Connect with us

China

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် မြန်မာနိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် မြန်မာနိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေတို့ ၂၀၂၄ ခုနှစ် ဩဂုတ် ၁၄ ရက်က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဩဂုတ် ၁၅ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ဒေသစံတော်ချိန် ၂၀၂၄ ခုနှစ် သြဂုတ် ၁၄ ရက်တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာ၌ ဝမ်ရိက လွန်ခဲ့သည့်နှစ်ပေါင်း ၇၀ ကျော်ကြာကာလတွင် နိုင်ငံတကာအခင်းအကျင်း မည်သို့ပင် ပြောင်းလဲစေကာမူ တရုတ်-မြန်မာ နှစ်နိုင်ငံသည် အတူအဆိုပြုခဲ့သော ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်၏ စိတ်ဓာတ်ကို အစဉ်အမြဲလက်ကိုင်ထားပြီး နိုင်ငံကြီးငယ်မခွဲခြားဘဲ တန်းတူညီမျှ ဆက်ဆံမှု၊ အပြန်အလှန် ဖေးမကူညီမှု၏ စံနမူနာကို ပြသခဲ့ကြောင်း ပြောကြားခဲ့သည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး တိုးပွားစေရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သလို အပြန်အလှန်ထောက်ခံအားပေးမှု၊ အပြန်အလှန်ကူညီမှုများဖြင့် ရှေ့ဆက်ပြီး တရုတ်-မြန်မာ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်မှု စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အတူတကွ တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
ပြောင်းလဲရှုပ်ထွေးနေသည့် ယနေ့ကမ္ဘာကြီးတွင် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ကမ္ဘာ၏ ငြိမ်းချမ်းရေးခွန်အား တိုးပွားလာခြင်းနှင့် တည်ငြိမ်မှု အကြောင်းတရား အားကောင်းလာခြင်း ဖြစ်ကြောင်း၊ ၂၀ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးကို မကြာမီက အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး တရုတ်နိုင်ငံသည် ပြုပြင်ပြောင်းလဲမှုများကို ဘက်စုံ တစ်ဆင့်တိုး နက်နက်ရှိုင်းရှိုင်း ဖော်ဆောင်သွားရန်၊ အဆင့်မြင့် ဆိုရှယ်လစ်ဈေးကွက်စီးပွားရေးစနစ်ကို တည်ဆောက်ရန်၊ အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အဆင့်မြင့် ပြည်ပတံခါးဖွင့်လှစ်ရေးကို တွန်းအားပေးရန် အတည်ပြုခဲ့ကြောင်း၊ ယင်းမှာ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အလမ်းသစ်၊ စွမ်းအားသစ်များ ဖော်ဆောင်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် လက်တွဲ၍ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတည်ဆောက်ရေးကို နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရန်၊ ကမ္ဘာလုံးဆိုင်ရာ အဆိုပြုချက်ကြီး (၃) ရပ်ကို အကောင်အထည်ဖော်ရန်၊ တရုတ်-မြန်မာ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်မှု တည်ငြိမ်စွာ စဉ်ဆက်မပြတ် တိုးတက်လာစေရန် ဆန္ဒရှိကြောင်း၊ နှစ်နိုင်ငံအနေဖြင့် အဆင့်မြင့်ဆက်ဆံရေးထိန်းသိမ်းထားပြီး နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုကို မြှင့်တင်ရမည်ဖြစ်ကြောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ လုံခြုံချောမွေ့စွာ လည်ပတ်နိုင်ရေး စီးပွားရေးစင်္ကြံများ တည်ဆောက်မှုကို တည်ငြိမ်မှု၊ သင့်လျော်မှုရှိစွာ မြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ကာ နယ်စပ်ဖြတ်ကျော် ရာဇ၀တ်မှုကို အတူတကွ ပူးပေါင်းတိုက်ဖျက်ရမည် ဖြစ်ကြောင်း၊ လယ်ယာစိုက်ပျိုးရေး စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်မြှင့်တင်ကာ မြန်မာနိုင်ငံ ပြည်သူများ၏နေထိုင်မှုဘဝ ပိုမိုကောင်းမွန်လာစေရေး အားဖြည့်ပေးရမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
လာမည့်နှစ်သည် သံတမန်ဆက်ဆံရေး ထူထောင်သည့် ၇၅ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် အခွင့်အလမ်းတွင် ဂုဏ်ပြုပွဲအခမ်းအနားများကျင်းပကာ ယဉ်ကျေးမှု ဖလှယ်မှုများ နီးကပ်အောင်၊ ပြည်သူ့ချစ်ကြည်ရေးအခြေခံအုတ်မြစ်ကို ခိုင်မာအားကောင်းအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဦးသန်းဆွေက မြန်မာ-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေးသမိုင်းသည် ရှည်လျားရာ နက်ရှိုင်းသည့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး တည်ရှိကြောင်း၊ လာမည့်နှစ်တွင် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်သည့် ၇၅ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားများကို နှစ်နိုင်ငံအတူ ကျင်းပမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့်ဆက်ဆံရေးကို အထူးအလေးထားကြောင်း၊ တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ခိုင်မာစွာ လက်ကိုင်ထားကြောင်း၊ ရပ်ဝန်းနှင့်ပိုးလမ်းမ အဆိုပြုချက်၊ ကမ္ဘာလုံးဆိုင်ရာ အဆိုပြုချက်ကြီး (၃) ရပ်နှင့် လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း အတွေးအခေါ်ကို ထောက်ခံပါကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ အလွှာအသီးသီးတွင် နီးကပ်သည့် ဆက်ဆံရေးထားရှိသွားလိုကြောင်း၊ စီးပွားရေးစင်္ကြံမူဘောင်အောက်မှ စီမံကိန်းကြီးများ တည်ဆောက်ရေးကို အရှိန်မြှင့်တင်ရန်၊ လယ်ယာစိုက်ပျိုးရေး၊ စွမ်းအင်၊ ခရီးသွား စသည့်ကဏ္ဍများ၌ နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားရန်၊ မြန်မာ-တရုတ် အေးအတူ ပူအမျှ အသိုက်အဝန်း ပိုမိုများပြားသော အကျိုးရလဒ်များ ရရှိရေး တွန်းအားပေးပြီး မြန်မာပြည်သူများ၏ အကျိုးကို ဖော်ဆောင်သွားလိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအတွင်းရှိ တရုတ်နိုင်ငံစီမံကိန်းများ၊ လူပုဂ္ဂိုလ်များ၏ လုံခြုံရေးကို အလေးထား ကာကွယ်ထိန်းသိမ်းသွားမည် ဖြစ်သလို မြန်မာ-တရုတ် နယ်စပ် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို လက်တွေ့ ကာကွယ်ထိန်းသိမ်းသွားမည် ဖြစ်ပြီး နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို တရုတ်နိုင်ငံနှင့်အတူ တိုက်ဖျက်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

နှစ်ဖက်အနေဖြင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြရာ (၄) ကြိမ်မြောက် ခေါင်းဆောင်များ အစည်းအဝေးတွင် ရရှိခဲ့သော အရေးကြီးသည့် သဘောတူညီမှုကို အကောင်အထည်ဖော်ရန်၊ လန်ချန်း-မဲခေါင် နိုင်ငံများ၏ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး ပန်းတိုင်ကို အခိုင်အမာထားရှိရန်၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေး၍ အောင်မြင်မှုရလဒ်များ ပိုမိုရရှိအောင် ဆောင်ရွက်ရန်၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတွင်းပေါင်းစည်းရေးကို ပူးတွဲမြှင့်တင်ရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် မြန်မာနိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေတို့ ၂၀၂၄ ခုနှစ် ဩဂုတ် ၁၄ ရက်က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

………………………..
(Chinese Version)
王毅同缅甸副总理兼外长丹穗举行会谈
2024-08-14 23:16:36 分类:政治法律
新华社内比都8月14日电(记者张东强 黎广滔)当地时间2024年8月14日,中共中央政治局委员、外交部长王毅在内比都同缅甸副总理兼外长丹穗举行会谈。   王毅说,70多年来,无论国际风云如何变幻,中缅始终秉持共同倡导的和平共处五项原则精神,树立了大小国家平等相待、守望相助的典范。中方愿同缅方一道,继承弘扬胞波情谊,继续相互支持、相互帮助,共同推动中缅命运共同体建设不断向前发展。
王毅表示,当今世界变乱交织,中国的发展是世界和平力量的增长、稳定因素的增强。中国共产党二十届三中全会不久前胜利召开,明确中国将进一步全面深化改革,构建高水平社会主义市场经济体制,推进高质量发展和高水平对外开放,这将为中缅合作提供新契机、新动力。我们愿同缅方深化共建“一带一路”合作,落实好三大全球倡议,推动中缅命运共同体建设稳步向前迈进。双方要保持高层交往,增进政治互信;积极稳妥推进经济走廊建设,确保油气管道安全顺利运营;加强安全合作,共同打击跨境犯罪活动;加快农业等领域合作,助力缅甸改善民生。以庆祝明年建交75周年为契机,开展系列庆祝活动,密切人文交流,巩固友好民意基础。
丹穗表示,缅中关系源远流长,有着深厚的胞波情谊,明年两国将共同庆祝建交75周年。缅方高度重视对华关系,坚持一个中国原则,支持“一带一路”倡议、三大全球倡议和人类命运共同体理念。愿同中方密切各层级交往,加快经济走廊框架下大项目建设,深化农业、能源、旅游等领域合作,推动缅中命运共同体取得更多成果,造福缅甸人民。缅方将全力维护中国在缅项目人员的安全,切实维护缅中边境安全稳定,同中方共同打击跨国犯罪。
双方就澜湄合作交换了意见,一致同意落实好第四次领导人会议重要共识,锚定构建澜湄国家命运共同体目标,推动澜湄合作取得更多丰硕成果,共同促进稳定发展和区域一体化。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.