Connect with us

China

ဗီဇာကင်းလွတ် ဖြတ်သန်းသွားလာခွင့်က နိုင်ငံခြားသားများ တရုတ်နိုင်ငံသို့ ခရီးသွားလာမှုကို မြှင့်တင်ပေး

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ထျန်းထန်ဥယျာဉ်တွင် အီတလီနိုင်ငံမှ ခရီးသွားများ ထိုက်ချိကစားပြီးနောက် အဖွဲ့လိုက် အမှတ်တရ ဓာတ်ပုံရိုက်နေသည်ကို ဇူလိုင် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသို့ နိုင်ငံခြားသားများ လာရောက်ရာတွင် အဆင်ပြေချောမွေ့စေရန် “၇၂ / ၁၄၄ နာရီ ဗီဇာကင်းလွတ် ဖြတ်သန်းသွားလာခွင့်” စသည့် မူဝါဒများ တိုးမြှင့်လုပ်ဆောင်မှုအရ တရုတ်နိုင်ငံသို့ လာရောက်သော နိုင်ငံခြားခရီးသွား ဆက်တိုက် တိုးမြင့်လာခဲ့ကြောင်း သိရသည်။
ယခုနှစ် ပထမနှစ်ဝက်တွင် တရုတ်နိုင်ငံ၏ ပြည်ဝင်ပြည်ထွက်ဂိတ်အသီးသီးမှ ဝင်ရောက်သော နိုင်ငံခြားသား ၁၄ ဒသမ ၆၃၅ သန်း ရှိခဲ့ပြီး ပြီးခဲ့သည့်နှစ်ကာလတူထက် ၁၅၂ ဒသမ ၇ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း၊ ၎င်းတို့အနက် ၈ ဒသမ ၅၄၂ သန်းသည် ဗီဇာကင်းလွတ်ခွင့်ဖြင့် တရုတ်နိုင်ငံသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်ကာလတူထက် ၁၉၀.၁ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း တရုတ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက ဇူလိုင် ၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် ပထမနှစ်ဝက်တွင် ပေကျင်းပြည်ဝင်ပြည်ထွက်ဂိတ်၌ ဗီဇာကင်းလွတ် လျှောက်ထားသူ နိုင်ငံခြားခရီးသွား စုစုပေါင်း ၃၀၇,၀၀၀ ဦးရှိပြီး ပြည်ဝင်ခွင့် သတ်မှတ်ချက်နှင့် ကိုက်ညီသော နိုင်ငံခြားခရီးသွား ၃၃,၇၀၀ ဦးကို ၁၄၄ နာရီကြာ ဗီဇာကင်းလွတ်ခွင့်များ ထုတ်ပေးခဲ့ရာ ပြီးခဲ့သည့်နှစ်ကာလတူထက် ၁၀.၁၂ ဆ နှင့် ၇.၂၄ ဆ အသီးသီး တိုးမြင့်လာခဲ့ကြောင်း သိရသည်။ (Xinhua)


……………………………………………..
(Chinese Version)
过境免签带热外籍人士中国行
北京,2024年7月10日
在“72/144小时过境免签”等系列便利外籍人士来华的政策推动下,外籍人士中国行持续升温。
国家移民管理局7月5日通报,今年上半年全国各口岸入境外国人1463.5万人次,同比增长152.7%。其中,通过免签入境854.2万人次,同比增长190.1%。
2024年上半年,北京口岸共办理免签入境外国旅客30.7万人次,为3.37万人次符合条件的入境外籍旅客签发144小时过境免签,同比分别增长10.12倍、7.24倍。
图说:7月9日,来自意大利的游客在北京天坛公园体验太极拳后合影留念。新华社记者 鞠焕宗 摄