ပြုံးယမ်း ၊ ဇန်နဝါရီ ၁၈ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ(DPRK) က ထုတ်လုပ်နေသည့် လက်နက်စနစ်၏ တိကျမှုကို အတည်ပြုရန် ဇန်နဝါရီ ၁၇ ရက်တွင် နည်းဗျူဟာမြောက် ပစ်မှတ်လမ်းညွှန်စနစ်တပ်ဆင်ထားသည့် ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း နိုင်ငံပိုင် KCNA ဌာနက ယနေ့ ထုတ်လွှင့်ခဲ့သည်။
ပြုံးယမ်း ၊ စက်တင်ဘာ ၁၆ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ(DPRK)က ကီလိုမီတာ ၈၀၀ ဝေးသော ပစ်မှတ်နေရာကို တိုက်ခိုက်ရန် ရည်ရွယ်ချက်ဖြင့် စက်တင်ဘာ ၁၅ ရက်တွင် ရထားပေါ်မှ ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက စက်တင်ဘာ ၁၆ ရက်တွင် ဖော်ပြခဲ့သည်။