့သည်။
“တရုတ်ကုမ္ပဏီလုပ်ငန်းတွေရဲ့ ရောက်ရှိခြင်းက သီရိလင်္ကာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းနဲ့ ဈေးကွက်ကို အသက်သွင်းလိုက်ခြင်းဖြစ်ပြီး ကျွန်တော်တို့ နိုင်ငံနဲ့ ပြည်သူတွေကို အကျိုးဖြစ်ထွန်းစေတယ်။ တရုတ်နိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းပညာက သီရိလင်္ကာအပါအဝင် တောင်အာရှနိုင်ငံတွေရဲ့ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးမှာ ကူညီနိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု သီရိလင်္ကာနိုင်ငံ ကန်ဒီမြို့ ရေပေးဝေရေးဌာန တာဝန်ခံ Vikramarachy က ပြောကြားခဲ့သည်။ (Xinhua)

သီရိလင်္ကာနိုင်ငံ အလယ်မြောက်ပိုင်းဒေသ Nil Diya ကျေးရွာတွင် တရုတ်နိုင်ငံ အကူအညီဖြင့် တည်ဆောက်ထားသော သောက်သုံးရေ ကိရိယာရှေ့တွင် ရေသောက်နေသော ရွာသားတစ်ဦးကို နိုဝင်ဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………
(Chinese Version)
中国企业助力斯里兰卡绿色发展
新华社科伦坡12月26日电(记者伍岳 陈冬书)在斯里兰卡中部城市康提,几台水质监测设备正在运行。当地科研人员称它们是斯里兰卡水质监测系统的“基石”,为保障附近民众的饮用水质量及相关科学研究提供重要保障。
这些由中国企业捐赠的设备存放于康提市的中国-斯里兰卡水技术研究与示范联合中心(中斯水中心)内。日前,由中国科学院生态环境研究中心、中斯水中心联合主办的“气候韧性下安全供水论坛及中斯环保展”在这里举行,包括斯里兰卡、马尔代夫、塞舌尔、科摩罗等国学者专家、政府管理部门及相关企业汇聚一堂,探讨水处理及应对气候变化经验,展示宣介相关产品应用。
自2015年起,为解决斯里兰卡饮用水相关的不明原因慢性病,中国科学家应斯方邀请带来多种水净化和综合治理技术。十年间,中斯合作不断深入,先后成立以中斯水中心为主的一系列平台,帮助更多斯里兰卡百姓喝上“放心水”,也为中国企业与斯里兰卡绿色产业架起合作桥梁。
力合科技(湖南)股份有限公司是最早通过这一合作来到斯里兰卡并向斯方捐助水质监测设备的公司之一。公司执行董事侯亮表示,这次他带来了更先进便捷的设备,公司将继续立足于斯里兰卡市场,为当地民生作出更大贡献。
此次环保展吸引了十余家中国企业参展,既有环保领域专精特新中小企业,也包括在海外拥有大量在建项目的国有企业,领域覆盖农村供水、污水处理、固废危废回收处置、新能源光电等多个环保产业。中斯水中心项目主管尤立表示,此次环保展既契合斯方现实需求,又为中国技术、中国智慧走出国门提供了路径。
斯里兰卡企业家钱德拉博塞此次代表三家斯方公司前来参展洽谈合作,他表示希望同中国企业达成更多合作,帮助斯方公司将市场拓展至印度、马来西亚和印度尼西亚等国。
“从保障民生到生态可持续发展,我们没想到能实现这样跨越式的进步。我们对中国的帮助铭记在心。”钱德拉博塞说。
“中国企业的到来激活了斯里兰卡的环保产业和市场,造福我们的国家和人民。我相信中国的环保科技能够帮助包括斯里兰卡在内的南亚国家实现绿色发展。”斯里兰卡康提市供水部门负责人维克拉马拉奇说。
图说1:这是9月26日在斯里兰卡康提市拍摄的中斯水中心科研综合大楼,大楼由中国商务部援建(无人机照片)。新华社发(加扬·萨米拉摄)
图说2:10月2日,在斯里兰卡中北部地区尼迪亚村,村民正在中国援建的饮用水装置前饮水。新华社发(加扬·萨米拉摄)