Africa & Middle East
အစ္စရေးစစ်တပ်က ထောက်ပံ့ရေးပစ္စည်းများ သယ်ယူပို့ဆောင်သည့် ယာဉ်ကို အသုံးချ၍ ဂါဇာ ဒုက္ခသည်စခန်းသို့ ဝင်ရောက်ဟု ပါလက်စတိုင်း IFRC က ပြောကြား

ပေကျင်း၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)
ဂါဇာကမ်းမြောင်ဒေသ အလယ်ပိုင်း Nuseirat ဒုက္ခသည်စခန်းမှ ဖမ်းဆီးခံရသူများအား ကယ်ဆယ်ချိန်တွင် အစ္စရေးတပ်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ရေးပစ္စည်းများပို့ဆောင်သည့် ယာဉ်များကို အကာအကွယ်ယူ၍ အဆိုပါဒုက္ခသည်စခန်းကို ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ပါလက်စတိုင်း နိုင်ငံတကာကြက်ခြေနီနှင့် လခြမ်းနီအဖွဲ့ (IFRC) က ဇွန် ၁၀ ရက်တွင် ပြောကြားခဲ့သည်။
ပါလက်စတိုင်း နိုင်ငံတကာကြက်ခြေနီနှင့် လခြမ်းနီအဖွဲ့ (IFRC) အနေဖြင့် အစ္စရေးတပ်က ဇွန် ၈ ရက်တွင် ကူညီထောက်ပံ့ရေးပစ္စည်း သယ်ယူပို့ဆောင်သည့် ယာဉ််များကို အကာအကွယ်ယူ၍ ဒုက္ခသည်စခန်းသို့ ဝင်ရောက်သော အန္တရာယ်များသည့်လုပ်ရပ်အပေါ် သတိပေးထားကြောင်း IFRC ၏ ကြေညာချက်ကို ကိုးကား၍ AFP သတင်းက ဖော်ပြထားသည်။ ဂါဇာဒေသပြည်သူလူထုသည် အစားအသောက် ဆိုးရွားစွာ လိုအပ်နေပြီး ကူညီထောက်ပံ့မှုများ အလွန် လိုအပ်နေချိန်တွင် အစ္စရေးတပ်က”ထောက်ပံ့ရေးယာဉ် အကာအကွယ်ဖြင့် အသွင်ယူနေခြင်း ” သည် ဒေသခံလူထုကို လိမ်ညာခြင်း ဖြစ်ရုံသာမက အမှန်တကယ် ကူညီကယ်ဆယ်ရေးသမားများအတွက် အန္တရာယ် ဖြစ်စေကြောင်း သတင်း၌ ဖော်ပြထားသည်။
ကူညီထောက်ပံ့ရေးပစ္စည်းများ သယ်ယူပို့ဆောင်သည့်ယာဉ်ကို အသုံးချပြီး ဒုက္ခသည်စခန်းသို့ ဝင်ရောက်ခြင်းဟူသောအဆိုမှာ “မုသားစကား”သာ ဖြစ်ကြောင်း အဆိုပါကြေညာချက်အပေါ် အစ္စရေး ကာကွယ်ရေးတပ် ပြောရေးဆိုခွင့်ရှိသူ Avichay Adraee က ဇွန် ၁၀ ရက်တွင် ထပ်မံပြောကြားခဲ့သည်။ (Xinhua)
#Isreal #Palestine #IFRC #အစ္စရေး #ပါလက်စတိုင်း #နိုင်ငံတကာကြက်ခြေနီနှင့်လခြမ်းနီအဖွဲ့
——————————-
巴红新月会:以军利用援助运输车潜入加沙难民营
新华社北京6月11日电 巴勒斯坦红新月会10日说,以色列军人上周末从加沙地带中部努赛赖特难民营解救被扣押人员时,借助人道主义援助物资运输车辆潜入这座难民营。
法新社援引巴勒斯坦红新月会一份声明报道,巴红新月会对以色列“占领军”8日利用援助物资运输车辆潜入难民营存在危险性作出警告。在加沙地带民众遭受严重食品短缺、亟需援助之际,以色列“占领军以援助(运输车辆)作掩护进行伪装”,不仅欺骗当地民众,还危及真正的援助人员安全。
就上述声明内容,以色列国防军发言人阿维凯·阿德拉伊10日重申,以军利用援助物资运输车队进入难民营的说法是“谎言”。
1. 这是6月8日在加沙地带中部努赛赖特难民营拍摄的在以军袭击中受损严重的房屋。