Connect with us

Africa & Middle East

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးစစ်တပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူပေါင်း ၂၉ ဦး သေဆုံး

ဂါဇာကမ်းမြောင်ဒေသ အလယ်ပိုင်း Nuseirat ဒုက္ခသည်စခန်းတွင် လူအများက အစ္စရေးစစ်တပ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အဦများအား ကြည့်ရှုနေသည်ကို ၂၀၂၄ ခုနှစ် ဩဂုတ် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသနေရာအများအပြားကို အစ္စရေးစစ်တပ်က ဩဂုတ် ၃၁ ရက်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပါလက်စတိုင်း ၂၉ ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းသတင်းအေဂျင်စီ၏ ယင်းနေ့ သတင်းဖော်ပြချက်များအရ သိရသည်။

ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းတွင် အစ္စရေးစစ်တပ်က ဂါဇာမြို့ တောင်ပိုင်းရှိ Sabra ၊ အရှေ့တောင်ပိုင်းရှိ Zaytoun ရပ်ကွက်နှင့် Jabalia ဒုက္ခသည်စခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စုစုပေါင်း ၇ ဦး သေဆုံးခဲ့ကြောင်း သတင်းတွင် ဖော်ပြခဲ့သည်။ ဂါဇာကမ်းမြောင် အလယ်ပိုင်းတွင် အစ္စရေးစစ်တပ်က Nuseirat ဒုက္ခသည်စခန်းရှိ နေအိမ်အများအပြားကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူပေါင်း ၁၇ ဦး သေဆုံးခဲ့ကြောင်း၊ ဂါဇာကမ်းမြောင်တောင်ပိုင်း Khan Yunisတွင် နေအိမ်တစ်လုံးဗုံးကြဲတိုက်ခိုက်ခံရခြင်းကြောင့် လူ ၅ ဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

————————-
新华简讯|以军轰炸加沙地带多地造成29人死亡
新华社加沙8月31日电 据巴勒斯坦通讯社8月31日报道,以色列军队当天轰炸加沙地带多地,造成29名巴勒斯坦人死亡。
报道说,在加沙地带北部,以军轰炸了加沙城南部的萨卜拉社区和东南部的宰通社区,以及杰巴利耶难民营,共造成7人死亡。在加沙地带中部,以军轰炸了努赛赖特难民营多处房屋,共导致17人丧生。在加沙地带南部,以军轰炸了汗尤尼斯一栋房屋,造成5人死亡、15人受伤。(完)
1. 8月31日,在加沙地带中部努赛赖特难民营,人们查看以军轰炸后的建筑废墟。