Connect with us

Africa & Middle East

“နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း”ကို ဖော်ဆောင်ခြင်းက အရှေ့အလယ်ပိုင်းပြဿနာ ဖြေရှင်းရေး၏ တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်ဟု တရုတ်နိုင်ငံကိုယ်စားလှယ် ပြောကြား

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ခန်ယွန်းနစ် မြို့ အဆောက်အဦ အပျက်အစီးများကြားတွင် ရပ်နေသည့် ကလေးငယ်တစ်ဦးအား ဇူလိုင် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

“နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း”ကို ဖော်ဆောင်ခြင်းက အရှေ့အလယ်ပိုင်းပြဿနာ ဖြေရှင်းရေး၏ တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်ဟု ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက ဇူလိုင် ၁၇ ရက် လုံခြုံရေးကောင်စီ ပါလက်စတိုင်း-အစ္စရေးအရေး တံခါးဖွင့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

ပါလက်စတိုင်း-အစ္စရေး အခြေအနေ ဆယ်စုနှစ်ပေါင်းများစွာ ကယောက်ကယက် ဖြစ်နေရသည့် အခြေခံ အကြောင်းရင်းမှာ “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” ကို အကောင်အထည်ဖော်နိုင်မှု မရှိခြင်း၊ ပါလက်စတိုင်း ပြည်သူများ လွတ်လပ်သောနိုင်ငံထူထောင်ခွင့် အမျိုးသားအခွင့်အရေး အာမခံမှု မရှိခြင်းကြောင့် ဖြစ်ကြောင်း၊ ဂါဇာသည် ပါလက်စတိုင်း၏ ဂါဇာဖြစ်သလို ပါလက်စတိုင်းပြည်သူများ၏ ဂါဇာ ဖြစ်ကြောင်း ဖုချုံးက ပြောကြားခဲ့သည်။ ဂါဇာစစ်ပွဲအလွန် စီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ ဆွေးနွေးရာတွင် အကျပ်အတည်းများကို အစီအစဉ်မကျ အနည်းအကျဉ်းစီ စီမံထိန်းချုပ်ရမည်မဟုတ်ဘဲ နိုင်ငံရေးအရ အဖြေရှာမှုကို အခြေခံရမည် ဖြစ်ကြောင်း၊ ပါလက်စတိုင်း ပြည်သူများ၏သဘောဆန္ဒကို လေးစားရမည် ဖြစ်သလို ဒေသတွင်းနိုင်ငံများ၏ ကျိုးကြောင်းဆီလျော်မှု ရှိသော ဂရုပြုမှုများကို ကြည့်ရှုရမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ပါလက်စတိုင်း လွတ်လပ်သော နိုင်ငံထူထောင်ရေးနှင့် “ပါလက်စတိုင်းအား ပါလက်စတိုင်းသားများ အုပ်ချုပ်ရေး” ကို ခိုင်မာစွာ ထောက်ခံကြောင်း၊ ပို၍ ကျယ်ပြန့်မှု၊ လွှမ်းမိုးမှု၊ လက်တွေ့ထိရောက်မှု ရှိသော နိုင်ငံတကာငြိမ်းချမ်းရေး အစည်းအဝေးများ ပြုလုပ်ရန် ၊ “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” ဖော်ဆောင်ရေး၏ အသေးစိတ် အချိန်ဇယားနှင့် လမ်းပြမြေပုံ ရေးဆွဲရန် အဆိုပြုကြောင်း ဖုချုံးက ပြောကြားခဲ့သည်။

ရေရှည်အပစ်အခတ်ရပ်စဲရေးကို ချက်ချင်းအကောင်အထည်ဖော်ခြင်းသည် အပြစ်မဲ့ပြည်သူများ၏အသက်ကို ကယ်ဆယ်ရန် မရှိမဖြစ် လိုအပ်ချက် ဖြစ်ကြောင်း ဖုချုံးက ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံက လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၂၇၃၅ ကို အတည်ပြုရန် တွန်းအားပေးရာတွင် အပစ်ရပ်ရေးကို အစ္စရေး သဘောတူပြီး ဖြစ်သည်ဟု အဖန်တလဲလဲ ပြောကြားခဲ့ကြောင်း၊ သို့သော် အချိန်တစ်လကျော် ကြာပြီဖြစ်သော်လည်း အစ္စရေးက ဂါဇာ စစ်ရေးလှုပ်ရှားမှုများကို တိုးချဲ့လျက်ရှိသေးသလို ယခုရက်ပိုင်းများတွင်လည်း Mawasi ၊ Nusayret စသည့် ဒုက္ခသည်စခန်းများကို တိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရမှု အများအပြား ဖြစ်ပွားခဲ့ကြောင်း၊ လက်ရှိ ဂါဇာတွင် လိုအပ်သည်မှာ ငြိမ်းချမ်းရေးမျှော်လင့်ချက် ဖြစ်ရာ စစ်ရေးလှုပ်ရှားမှုက အပြစ်မဲ့အရပ်သားပြည်သူများ၏ သေဆုံးဒဏ်ရာရမှုကို ပိုမိုများပြားစေမည်သာ ဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသူများ လွတ်မြောက်ရေးအတွက် အကျိုးမဖြစ်ထွန်းစေနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဂါဇာကမ်းမြောင်ဒေသရှိ စစ်ရေးလှုပ်ရှားမှုအားလုံး ချက်ချင်းရပ်တန့်ရန်၊ ဂါဇာပြည်သူလူထုအား အစုလိုက်အပြုံလိုက် အပြစ်ဒဏ်ခတ်မှုကို ရပ်တန့်ရန် တရုတ်နိုင်ငံက အစ္စရေးအားတိုက်တွန်းကြောင်း၊ အဓိက လွှမ်းမိုးမှုရှိသော နိုင်ငံများအနေဖြင့် လက်တွေ့ စေတနာမှန်ကန်စွာ တာဝန်ယူမှုရှိစွာဖြင့် အချင်းဖြစ်ပွားမှုနှင့်သက်ဆိုင်သူများအား နိုင်ငံရေးသဘောဆန္ဒဖြင့် လုံံခြုံရေးကောင်စီ သက်ဆိုင်ရာ ဆုံးဖြတ်ချက်များကို ဖော်ဆောင်ရန် တွန်းအားပေးရမည် ဖြစ်ကြောင်း ဖုချုံးက ပြောကြားခဲ့သည်။

လူသားချင်းစာနာမှုအကူအညီများ ကျယ်ပြန့်စွာ ဝင်ရောက်ရေးသည် လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးအသွင် အကျပ်အတည်းများ ဖြေလျှော့နိုင်ရေးအတွက် အရေးတကြီးလိုအပ်ချက် ဖြစ်ကြောင်း ဖုချုံးက ပြာကြားခဲ့သည်။ ဂါဇာ၏ လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးအသွင် အကျပ်အတည်းများသည် လူမှ ဖန်တီးပြုလုပ်သည့် ကပ်ဘေးဖြစ်ပြီး ငတ်မွတ်မှုကို လက်နက်အသွင်၊ လူသားချင်းစာနာမှု ပြဿနာကို နိုင်ငံရေးအသွင် ပြောင်း၍မရကြောင်း၊ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလမ်းကြောင်းသည် လူသားချင်းစာနာမှု အကူအညီများ ကျယ်ကျယ်ပြန့်ပြန် ဝင်ရောက်သော အထိရောက်ဆုံး နည်းလမ်း ဖြစ်ပြီး ၎င်း၏ အခန်းကဏ္ဍမှာ အစားထိုး၍မရကြောင်း ၊ ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂကယ်ဆယ်ရေးနှင့် လုပ်ငန်းများဆောင်ရွက်ရေးအဖွဲ့ (UNRWA) စသည့် လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့များသည် ဂါဇာပြည်သူလူထု၏ နောက်ဆုံး အသက်ရှင်သန်ရေးလမ်းကြောင်းကို တည်ဆောက်ခြင်း ဖြစ်ရာ လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအား တိုက်ခိုက်ခြင်းအပေါ် တရုတ်နိုင်ငံက ပြစ်တင်ရှုတ်ချသလို ယင်းဖြစ်ရပ်အား အဆုံးထိ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး တာဝန်ခံမှု ရှိစေရန် တောင်းဆိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံက အစ္စရေးအား အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ တာဝန်များ ဖော်ဆောင်ရန်၊ ဂါဇာကို ပိတ်ဆို့ထားမှုများ ဖျက်သိမ်းရန်နှင့် ကုန်းလမ်း နယ်စပ်ဖြတ်ကျော်ရေး နေရာများ အားလုံးကို ဖွင့်လှစ်ရန်၊ လူသားချင်းစာနာမှု အထောက်အပံ့ပစ္စည်းများ လျင်မြန်စွာ၊ လုံခြုံမှုရှိစွာ ဂါဇာသို့ ကျယ်ကျယ်ပြန့်ပြန့် ဝင်ရောက်ရေးနှင့် ဂါဇာနယ်နိမိတ်အတွင်း လုံခြုံဘေးကင်းစွာ စနစ်တကျ ခွဲဝေပးနိုင်ရေး အာမခံပေးရန် ၊ ကုလသမဂ္ဂ စသည့် လူသားချင်းစာနာမှုအဖွဲ့အစည်းများနှင့် ဘက်စုံ ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းကြောင်း ဖုချုံးက ပြောကြားခဲ့သည်။

လက်ရှိ ဂါဇာပဋိပက္ခ ပြင်ပသို့ လျှံထွက်လာရသည့် သက်ရောက်မှုသည် အရှိန်အဟုန်မြင့်တက်လာပြီဖြစ်ရာ အရှေ့အလယ်ပိုင်း အခြေအနေမှာ လွန်စွာ အန္တရာယ်များကာ စိုးရိမ်ဖွယ်ရာ ဖြစ်ကြောင်း ဖုချုံးက ပြောကြားခဲ့သည်။
ဘက်ပေါင်းစုံက တည်တည်ငြိမ်ငြိမ်နှင့် ထိန်းထိန်းသိမ်းသိမ်း ရှိကြရန်၊ အခြေအနေတင်းမာမှုများ ပို၍ ဆိုးရွားမလာအောင် ရှောင်ရှားကြရန်၊ အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးကို ဝါးမြိုနိုင်မည့် ကပ်ဆိုးကြီးအား အတူတကွ ကာကွယ်ကြရန် တရုတ်နိုင်ငံအနေဖြင့် တိုက်တွန်းကြောင်း၊ တရုတ်နိုင်ငံသည် ဘက်ပေါင်းစုံနှင့်အတူ ဂါဇာစစ်မီး ဆောလျင်စွာ ငြှိမ်းသတ်နိုင်ရေး၊ လူသားချင်းစာနာမှုကပ်ဘေး ဖြေလျှော့နိုင်ရေး၊ “နှစ်နိုင်ငံ နည်းလမ်းဖြင့် ဖြေရှင်းရေး” တို့တွင် မဆုတ်မနစ် ဆက်လက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ဖုချုံးက ပြောကြားခဲ့သည်။ (Xinhua)


…………………………
(Chinese Version)
中国代表:落实“两国方案”是解决中东问题的唯一可行出路
新华社联合国7月17日电(记者王建刚)中国常驻联合国代表傅聪17日在安理会巴以问题公开辩论会上表示,落实“两国方案”是解决中东问题的唯一可行出路。
傅聪说,几十年来,巴以局势屡陷动荡,其根本原因在于“两国方案”没有得到落实,巴勒斯坦人民独立建国的民族权利没有得到保障。加沙是巴勒斯坦的加沙,是巴勒斯坦人民的加沙。关于加沙战后治理的讨论,必须基于达成政治解决方案,而不是零敲碎打的危机管控,必须尊重巴勒斯坦人民的意愿,照顾地区国家的合理关切。中方坚定支持巴勒斯坦实现独立建国和“巴人治巴”,倡议召开更大规模、更具权威、更有实效的国际和平会议,制定落实“两国方案”的具体时间表和路线图。
傅聪表示,立即实现持久停火是拯救无辜生命的必要前提。美国推动安理会通过第2735号决议时,一再声称以色列已接受停火协议。但一个多月过去了,以色列在加沙的军事行动还在扩大,近日对马瓦西、努赛赖特等多处难民营的袭击造成重大人员伤亡。当前,加沙需要的是和平的希望,军事行动只会造成更多无辜平民伤亡,不会为被扣押人员获释创造有利条件。中方敦促以色列立即停止在加沙的一切军事行动,停止对加沙民众的集体惩罚。有重要影响的国家要切实做出真诚、负责任的努力,推动当事方拿出政治意愿落实安理会相关决议。
傅聪说,扩大人道准入是缓解人道灾难的迫切需要。加沙的人道灾难是一场人为灾难,饥饿不能成为武器,人道问题不能政治化。陆路运输通道是大规模扩大人道准入的最有效途径,其作用无法替代。联合国近东巴勒斯坦难民救济和工程处等人道机构为加沙民众构筑起最后的生命线,中方谴责对人道机构和人员的袭击,要求对有关事件进行彻查追责。中方敦促以色列履行国际人道法义务,解除对加沙的封锁并开放全部陆路过境点,保障人道物资快速、安全、大规模进入加沙和在加沙境内的安全有序分发,同联合国等人道机构开展全面合作。
傅聪表示,当前加沙冲突的外溢影响正加速显现,中东局势岌岌可危,令人担忧。中方呼吁所有各方保持冷静克制,避免采取加剧紧张局势的行动,共同防范一场可能吞噬整个中东地区的浩劫。中方将继续同各方一道,为早日平息加沙战火、缓解人道灾难、落实“两国方案”做出不懈努力。(完)
图说1:7月17日,在加沙地带南部城市汗尤尼斯,一名男孩站在被摧毁的建筑物废墟中。新华社发(里泽克·阿卜杜勒贾瓦德摄)