Connect with us

China

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် မြန်မာနိုင်ငံ သမ္မတဟောင်း ဦးသိန်းစိန် တွေ့ဆုံဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ သည် တရုတ်နိုင်ငံသို့ လာရောက်၍ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် ညီလာခံသို့ တက်ရောက်သော မြန်မာနိုင်ငံ သမ္မတဟောင်း ဦးသိန်းစိန် နှင့် ဇွန် ၂၉ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် တရုတ်နိုင်ငံသို့ လာရောက်၍ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် ညီလာခံသို့ တက်ရောက်သော မြန်မာနိုင်ငံ သမ္မတဟောင်း ဦးသိန်းစိန်နှင့် ဇွန် ၂၉ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ သည် တရုတ်နိုင်ငံသို့ လာရောက်၍ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် ညီလာခံသို့ တက်ရောက်သော မြန်မာနိုင်ငံ သမ္မတဟောင်း ဦးသိန်းစိန် နှင့် ဇွန် ၂၉ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ထိုသို့ တွေ့ဆုံရာတွင် ဝမ်ရိက အဆွေတော်သည် တရုတ်ပြည်သူများ၏ မိတ်ဆွေဟောင်း ဖြစ်ကြောင်း၊ လွန်ခဲ့သော နှစ်ပေါင်း ၇၀ က တရုတ်နိုင်ငံ ခေါင်းဆောင်များသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်ကို အဆိုပြုခဲ့ရာ မြန်မာနိုင်ငံ၏ တုံ့ပြန်မှုကို ဦးစွာ ရရှိပြီး အာရှတွင် ကျယ်ပြန့်လာကာ အာရှနိုင်ငံများအကြား ဆက်ဆံရေး တိုးတက်မှု၏ အားကောင်းသော တွန်းအားဖြစ်ခဲ့သလို နိုင်ငံတကာဆက်ဆံရေး၏ စံတင်ရသည့် အခြေခံမူနှင့် နိုင်ငံတကာဥပဒေ၏ အခြေခံမူအဖြစ် တိုးတက်လာခဲ့ကြောင်း၊ ဒုတိယကမ္ဘာစစ်အပြီး နိုင်ငံတကာစနစ် တည်ဆောက်ရာတွင် ကြီးမားသည့်အကျိုးဆောင်မှုရှိခဲ့သလို အရေးကြီးသည့် ပြည်သူ့ထုတ်ကုန်အဖြစ် ပံ့ပိုးခဲ့ကြောင်း ပြောကြားခဲ့သည်။ နှစ်ပေါင်း ၇၀ ကြာပြီးနောက် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်သည် ခေတ်နောက်ကျခြင်း မရှိသည့်အပြင် ပို၍ ရှင်သန်အားကောင်းလာကြောင်း၊ မနေ့ နံနက်ပိုင်းက ကျင်းပသော အထိမ်းအမှတ် ညီလာခံတွင် သမ္မတ ရှီကျင့်ဖိန်သည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ် စိတ်ဓာတ်၏ အနက်အဓိပ္ပါယ်နှင့် ခေတ်ကာလ၏တန်ဖိုးကို နက်နဲစွာ ရှင်းလင်းပြောကြားခဲ့ပါကြောင်း၊ လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးမှာ မူကြီး ၅ ရပ်အတွက် ခေတ်ကာလ၏အနက်အဓိပ္ပါယ်သစ်ကို ဖြည့်တင်းခြင်း ၊ မူကြီး ၅ ရပ်ကို အကောင်းဆုံး ကျယ်ပြန့်အောင် မြှင့်တင်ခြင်း ဖြစ်ပြီး မျက်မှောက်ကမ္ဘာကြီးတွင် ရင်ဆိုင်နေရသည့် စိန်ခေါ်မှု အမျိုးမျိုးကို ရင်ဆိုင်ဖြေရှင်းရာတွင် အရေးကြီးသည့် ပြည်သူ့ထုတ်ကုန်ကို ထပ်မံ ပံ့ပိုးခြင်း ဖြစ်ကြောင်း ၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်ကို ဖော်ဆောင်ရန်၊ တရုတ်-မြန်မာ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးကို မြှင့်တင်ရန် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ ကြိုးပမ်းမှုအသစ်များ ဆောင်ရွက်သွားလိုကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ သမ္မတဟောင်း ဦးသိန်းစိန်က လွန်ခဲ့သည့် ၁၀ နှစ်က မိမိသည် သမ္မတအနေဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ် ထုတ်ပြန်ခြင်း နှစ် ၆၀ ပြည့် အထိမ်းအမှတ် ညီလာခံကို တက်ရောက်ခဲ့ပါကြောင်း၊ ယခုအကြိမ်မှာ တရုတ်နိုင်ငံ၏ မိတ်ဆွေဟောင်းအနေဖြင့် ဒုတိယအကြိမ် တက်ရောက်ခြင်း ဖြစ်ရာ ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း ပြောကြားခဲ့သည်။
တရုတ်-မြန်မာ နှစ်နိုင်ငံသည် ရေရှည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြသည့် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံများဖြစ်ကြကြောင်း၊ နှစ်နိုင်ငံကြား နက်ရှိုင်းသော ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသည် ယခင်ခေါင်းဆောင်ဟောင်းများ ကိုယ်တိုင် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း ၊ သမ္မတ ရှီကျင့်ဖိန် ၂၀၂၀ ပြည့်နှစ် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်စဉ်တွင် နှစ်နိုင်ငံအနေဖြင့် မြန်မာ-တရုတ် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်မည့် အရေးကြီးသဘောတူညီချက် ရရှိခဲ့ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် အထူးအလေးထားကြောင်း၊ သမ္မတ ရှီကျင့်ဖိန် အဆိုပြုသည့် လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း အတွေးအခေါ်ကို အလွန် တန်ဖိုးထား ထောက်ခံကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်ကို ဆက်ခံပြီး ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများကို ထဲထဲဝင်ဝင်ဆောင်ရွက်ကာ မြန်မာ-တရုတ် အေးအတူ ပူအမျှ အသိုက်အဝန်းကို အတူတကွ ကောင်းမွန်အောင် တည်ဆောက်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)
……………………….
(Chinese Version)
王毅会见缅甸前总统登盛
新华社北京6月29日电 6月29日,中共中央政治局委员、外交部长王毅在北京会见来华出席和平共处五项原则发表70周年纪念大会的缅甸前总统登盛。
王毅表示,阁下是中国人民的老朋友。70年前,中国领导人倡导和平共处五项原则,首先得到缅甸的响应,并在亚洲推广,有力推动了亚洲国家间关系的发展,并发展成为国际关系基本准则和国际法基本原则,为二战后国际秩序建设作出了重大贡献,提供了重要公共产品。70年后,和平共处五项原则不仅没有过时,反而彰显旺盛的生命力。昨天上午,习近平主席出席纪念大会深刻阐释了和平共处五项原则的精神内涵和时代价值。而构建人类命运共同体,又为五项原则注入新的时代内涵,是对五项原则最好的弘扬和升华,为解决当今世界面临的各类挑战再次提供了重要的公共产品。中方愿同缅方一道,为践行和平共处五项原则,推动中缅命运共同体建设做出新的努力。
登盛表示,十年前,我以总统身份出席和平共处五项原则发表60周年纪念大会,这次是作为中国的老朋友第二次出席,备感荣幸。中缅是长期和平共处的友好邻邦,两国间深厚的胞波情谊是老一辈领导人亲自缔造的。习近平主席2020年访缅时,两国达成构建缅中命运共同体的重要共识。缅方高度重视发展对华关系,高度赞赏并支持习近平主席提出的人类命运共同体理念,愿与中方一道,继承和发扬和平共处五项原则,深化各领域合作,共同构建好缅中命运共同体。(完)
1. 6月29日,中共中央政治局委员、外交部长王毅在北京会见来华出席和平共处五项原则发表70周年纪念大会的缅甸前总统登盛。