Connect with us

Europe

ရုရှား နယ်မြေ တိုက်ခိုက်ခံရမှုက ယူကရိန်းအကျပ်အတည်းအား နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရေးကို ပို၍ ရှုပ်ထွေးစေ

ရုရှားနိုင်ငံ Belgorod မြို့ရှိ ပြိုကျပျက်စီးနေသော လူနေအဆောက်အဦတစ်ခုတွင် ကယ်ဆယ်ရေးသမား ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်နေသည်ကို ရုရှား အရေးပေါ်ရေးရာဝန်ကြီးဌာန၏ မတ် ၁၂ ရက်က ထုတ်ပြန်သည့် ဗီဒီယို ဓာတ်ပုံ၌ တွေ့ရစဉ် (ဓာတ်ပုံ- ရုရှားနိုင်ငံ အရေးပေါ်ရေးရာဝန်ကြီးဌာန)

မော်စကို၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ)

ယူကရိန်းစစ်တပ်က ရုရှားနိုင်ငံ နယ်မြေဖြစ်သည့် Kursk ပြည်နယ်ကို ဩဂုတ် ၆ ရက်တွင် လျှပ်တစ်ပြက်တိုက်ခိုက်လိုက်ပြီး မကြာမီတွင်ပင် ယင်းပြည်နယ်၌ နှစ်ဖက်အကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့သည်။

သုံးသပ်သူအချို့က ယူကရိန်းဘက်က ယခုအကြိမ်လှုပ်ရှားမှုမှတစ်ဆင့် ရှေ့တန်းကအခြားသောဖိအားများကို လျှော့ချလိုခြင်း ဖြစ်ပြီး ရုရှားနှင့်ဆွေးနွေးရာတွင် အပေးအယူပြောပိုင်ခွင့်များစွာ ရရှိလိုခြင်းဖြစ်သော်လည်း ဤဖြစ်ရပ်က နှစ်ဖက်ပဋိပက္ခများကို ပို၍ အရှိန်အဟုန်မြင့်လာနိုင်စေသည်ဟု ထောက်ပြ ပြောဆိုကြသည်။
အမေရိကန်အနောက်နိုင်ငံများ၏ မီးလောင်ရာလေပင့်မှုအောက်တွင် ယူကရိန်းအကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရေးသည် ပိုမို ရှုပ်ထွေးလာပေသည်။

ရုရှားနယ်မြေကို ယူကရိန်းစစ်တပ် လျှပ်တစ်ပြက် တိုက်ခိုက်ခြင်း

ရုရှားတပ်က Kursk ပြည်နယ်ဘက်တွင် ယူကရိန်းတပ် စိမ့်ဝင်မှုကို တားဆီးတိုက်ဖျက်သည့်လှုပ်ရှားမှုများ ဆက်လက် လုပ်ဆောင်နေကြောင်း ၊ ဩဂုတ် ၆ ရက်မှစ၍ Kursk ပြည်နယ်ဘက်တွင် ယူကရိန်းတပ်သည် လူပေါင်း ၁,၃၅၀ ဦးနှင့်အတူ တင့်ကား ၂၉ စီး၊ သံချပ်ကာသယ်ယူပို့ဆောင်ရေးယာဉ် ၂၃ စီး စသည့် စစ်ရေးသုံးပစ္စည်းများ ဆုံးရှုံးခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ် ၁၁ ရက်တွင် ကြေညာချက် ထုတ်ပြန် ပြောကြားခဲ့သည်။

ရုရှားသမ္မတ ပူတင်က Kursk ပြည်နယ်ကို ယူကရိန်းစစ်တပ် တိုက်ခိုက်မှုမှာ နောက်တစ်ကြိမ် “ကြီးမားသည့်ရန်စမှု” ဖြစ်သည်ဟု ဩဂုတ် ၇ ရက်တွင် ပြောကြားခဲ့သည်။ Kursk ပြည်နယ်၏အရေးပေါ်အခြေအနေကို “ဖက်ဒရယ်အဆင့်” သို့ တိုးမြှင့်လိုက်ကြောင်း ရုရှားအရေးပေါ်ရေးရာဝန်ကြီးဌာနက ဩဂုတ် ၉ ရက်တွင် ကြေညာခဲ့သလို ယင်းနေ့တွင်ပင် ရုရှားနိုင်ငံ အကြမ်းဖက်မှုတိုက်ဖျက်ရေး ကော်မတီကလည်း ယူကရိန်းနှင့်ဆက်စပ်နေသည့် Kursk၊ Belgorod၊ Bryansk ပြည်နယ်များတွင် အကြမ်းဖက်တိုက်ဖျက်ရေးလှုပ်ရှားမှုစနစ် ဖော်ဆောင်သွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

ယူကရိန်းတပ် ရုရှားနယ်မြေကို ဦးတည်သည့် “အကြမ်းဖက်လှုပ်ရှားမှု” ၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ “ရုရှားအရပ်သားများကို ခြောက်လှန့်ရန်” ဖြစ်ကြောင်း၊ စစ်ရေးရှုထောင့်က ကြည့်မည်ဆိုလျှင် ရုရှားဒေသအသီးသီးကို တိုက်ခိုက်နေသည်မှာ မည်သည့်အဓိပ္ပါယ်မျှမရှိကြောင်း၊ “ရုရှားလက်နက်ကိုင်တပ်ဖွဲ့က အလွန်လျင်မြန်စွာ ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသား တုံ့ပြန်သွားမည်” ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က ဩဂုတ် ၁၁ ရက်တွင် ပြောကြားခဲ့သည်။

ယူကရိန်းဘက်က စစ်ဆင်ရေးတွင် စက်မှုတပ်မဟာ ၄ ခု နှင့် လေကြောင်းတိုက်ခိုက်ရေးတပ်မဟာ ၁ ခု ပါဝင်ကြောင်း၊ သီအိုရီအရ ၎င်း၏ စုစုပေါင်း စစ်သည်အင်အားမှာ အရာရှိနှင့်စစ်သည် ၁၀,၀၀၀၊ သံချပ်ကာယာဉ် အစီး ၆၀၀ ရှိမည်ဖြစ်သော်လည်း အဆိုပါတပ်မဟာများ၏ စစ်သည်အင်အား အကုန်လုံး ထိုးစစ်တွင် ပါဝင်သည်လား သို့မဟုတ် တပ်ဖွဲ့အချို့ကိုသာ စေလွှတ်သည်လားဆိုသည်မှာ မသိရှိရသေးကြောင်း အမေရိကန် Forbes ဂျာနယ် ဝက်ဘ်ဆိုက်၏ သတင်းများအရ သိရသည်။

မြေပြင်တိုက်ပွဲများအပြင် ရုရှားနှင့် ယူကရိန်း နှစ်ဖက်အကြား ရုရှားနယ်စပ်ဒေသတွင် လေကြောင်းအပြန်အလှန်ပစ်ခတ်မှုများလည်း ဖြစ်ပွားလျက်ရှိသည်။
ဩဂုတ် ၆ ရက်မှစ၍ ရုရှား လေကြောင်းရန် ကာကွယ်ရေးတပ်သည် ရုရှား-ယူကရိန်းနယ်စပ် အနီးရှိ Belgorod၊ Lipetsk၊ Kursk စသည့်ပြည်နယ်များတွင် ဒရုန်းယာဉ်အများအပြားကို ပစ်ချခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ယူကရိန်းစစ်တပ်က ရုရှားနိုင်ငံ Lipetsk ပြည်နယ်ရှိ လေဆိပ်တစ်ခုကို ဩဂုတ် ၉ ရက်တွင် တိုက်ခိုက်ခဲ့ရာ လေကြောင်းပဲ့ထိန်းဗုံးများသိုလှောင်ရာ ဂိုဒေါင်နှင့် လေယာဉ်အများအပြား ထိမှန်ခဲ့ကြောင်း ယူကရိန်း စစ်ဦးစီးချုပ်ရုံးက ယင်းနေ့ လူမှုကွန်ရက်စာမျက်နှာ၌ အသိပေးပြောကြားခဲ့သည်။

ယူကရိန်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း

ယူကရိန်းစစ်တပ်မှ ပေးပို့သော ရုရှားနယ်မြေအတွင်းသို့ စစ်ကြောင်းထိုးခြင်းနှင့်စပ်လျဉ်းသည့် အစီရင်ခံစာကို ရရှိပြီဖြစ်ကြောင်း၊ ရုရှားအပေါ် “လိုအပ်သည့် ဖိအားပေးနိုင်စွမ်းရှိသည်ကို ယူကရိန်းက သက်သေပြနေကြောင်း ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ဩဂုတ် ၁၁ ရက်တွင် ပြောကြားခဲ့သည်။

သုံးသပ်သူများက ယူကရိန်းအကျပ်အတည်း ဘက်စုံ အရှိန်အဟုန် မြင့်တက်လာသည့်အချိန်မှစပြီး ယူကရိန်းဘက်က ထောက်လှမ်းရေးတပ်ဖွဲ့ငယ်များ ရုရှားနယ်မြေသို့ အကြိမ်ပေါင်းများစွာ စေလွှတ်ခြင်း သို့မဟုတ် ဒရုန်းယာဉ်များဖြင့် ရုရှားနယ်စပ်ဒေသကို တိုက်ခိုက်ခြင်း ပြုခဲ့သော်လည်း ရုရှားနယ်မြေတွင် မြေပြင်လှုပ်ရှားမှုအကြီးအကျယ် မပြုလုပ်ခဲ့ကြောင်း၊ ယခုအကြိမ် ယူကရိန်းတပ်က Kursk ပြည်နယ်ကို တိုက်ခိုက်ခြင်းမှာ ရည်ရွက်ချက် ၃ ခု ရှိနိုင်ကြောင်း ယူဆကြသည်။

ပထမအချက်မှာ ရှေ့တန်းရှိအခြားဘက်နေရာများမှ ဖိအားကို ဖြေလျှော့ရန် ဖြစ်သည်။ ယူကရိန်းအနေဖြင့် Kursk ပြည်နယ်ဘက်ကို ထိုးစစ်ဆင်ခြင်းမှတစ်ဆင့် ရုရှားစစ်တပ်အား Donetsk စသည့် အခြားဘက်မှ စစ်သည်အင်အားကို ရုပ်သိမ်းရန် ဖိအားပေးပြီး ယူကရိန်းစစ်တပ်၏ဖိအားကို လျှော့ချလိုခြင်း ဖြစ်ကြောင်း ရုရှား စစ်ရေးပညာရှင် Alexei Leonkov က ယူဆသည်။

ဒုတိယအချက်မှာ အပေးအယူဆွေးနွေးနိုင်ရန် အကြောင်းကိစ္စထပ်တိုးလိုခြင်း ဖြစ်သည်။ ရုရှား အမျိုးသား စွမ်းအင်လုံခြုံရေးဖောင်ဒေးရှင်း ထိပ်တန်း သုံးသပ်သူ Igor Yushkov က ယူကရိန်းအနေဖြင့် Kursk ပြည်နယ်အတွင်းရှိ နျူကလီးယား ဓာတ်အားပေးစက်ရုံနှင့် သဘာဝဓာတ်ငွေ့ ဖြန့်ဖြူးရေးစခန်းစသည့် အရေးကြီး စွမ်းအင် အဆောက်အဦများကို ပစ်မှတ်ထား တိုက်ခိုက်လာနိုင်ကြောင်း ပြောကြားခဲ့သည်။ Kursk နျူကလီးယားဓာတ်အားပေးစက်ရုံ၏ လုံခြုံရေးကို တိုးမြှင့်သွားမည် ဖြစ်ကြောင်း ရုရှား အမျိုးသား အစောင့်တပ်က ကြေညာခဲ့သည်။
ယူကရိန်း၏ရည်ရွယ်ချက်မှာ အနာဂတ် ဆွေးနွေးပွဲတွင် အပေးအယူအနေဖြင့် နယ်စပ်ဒေသ၌ “ကြားခံဧရိယာ” တစ်ခု တည်ဆောက်လိုခြင်း ဖြစ်နိုင်ကြောင်း ဗြိတိန် The Economist ဂျာနယ် ဝက်ဘ်ဆိုက်၏ ဆောင်ပါးတွင် ဖော်ပြထားသည်။

တတိယအချက်မှာ အနောက်နိုင်ငံများ၏ ထောက်ခံအားပေးမှု ပိုမို ရရှိရန် ဖြစ်သည်။ ယခုနှစ်တွင် အမေရိကန် ရွေးကောက်ပွဲကျင်းပမည် ဖြစ်ရာ ရွေးကောက်ပွဲအပြီး ယူကရိန်းအကူအညီပေးရေး မူဝါဒများ၏ တည်ရှိမှုမှာ မသေချာမရေရာကြောင်း သုံးသပ်သူအချို့က ယူဆကြသည်။
ယူကရိန်းသည် ယခုလျှပ်တစ်ပြက်တိုက်ခိုက်မှုမှတစ်ဆင့် ၎င်းတွင် ရုရှားကို ဖိအားပေးနိုင်စွမ်းရှိသည်ကို အနောက်နိုင်ငံများအား ပြသပြီး ထိုမှတစ်ဆင့် စစ်ရေးအကူအညီများ ပိုမို ရရှိရန် ကြိုးပမ်းလိုခြင်း ဖြစ်နိုင်ကြောင်း ဂျာမနီ Bild သတင်းစာက NATO အရာရှိဟောင်း Stefanie Babst ၏ စကားကို ကိုးကားဖော်ပြထားသည်။

အခြေအနေများ ပိုမို ရှုပ်ထွေးလာ
Kursk ပြည်နယ်ကို ယူကရိန်းတပ် တိုက်ခိုက်ခြင်းက ဆွေးနွေးမှုများကို ပို၍ နှောင့်နှေးစေကြောင်း ရုရှား ဒူးမားလွှတ်တော် (အောက်လွှတ်တော်) နိုင်ငံတကာရေးရာ ကော်မတီ ဒုတိယ ဥက္ကဋ္ဌ Alexey Chepa က Lenta.ru ဝက်ဘ်ဆိုက်ကို ဩဂုတ် ၈ ရက်တွင် ပြောကြားခဲ့သည်။
ရုရှားနိုင်ငံ Kursk ပြည်နယ်ကို ထိုးစစ်ဆင်ခြင်းက “ပဋိပက္ခအရှိန်မြင့်တက်မှုအပေါ် ပြင်ပ၏ စိုးရိမ်မှုကို ပိုတိုးစေ”ကြောင်း၊ ကုလသမဂ္ဂအနေဖြင့် “အခြေအနေများ ဖြည်းဖြည်းချင်း ပြေလျော့လာမှုကို တွေ့မြင်လို” ကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ဒုတိယ ပြောရေးဆိုခွင့်ရှိသူ Farhan Haq က ဆိုသည်။

Kursk ပြည်နယ်၌ ယူကရိန်းတပ်အား ဟန့်တားတိုက်ခိုက်သည့် လှုပ်ရှားမှုတွင် အမေရိကန်ထုတ် “Stryker” သံချပ်ကာယာဉ်၊ ဂျာမနီထုတ် “Wiesel” ခြေလျင်တိုက်ခိုက်ရေးယာဉ် စသည့် အနောက်နိုင်ငံများမှ ယူကရိန်းကို ပံ့ပိုးသည့် ပစ္စည်းများကို ဖျက်ဆီးခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက မကြာမီရက်များတွင် အကြိမ်ပေါင်းများစွာ ပြောကြားခဲ့သည်။

အမေရိကန်ထုတ် လက်နက်ပစ္စည်းများဖြင့် ရုရှားနယ်နိမိတ်အတွင်းသို့ တိုက်ခိုက်ခွင့်ကို အမေရိကန်အစိုးရက ယူကရိန်းအား မေလကုန်တွင် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ အမေရိကန်က ယူကရိန်းကို “Stinger” ဒုံးကျည်၊ ရွေ့လျားနိုင်စွမ်းမြင့်မားသည့် အမြောက်ဒုံးပျံစနစ် စသည်တို့အပါအဝင် စုစုပေါင်း ကန်ဒေါ်လာ ၁၂၅ သန်း တန်ဖိုးရှိ စစ်ရေးအကူအညီများ ပေးအပ်သွားမည် ဖြစ်ကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ မဟာဗျူဟာ ညှိနှိုင်းရေးမှူး John Kirby က ယခုအကြိမ် ရုရှားနယ်မြေကို ယူကရိန်းတပ် တိုက်ခိုက်ပြီး မကြာမီ၊ ဩဂုတ် ၉ ရက်တွင် ကြေညာခဲ့သည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှစ၍ အမေရိကန်က ယူကရိန်းကို စစ်ရေးအကူအညီပံ့ပိုးမှုသည် ကန်ဒေါ်လာ ၅၅.၄ ဘီလီယံရှိပြီ ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်၏ ဩဂုတ် ၉ ရက် နောက်ဆုံးရ ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။

သုံးသပ်သူများက ယူကရိန်းအကျပ်အတည်း ဆက်လက်တည်ရှိနေရာ ယခုအကြိမ် ရုရှားနယ်မြေကို ယူကရိန်း လျှပ်တစ်ပြက် တိုက်ခိုက်ခြင်းက ပဋိပက္ခအရှိန်အဟုန်မြင့်မားမည့် အန္တရာယ်ရှိကြောင်းကို ပြသကြောင်း ထောက်ပြကြသည်။ လက်ရှိ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စုပေါင်းအင်အားဖြင့် အခြေအနေများ တည်ငြိမ်အေးချမ်းလာအောင် တွန်းအားပေးရမည် ဖြစ်ပြီး ရုရှား-ယူကရိန်း တွေ့ဆုံဆွေးနွေးမှုအတွက် အခြေအနေ ဖန်တီးရမည် ဖြစ်ကြောင်း၊ ပဋိပက္ခအရှိန် အဆက်မပြတ် ပြင်းထန်လာအောင် မီးလောင်ရာ လောင်စာဆီလောင်း ရမည် မဟုတ်ဘဲ ယူကရိန်းအကျပ်အတည်း နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေးကို အရှိန်မြှင့်တင်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)


………………………..
(Chinese Version)
国际观察|俄本土遇袭 政治解决乌克兰危机更趋复杂
乌克兰军队6日突袭俄罗斯本土库尔斯克州,随后双方在该州爆发激烈冲突。俄国防部11日表示,俄武装力量正在继续回击乌军对俄领土的进攻。
分析人士指出,乌克兰方面想要通过此次行动减轻前线其他方向的压力,并获得更多与俄罗斯谈判的筹码,然而这恐将导致双方冲突进一步升级。在美西方持续拱火的背景下,政治解决乌克兰危机的前景变得更加复杂。
乌军突袭俄本土
俄国防部11日发布通报说,俄军在库尔斯克州方向阻击乌军深入的行动仍在继续。6日以来,乌军在库尔斯克州方向已累计损失1350人,以及29辆坦克、23辆装甲运兵车等军事装备。
俄罗斯总统普京7日表示,乌克兰武装部队对库尔斯克州的袭击是又一次“大规模挑衅”。俄紧急情况部9日宣布已将库尔斯克州的紧急状态等级提升至“联邦级”,俄国家反恐委员会同日宣布,在与乌接壤的库尔斯克州、别尔哥罗德州、布良斯克州实行反恐行动制度。
俄外交部发言人扎哈罗娃11日表示,乌军对俄领土进行“恐怖活动”的唯一目的是“恐吓俄罗斯平民”。乌方应该清楚,从军事角度来看,打击俄罗斯各地区毫无意义,“俄罗斯武装部队很快就会做出强硬回应”。
据美国《福布斯》杂志网站报道,乌方参与作战的是四个机械化旅和一个空中突击旅,其理论总兵力为一万官兵和600辆装甲车,但尚不清楚这些旅是全员投入进攻,还是只派出了个别部队。
除地面冲突外,俄乌双方还在俄边境地区进行空中交火。俄国防部称,自6日以来,俄防空部队在靠近俄乌边境的别尔哥罗德州、利佩茨克州、库尔斯克州等地击落大量无人机。乌军总参谋部9日通报说,乌军当天袭击了位于俄利佩茨克州的一处机场,机场附近贮有航空制导炸弹的仓库和多架飞机被击中。
乌方有何目的
乌克兰总统泽连斯基10日表示,已收到乌军方呈交的有关将战线向俄领土内推进的报告,乌克兰正在证明其有能力对俄施加“必要压力”。
分析人士认为,乌克兰危机全面升级以来,乌方曾多次派出侦察小队进入俄本土或利用无人机袭扰俄边境地区,但从未对俄本土采取大规模地面行动。乌军此次突袭库尔斯克州可能有三重目的。
一是缓解前线其他方向压力。俄军事专家阿列克谢·列昂科夫认为,乌方希望通过向库尔斯克州方向发起进攻,施压俄军从顿涅茨克等其他方向撤回兵力,从而缓解乌军的压力。
二是增加谈判筹码。俄国家能源安全基金会首席分析师伊戈尔·尤什科夫说,乌军可能会将库尔斯克州境内的核电站和天然气配气站等重要能源设施当作打击目标。俄国民近卫军已宣布将为库尔斯克核电站增加安保措施。英国《经济学人》杂志网站文章称,乌方的目标可能是在边境地区建立“缓冲区”,作为未来谈判的筹码。
三是博得更多西方支持。有分析认为,今年美国将举行大选,选后的援乌政策存在不确定性。德国《图片报》援引北约前官员斯蒂芬妮·巴布斯特的话说,乌方可能希望通过突袭行动向西方展示其有能力对俄施压,从而争取更多军事援助。
局势更趋复杂
俄罗斯国家杜马(议会下院)国际事务委员会副主席阿列克谢·切帕8日对俄罗斯连塔网表示,乌军对库尔斯克州的袭击只会推迟谈判。联合国秘书长副发言人哈克表示,乌武装部队进攻俄库尔斯克州“增加了外界对冲突升级的担忧”,联合国“希望看到局势逐步缓和”。
俄国防部近日多次通报说,在库尔斯克州阻击乌军的行动中摧毁了美制“斯特赖克”装甲车、德国产的“黄鼠狼”步兵战车等西方援乌装备。
美国政府5月底批准乌克兰使用美制武器袭击俄罗斯境内。就在此次乌军对俄本土开展地面行动后不久,美国国家安全委员会战略沟通协调员约翰·柯比9日宣布,美方将向乌克兰提供新一批总价值1.25亿美元的军事援助,包括“毒刺”导弹、高机动性炮兵火箭系统等。美国国务院网站9日更新的数据显示,自2022年2月以来,美方已对乌提供了超过554亿美元的军事援助。
分析人士指出,乌克兰危机仍在持续,此次乌突袭俄本土表明冲突存在着升级风险。当前国际社会需要凝聚合力推动局势降温,为俄乌重启和谈创造条件,加快乌克兰危机的政治解决,而不是拱火浇油、不断激化矛盾。(完)
1. 这张俄罗斯紧急情况部5月12日发布的视频截图显示,救援人员在别尔哥罗德市居民楼坍塌现场工作。新华社发(俄罗斯紧急情况部供图)