Connect with us

Africa & Middle East

ပါကစ္စတန်နိုင်ငံက Shaheen-II ပဲ့ထိန်းဒုံးကျည်တစ်စင်း အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်

အစ္စလာမ်မာဘတ်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံသည် ” Shaheen-II ” မြေပြင်မှ မြေပြင်ပစ် ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ဩဂုတ် ၂၀ ရက်တွင် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း ပါကစ္စတန်နိုင်ငံ ISI သတင်းဗျူရိုက အဆိုပါနေ့ ထုတ်ပြန်ကြေညာချက်တွင် ပြောကြားခဲ့သည်။
ယခုအကြိမ် စမ်းသပ်ပစ်လွှတ်မှုသည် တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရန်၊ အမျိုးမျိုးသော နည်းပညာဆိုင်ရာ သတ်မှတ်ချက်များကို စစ်ဆေးရန်နှင့် မတူညီသော စနစ်ခွဲများ၏ စွမ်းဆောင်ရည်ကို အကဲဖြတ်ရန်၊ လက်နက်၏ တိကျမှုနှင့် ရှင်သန်နိုင်စွမ်းကို မြှင့်တင်ရန် ရည်ရွယ်ကြောင်း ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ ပါကစ္စတန်စစ်တပ်၏ မဟာဗျူဟာစီမံကိန်းရေးဆွဲရေးဌာန၊ ကြည်းတပ်မဟာဗျူဟာတပ်ဖွဲ့ ဌာနချုပ်မှ အကြီးတန်းအရာရှိများ၊ သက်ဆိုင်ရာ သိပ္ပံပညာရှင်များနှင့် အင်ဂျင်နီယာများက ပစ်လွှတ်သည့်နေရာ၌ ယခုတစ်ကြိမ် စမ်းသပ်ပစ်လွှတ်မှုကို သက်သေပြုခဲ့သည်။ ယခုအကြိမ် စမ်းသပ်ပစ်လွှတ်မှုသည် “အောင်မြင်မှု၏ သမိုင်းမှတ်တိုင်” ဖြစ်သည်ဟု မဟာဗျူဟာစီမံကိန်းရေးဆွဲရေးဌာန တာဝန်ရှိသူက ပြောကြားခဲ့သည်။
ယခုအကြိမ် စမ်းသပ်ပစ်လွှတ်သည့် ဒုံးကျည်ကျရောက်သောနေရာနှင့် တိကျသော ပစ်လွှတ်သည့်နေရာကို ကြေညာချက်တွင် ထုတ်ဖော်ပြောကြားခြင်းမရှိပေ။

Shaheen-II ပဲ့ထိန်းဒုံးကျည်သည် နျူကလီးယားဒုံးကျည်ထိပ်ဖူးနှင့် ရိုးရိုးဒုံးကျည်ထိပ်ဖူးကို သယ်ဆောင်နိုင်စွမ်းရှိသလို ပစ်လွှတ်မှုအကွာအဝေးမှာ ၁၅၀၀ ကီလိုမီတာရှိပြီး ယင်းဒေသတွင်းတွင် အဟန့်အတားဖြစ်စေမည့် ပါကစ္စတန်၏ မဟာဗျူဟာလိုအပ်ချက်များကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်သည့် ဒုံးကျည်တစ်မျိုးဖြစ်ကြောင်း ပါကစ္စတန်စစ်တပ်က ယခင်ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ သိရသည်။ ပါကစ္စတန်စစ်တပ်သည် Shaheen-II ပဲ့ထိန်းဒုံးကျည်ကို ၂၀၁၉ ခုနှစ် မေလတွင် အောင်မြင်စွာ စမ်းသပ်ပစ်ခတ်နိုင်ခဲ့ဖူးပြီး ထိုအချိန်က ဒုံးကျည်ကျရောက်သောနေရာမှာ အာရေဗျပင်လယ်ရေပြင်ဖြစ်ကြောင်း သိရသည်။ (Xinhua)
……………………
(Chinese Version)
巴基斯坦成功试射一枚“沙欣-2”弹道导弹
新华社伊斯兰堡8月20日电(记者蒋超)巴基斯坦三军新闻局20日发表声明说,巴基斯坦当天成功试射一枚“沙欣-2”地对地弹道导弹。
声明说,此次试射旨在训练部队、验证各项技术参数,并对不同子系统性能进行评估,以提高武器的准确性和生存能力。巴军方战略策划处、陆军战略部队司令部高级军官、有关科学家与工程师等在现场见证了此次试射。战略策划处负责人表示,此次试射是“里程碑式的成就”。
声明未透露此次试射导弹的弹着点和具体发射位置。
据巴军方此前公布的信息,“沙欣-2”弹道导弹是一种具有携带核弹头和常规弹头能力、射程达1500公里的导弹,可完全满足巴在本地区维持威慑的战略需求。巴基斯坦军方曾于2019年5月成功试射“沙欣-2”弹道导弹,当时的弹着点位于阿拉伯海海域。(完)